spot_img
Thursday, November 20, 2025
More
    spot_img
    Homeသတင်းရန်ကုန်တွင် လုံခြုံရေး တင်းကျပ်

    ရန်ကုန်တွင် လုံခြုံရေး တင်းကျပ်

    -

    ခတ္တာနန်း – ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၏ အချက်အချာကြသည့် နေရာများတွင် လုံခြုံရေးကို ယခင်ကထက် တင်းကျပ်ထားပြီး စစ်ဆေးမှုများ ပိုမိုပြုလုပ်လာကြောင်း မြို့ခံများက ပြောသည်။

    ရန်ကုန်မြိ့ု၏ အဓိကကျသည့် နေရာများ ဖြစ်သော ပန်းဆိုးတန်း၊ လသာ နှင့် လုံဆုံလမ်းခွများတွင် အဓိက ချထားကြောင်း သိရသည်။

    မနက်ဖြန် နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ မလွတ်မြောက်ပါက ပြည်သူများ ရုတ်ရင်းဆန်ခတ်မှု ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပြီး လုံခြုံရေး ချထားခြင်း ဖြစ်နိုင်ကြောင်း မြို့ခံများက ပြောသည်။

    “ ဒီလိုချထားတော့ လူထုတွေအတွက် စိတ်အနှောက်အယှက် ဖြစ်ရတယ်” ဟု ရန်ကုန်မြိ့ုခံတစ်ဦးက ပြောသည်။
    လုံခြုံရေးယူထားသည့် အဖွဲ့များတွင် လုံထိန်းများ၊ ရဲများ၊ ရယက များ၊ မီးသတ်များ နှင့် ထောင့်လှမ်းရေးများ ပါဝင်ကြသည်။

    “သူတို့တွေအားလုံးဟာ အသင့်အနေအထားမှာ ရှိနေတယ်၊ တစ်ခုခုဆိုရင် သူတို့က အဆင်သင့်ပဲ၊ နောက်ပြီး အခု အန်အယ်ဒီရုံးနားမှာလည်း လုံထိန်းတွေကို တွေ့ရတယ်” ဟု တောင်ဥက္ကလာပမြိ့ုနယ်တွင် တစ်သီးပုဂ္ဂလ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကောင်းမြင့်ထွဋ်က ပြောသည်။

    ညပိုင်းတွင်လည်း ၄င်းစစ်ဆေးရေးအဖွဲ့များသည် သံဆူးကြိုးတပ် လမ်းကာများ ချထားပြီး လမ်းသွားလမ်းလာများ၏ အိတ်စသည်တို့ကို စစ်ဆေးကြကြောင်း သူက ဆက်ပြောသည်။

    “ပုံမှန်ဆိုရင် စစ်လေ့ မရှိဘူး၊ အခု ကျနော်လည်း အစစ်ခံရတယ်၊ ကာမောင်းတဲ့ လူနာမည်တွေ ဘာတွေ စစ်တယ်၊ အချက်ပြ မီးပွိုင့်တွေမှာ စစ်တာ” ဟု ကိုယ်တိုင်အစစ်ခံရသည့် ရန်ကုန်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

    ထို့အတူ မွန်ပြည်နယ် မော်လမြိုင်မြိ့ုတွင်လည်း နိုဝင်ဘာလ (၉) ရက်နေ့မှ စ၍ အာဏာပိုင် အဖွဲ့အစည်းများက စစ်ဆေးရေး တင်းကျပ် ပြုလုပ်နေကြကြောင်း၊ စစ်အစိုးရတပ်နှင့် ဒီကေဘီအေတပ်ဖွဲ့အကြား နယ်စပ်ဒေသ၌ ဖြစ်ပွားသော တိုက်ပွဲကြောင့် စစ်ဆေးခြင်း ဖြစ်ကြောင်း၊ ညပိုင်းသွားလာသူများကို တွေ့ရှိပါက ဒီကေဘီအေ တပ်ဖွဲ့ဝင် ဟုတ်မဟုတ် လက်နက်ပါမပါကို စစ်ဆေးမေးမြန်းကြကြောင်း မြို့ခံတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,000SubscribersSubscribe
    spot_img

    Latest posts