Homeသတင်းကေအန်ယူနှင့် စစ်အစိုးရတပ် ထပ်မံတိုက်ပွဲဖြစ်

ကေအန်ယူနှင့် စစ်အစိုးရတပ် ထပ်မံတိုက်ပွဲဖြစ်

-

တလလဝ႘ –  ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် ကျောက်ကွဲကျေးရွာမှာ ယမန်နေ့နံနက်ပိုင်းမှာ စစ်အစိုးရတပ်နှင့် ကေအန်ယူတို့ တိုက်ပွဲ အချိန်တော်ကြာ ဖြစ်ပွားခဲ့သည်။

ကေအန်ယူ တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၆) မှ တပ်အင်အား ၄၅ လောက်နှင့် အရှေ့တောင်တိုင်းမှ (ခမရ) ၂၈၄ နှင့် ( ခမရ ) ၂၀၇ တပ်ရင်းတို့မှ အင်အား ၂၀၀ နီးပါးတို့က ဖြစ်ပွားသည်။

“စစ်အစိုးရတပ်ဘက်က သေတာရော ဒဏ်ရာရတာရော အယောက် ၂၀ လောက်ရှိမယ်၊ ဒါပေမဲ့ ဘယ်နှယောက် သေတာလည်းဆိုတာတော့ အတိအကျမသိရသေးဘူး” ဟု ကေအန်ယူနှင့် နီစပ်သူတစ်ဦးက ပြောသည်။

စစ်အစိုးတပ်များ ဘုရားသုံးဆူသို့ တက်လာရာ လမ်းကြောင်းမှာ ယခုကဲ့သို့ တိုက်ခိုက်ခံရကြောင်း သိရသည်။
ကမ်းရိုတန်းတိုင်းစစ်ဌာနချုပ် ဗျူဟာမှူးအမှတ် (၁) ဗိုလ်မှူးကြီး ခင်မောင်ထွန်း ဦးစီးသည့် တပ်ရင်း ခလရ (၁၀၆) နှင့် ခမရ (၅၈၈) တို့ကိုလည်း ကေအန်ယူတပ်တို့မှ တဒိန်ရွာနှင့် ၂ ကီလိုအကွာမှာ ပြောက်ကျားဖြင့် တိုက်ခိုက်ခဲ့သေးကြောင်း ၄င်းက ဆက်ပြော သည်။

တိုက်ပွဲအရှိန်ကြောင့် ကျောက်ကွဲရွာသားအပြင် မယ်တဘွီးရွာ၊ ပလုံးရွာ၊ ကျွန်ချောင်းရွာနှင့် အနီးအနားတဝိုက်ရှိဒေသခံတွေက ထိန့်လန့်နေကြကာ အနီးရှိ ဘုရားသုံးဆူ၊ ပလဒွန်ဖိုက်ကျေးရွာ၊ ထီဝါဒို့၊ ခလောက်ခနီကျေးရွာတွေဆီ တိမ်းရှောင်းနေကြသည်။

ဘုရားသုံးမြို့သို့ ချီတက်လာသည့် စစ်အစိုးရတပ်တို့သည် မြို့ပေါ်ရှိ တပ်ရင်းများနှင့် ပူပေါင်းပြီး ကေအန်ယူနှင့် ဒီကေဘီအေတပ်တို့အား အပြတ်ချေမှုန်းရန် ချီတက်လာကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts