Homeသတင်းဒုတိယပင်လုံညီလာခံ ကျင်းပမည်ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ပြော

ဒုတိယပင်လုံညီလာခံ ကျင်းပမည်ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ပြော

-

နိုင်ထွန်းသိန်း

ကျလွန်းထော – ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းပြီး ဒုတိယပင်လုံညီလာခံကို ကျင်းပကာ ဖက်ဒရယ်ပြည်ထောင်စုကို အသက်သွင်းသွားမည်ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) ဥက္ကဌ နိုင်ထွန်းသိန်း က ဒေါ်အောင်ဆန်းစုကြည်နှင့် ပြောကြားထားသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေးဗဟိုကော်မတီ အစည်းအဝေးပွဲတွင် နိုင်ထွန်းသိန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြောကြားခဲ့သည်ကို ဖြစ်မြောက်ရေးကော်မတီမှ နာယက နိုင်တင်အောင်က ပြန်လည်ပြောပြခြင်းဖြစ်ကြောင်း မုဒုံမြို့မှ အစည်းအဝေးတက်ရောက်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

၄င်းရက်နေ့တွင်ပင် တိုင်းရင်းသားခေါင်းဆောင်များက ဒုတိယပင်လုံညီလာခံကို ကျင်းပရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့အဖွဲ့ချုပ်ရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၄င်းခေါင်းဆောင်များထဲတွင် မွန်အမျိုးသားဒီမိုကရေစီပါတီမှ ဥက္ကဌနိုင်ထွန်းသိန်းနှင့် ဒုဥက္ကဌ နိုင်ငွေသိမ်းတို့လည်း တက်ရောက်ခဲ့သည်ဟု နီးစပ်သူတစ်ဦးမှ သိရသည်။

“တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းသွားမယ်လို့ အစည်းအဝေးမှာ ပြောကြားသွားတယ်” ဟု အထက်ပါ မွန်အမျိုးသား နေ့အစည်းအဝေးတက်ခဲ့သည့်အမျိုးသမီးက ပြောသည်။

ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးအတွက် “ကလေးမြို့ ကြေညာစာတမ်း” ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဝါရင့်နိုင်ငံရေးခေါင်းဆောင်များအပြင် မွန်အမျိုးသားဒီမိုကရေစီပါတီမှ ဥက္ကဌ နိုင်ထွန်းသိန်းနှင့် ဒုဥက္ကဌ နိုင်ငွေသိမ်းတို့လည်း သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် တိုင်းရင်းသားများအနည်းတူ မွန်ပြည်သစ်ပါတီ (NMSP) မှလည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟု သိရသည်။

မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေးဗဟိုကော်မတီ အစည်းအဝေးပွဲကို မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံတွင် ကျင်းပခဲ့ပြီး မွန်ပြည်နယ်ရှိ မြို့နယ် ၈ မြို့နယ်မှ အဖွဲ့ဝင် ၁၀၀ နီးပါးတက်ရောက်ခဲ့သည်ဟု သိရသည်။ အဖွဲ့ဝင် ၃၀ ဦးပါဝင်သည့် မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေးဗဟိုကော်မတီဝင်ကို ၄င်းနေ့မှာပင် ဖွဲ့စည်းပြီးစီးခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts