spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမပြီးသေးသည့် မြဝတီတိုက်ပွဲကြောင့် စစ်ပြေများ နေရပ်မှ ဆက်လက်ထွက်ခွာဆဲ

    မပြီးသေးသည့် မြဝတီတိုက်ပွဲကြောင့် စစ်ပြေများ နေရပ်မှ ဆက်လက်ထွက်ခွာဆဲ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ– မြဝတီမြို့အတွင်း ယနေ့အထိ ဆက်လက်ဖြစ်ပွားနေသောတိုက်ပွဲကြောင့် စစ်ပြေများ ထိုင်ဘက်ကမ်းသို့ ဆက်လက်ထွက်ခွာနေကြပြီး အခြေအနေမတည်ငြိမ်သေးကြောင်း သိရသည်။

    ယနေ့မနက်အတွင်း ဒီကေဘီအေမှ လက်နက်ကြီး (၃) ချက် ပစ်ခတ်လိုက်ပြီးနောက် ၁၀ နာရီဝန်းကျင်တွင် စစ်စိုးရဘက်မှလည်း လက်နက်ကြီး (၄) ချက် ပြန်လည်ပစ်လိုက်ကြောင်း သိရသည်။

    ထိုပစ်ခတ်မှုကြောင့် ဗိုလ်မှူးကြီး နူတ်ခမ်းမွေး တပ်အခြေချရာ ဝေါလီကျေးရွာ၊ ပါလူရွာနှင့် အခြာရွာသားများ ကြောင့်လန့်သဖြင့် ရွာသားပေါင်း ၄၀၀ ကျော် ထိုင်းဘက်ကမ်းသို့ ကူးမည်ဖြစ်ကြောင်းသိရသည်။

    “ထွက်ပြေးတဲ့ ဒုက္ခသည်တွေတော့ ထပ်ရောက်နေတယ် တဖြည်းဖြည်းနဲ့ပိုလာတယ် မနေ့ကတော့ ၂ သောင်းနီးပါးလောက်ရှိတယ်” ဟု စစ်ပြေးများအာ ကိုယ်တိုင် အကူအညီပေးနေသူတစ်ဦးက ပြောသည်။

    ထွက်ပြေးလာသူများကို NGOs အဖွဲ့များ၊ နိုင်ငံတကာ ကူညီစောင့်ရှောက်ရေး အဖွဲ့များ၊ သူဌေးများနှင့် ကျောင်းဆရာ/မများ၊ အမျိုးသမီး ကယ်ဆယ်ရေးအဖွဲ့များအပြင် အခြားသော အဖွဲ့အစည်းများက အစားအသောက်နှင့် အဝတ်အစားများလည်း ထောက်ပံ့နေကြောင်း အကူအညီပေးသူက ပြောပါသည်။

    ၄င်းက “ ဒီလူတွေ လောလောဆယ်ဆယ်တော့ ပြန်လို့ဖြစ်မှာမဟုတ်သေးဘူး၊ ဟိုဘက်မှာက သိပ်မတည်ငြိမ်ဘူးဖြစ်နေတယ် ဒီမှာ ၇ ရက်လောက်တော့ အနည်းဆုံးကြာလိမ့်မယ်”။

    မြန်မာဘက်ကမ်း မြဝတီမြို့ပေါ်တွင်လည်း လက်နက်ကြီးများကို အဆင့်သင့်နေရာ အနေအထားဖြင့် ပြင်ဆင်ထားကြောင်း တစ်မြို့လုံးမှာလည်း စစ်သားများဖြင့် ပြည့်နေကြောင်း၊ စစ်သားများလည်း အသင့်အနေအထားရှိကြောင်း ခရီးသွားရန်အတွက် မြဝတီသို့ ရောက်ရှိနေသည့် မျက်မြင်တစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks