Saturday, March 14, 2026
More
    spot_img
    Homeသတင်းအာဏာပိုင်တို့က စစ်ဆေးရေးတင်းကြပ်

    အာဏာပိုင်တို့က စစ်ဆေးရေးတင်းကြပ်

    -

    ဂျူရီချိုင်း – ရွေးကောက်ပွဲပြီး နိုဝင်ဘာလ (၈) ရက်နေ့ အရေးပေါ်အခြေအနေကြေညာပြီး မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် သံဖြူဇရပ်မြို့တွင် နိုဝင်ဘာလ (၉) ရက်နေ့မှစ၍ အာဏာပိုင်အဖွဲ့အစည်းတို့က စစ်ဆေးရေးတင်းကျပ်ပြုလုပ်နေကြကြောင်း ဒေသခံတို့က ပြောသည်။

    ထိုစစ်ဆေးမှုများသည် မြန်မာစစ်အစိုးရနှင့် ဒီကေဘီအေတပ်ဖွဲ့တို့အကြား နယ်စပ်ဒေသ၌ တိုက်ပွဲဖြစ်ပွားနေသည့် ကိစ္စများနှင့်လည်းဖြစ်နိုင်ကြောင်း ၎င်းမြို့တွင်

    ညပိုင်းသွားလာနေသူများတွေ့ရှိပါက ဒီကေဘီအေ အဖွဲ့ဝင်ဟုတ်မဟုတ် လက်နက်ပါမပါကို လုံခြုံရေးတပ်ဖွဲ့များအနေနှင့် စစ်ဆေးမေးမြန်းနေကြောင်း မော်လမြိုင် မြို့ခံတစ်ဦးက ပြောသည်။

    ည (၉) နာရီနောက်ပိုင်းတွင် လမ်းဆုံလမ်းခွနေရာမှာ စတင်စစ်ဆေး ပြုလုပ်နေကြောင်း သိရသည်။

    “အခု မြို့ထဲမှာ အတော့်ကိုစစ်ဆေးနေတယ်၊ ဒီကေဘီအေအဖွဲ့ဝင်တွေကိုလည်း လိုက်ဖမ်းတယ်လို့ ကြားနေရတယ်၊ လုံခြုံရေးကိုတော့ နေ့ရာညပါ တင်းထားတယ်” ဟု ၎င်းက ပြောသည်။

    အဆိုပါ စစ်ဆေးရေးတွင် ရဲများ၊ ပြည်သူ့စစ်များပါဝင်ပြီး အထူးသဖြင့် စစ်အစိုးရအဖွဲ့အစည်းမှ အဓိကထား၍ စောင့်နေကြကြောင်း မသင်္ကကာသူများတွေ့ရှိပါက ခေါ်ယူမေးမြန်းပြီ အသေ အချာစစ်ဆေးပြီးမှ သွားခွင့်ပြုသည်ဟု ၎င်းက ဆက်ပြောသည်။

    ထို့နည်းတူ သံဖြူဇရပ်မြို့တွင်လည်း အာဏာပိုင်အဖွဲ့အစည်းက စစ်ဆေးမှုများ ပြုလုပ်နေသည်၊ မြို့သူ/သားများ ညပိုင်းတွင်သွားလာမှုမပြုရဲကြဘဲ တစ်မြို့လုံးကြောက်နေကြကြောင်း၊ ၎င်းစစ်ဆေး ရေးပြုလုပ်ခြင်းသည် ပြင်ပလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုခုမှ ဖောက်ခွဲရေးသမားများ မြို့တွင်း သို့ ဝင်ရောက်ဖောက်ခွဲနိုင်သည့်အတွက် စစ်ဆေးမှုများပြုလုပ်နေသည်ဟု အာဏာပိုင်နှင့် နီးစပ်သူ မြို့ခံတစ်ဦးက ပြောသည်။

    နိုဝင်ဘာလ (၇) ရက်နေ့မှာ စစ်အစိုးရ ရွေးကောက်ပွဲကျင်းပပေးပြီ ရွေးကောက်နေ့တွင် ဒီကေဘီအေနှင့် မြန်မာစစ်အစိုးရတို့အကြား နယ်စပ်ဒေသတွင် တိုက်ပွဲဲဖြစ်ပွားကာ တိုက်ပွဲကြောင့် ပြည်သူလူထုများ၏ ခရီးသွားလာမှုများကို အဟန့်အတားဖြစ်စေသည်။

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့်နှင့် မြဝတီမြို့ နအဖနှင့် ဒီကေဘီအေတိုက်ပွဲအကြား သောင်းနှင့်ချီသော စစ်ပြေးဒုက္ခသည်များ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနေရသည်။

    ဒီကေဘီအေတပ်ဖွဲ့များသည် ယခင်က သံဖြူဇရပ်မြို့နှင့် မော်လမြိုင်မြို့တွင် အခြေချခဲ့ဖူးပြီး ဆက်ဆံရေးရုံးနှင့် စီးပွားရေးရုံးထားရှိခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks