spot_img
Thursday, January 22, 2026
More
    spot_img
    Homeသတင်းမဲကော်မရှင်မှ ကြိုတင်မဲ ပေးသူများ၏ မဲများကို ဖွင့်ဖတ်

    မဲကော်မရှင်မှ ကြိုတင်မဲ ပေးသူများ၏ မဲများကို ဖွင့်ဖတ်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မဲကော်မရှင်မှ ကြိုတင်မဲထည့်သူများ၏ မဲစာရင်းများကို ဖွင့်ဖတ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သို့ မဲမပေးသူများ၏ အခွင့်အလမ်းများကို တားဆီးနေကြောင်း သိရပါသည်။

    ပြည်ပသို့ ထွက်ခွာသွားရမည့်သူများ ကြိုတင်မဲပေးရာတွင် ၄င်းတို့၏ မဲပြားတွင် ကြံ့ခိုင်ရေးပါတီအား မဲမပေးသည့်အတွက် ၄င်း၏ခရီးစဉ် ဖျက်သိမ်းခံရသည်အထိ ကြုံခဲ့ရသည်ဟု ခရီးစဉ် ဖျက်သိမ်းခံရသူနှင့် နီးစပ်သော ရန်ကုန်မြို့ရှိ တက္ကသိုလ်တစ်ခုမှ ကထိကတစ်ဦးက ပြောသည်။

    “သူက ကြံ့ဖွံ့ပါတီကို မဲမပေးထားဘူးလေ။ အဲဒီတော့ သူ့ခရီးစဉ်ကို ဖျက်လိုက်တာ၊ တကယ်လို့ ကြံ့ဖွံ့ပါတီကို မဲမပေးဘူးဆိုရင် ဝန်ထမ်းတွေကိုလည်း အလုပ်ကနေ ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ ကြားရတယ်” ဟု သူမက ပြောသည်။

    ပြည်ပသို့ ပညာတော်သင် သွားသူများနှင့် ခရီးထွက်သူများသာမက နိုဝင်ဘာလ ၇ ရက်နေ့တွင် တာဝန်ယူရမည့် မဲရုံမှူးများ၊ ဒုမဲရုံမှူးများ၊ မဲစာရင်း စစ်ဆေးသူ၊ မဲလက်မှတ် ထုတ်ပေးသူနှင့် မဲရုံလုံခြုံရေး စသည့် မဲရုံအဖွဲ့ဝင်များ ယနေ့တွင် ကြိုတင်မဲပေးကြရသည်။

    မွန်ပြည်နယ်ရှိ ဆရာမတစ်ဦးကလည်း ၄င်းကျောင်းမှ ဆရာ/မ ၃၄ ဦးသာမက အခြားကျောင်းမှ ဆရာ/မ များသည်လည်း နိုဝင်ဘာလ ၇ ရက်နေ့တွင် မဲရုံ၌ တာဝန်ကျသည့်အတွက် ယနေ့တွင် ကြိုတင်မဲ ထည့်ခဲ့ရသည်ဟု ဆိုသည်။

    သို့သော် ယခုကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကြီးသည် နိုင်ငံသားအခွင့်အရေး (Fundamental Right of Citizen) ကို အပြည့်အဝနှင့် လွတ်လပ်စွာ ကျင့်သုံးနိုင်မည့် ရွေးကောက်ပွဲကြီး ဖြစ်သည်ဟု နိုင်ငံသူ နိုင်ငံသားများ သိမြင်နားလည်ကြသည်ဟု စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts