spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းသုံးဆူအာဏာပိုင်မှ ညလမ်းထွက်သူ ၅၀ ကျော် ဖမ်းဆီးထိန်းသိမ်း

    သုံးဆူအာဏာပိုင်မှ ညလမ်းထွက်သူ ၅၀ ကျော် ဖမ်းဆီးထိန်းသိမ်း

    -

    ဂျူရီချိုင်း၊ သူရိန် – ထိုင်းမြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် ယမန်နေ့ည ၉ နာရီကျော်တွင် သွားလာနေသူ ၅၀ ကျော် အာဏာပိုင်အဖွဲ့အစည်းတို့က ဖမ်းဆီးခေါ်ဆောင်ထိန်းသိမ်း စစ်ဆေးမေးမြန်းကြောင်း သိရသည်။

    ထိုင်းမြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် ည ၉ နာရီနောက်ပိုင်း မည်သူကိုမျှ အာဏာပိုင်အဖွဲ့အစည်းတို့က သွားလာခွင့်မပြုတော့ကြောင်း ဒေသခံများက ပြောသည်။

    အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံရသူများတွင် ခလေးများ၊ လူကြီးများနှင့် လူငယ်များပါရှိကြောင်း ၄င်းတို့သည် ည ၉ နာရီနောက်ပိုင်း သွားလာခြင်း ခွင့်မပြုသည်ကို မသိရှိခဲ့သဖြင့် ယခုလို ဖမ်းဆီးထိန်းသိမ်းခံရသည်ဟု အဖမ်းခံထားသူ တစ်ဦးက ပြောသည်။

    “ကျနော်တို့ကို ရိုက်နှက်တာတွေမလုပ်ဘူး နောက်ဆို ည ၉ နာရီနောက်ပိုင်း သွားလာခွင့်မပြုတော့ဘူးလို့ပဲ ပြောပါတယ်” ဟု အဖမ်းခံရသူက ပြောသည်။ ယမန်နေ့ညမှစ၍ ၉ နာရီနောက်ပိုင်း လမ်းသွားလမ်းလာသူများတွေ့ရှိပါက ၎င်းမြို့အတွင်းရှိ အာဏာပိုင်တို့က အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

    အဖမ်းခံရသူ ၅၀ ဦးကျော်ကို ည ၉ နာရီခွဲ အချိန်ခန့်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ရာ  မေးမြန်းစစ်ဆေးပြီးနောက် ၄င်းတို့ကို ည ၁၀ နာရီကျော်ခန့်တွင် ပြန်လွှတ်ပေးခဲ့သည်။

    ၉ နာရီနောက်ပိုင်း မြို့တွင်းသွားလာခွင့်မပြုသည်ကို အာဏာပိုင်အဖွဲ့အစည်းတို့က မြို့သူ/သားများသိအောင် တရားဝင်မကြေညာအသိပေးထားခြင်းမရှိဘဲ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် မြို့ပေါ်ရှိတိုင်းရင်းသားအဖွဲ့အစည်းများ၊ ၎င်းဖမ်းဆီးထိန်းသိမ်း ထားသည့်သူများကိုသာ ပြောကြားထားကြောင်း ၎င်းက ဆက်ပြောသည်။

    ရွေးကောက်ပွဲနှင့် နီးနေသည့်အတွက်ကြောင့် ယခုလို လုံခြုံရေးအနေနှင့် ပြုလုပ်သွားခြင်းဖြစ်နိုင်ကြောင်း ယခုတွင် တစ်မြို့လုံးရှိနေရာတော်တော်များများမှာ ကင်းစောင့်တပ်များချထားရှိပြီး ဖြတ်သွားလာနေသူများ မသင်္ကာသောသူများတွေ့ရှိပါက ခေါ်ယူစစ်ဆေးမေးမြန်းပြီးမှ သွားခွင့်ပြုကြောင်း သုံးဆူမြို့မှ အင်ဖော်မာတစ်ဦးက ပြောသည်။

    “သူတို့မဲရုံကို အပြင်ကအနှောက်ယှက်ပေးမှာကြောက်လို့ဆိုပြီး အခုလို ပိတ်လိုက်တာ” ဟု အင်ဖော်မာက ပြောသည်။ ထိုနောက် မြို့တွင်း မဲရုံထားရှိမည့်နေရာအနီးအနားတစ်ဝိုက်တွင် လုံခြုံရေးအတင်းအကျပ် ပိုမိုချရှိထားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

    မွန်ပြည်သစ်ပါတီအဖွဲ့ဝင်တစ်ဦးက အာဏာပိုင်တို့မှ လုံခြုံရေးတင်းကပ်ရုံသာမက သုံးဆူမြို့အထွက်ရှိ ပြည်သူ့စစ်ဂိတ်တွင်လည်း ခရီးသွားများကို တင်းကြပ်စွာ စစ်ဆေးနေသည်။

    ထိုနည်းတူ သုံးဆူမြို့တွင် ရွေးကောက်ပွဲကြောင့် လာမည့်နိုဝင်ဘာလ ၁ ရက်နေ့မှ စ၍ စက်ရုံ၊ အလုပ်ရုံများအားလုံး ပိတ်သွားမည်ဖြစ်ကြောင်း အာဏာပိုင်နှင့် နီးစပ်သောသူတစ်ဦးက ပြောသည်။

    မြန်မာတစ်နိုင်ငံလုံးရှိ စက်ရုံများလည်းပိတ်သွားနိုင်မည့်အလားလာ ရှိမည်ဟု ကြားနေရကြောင်း အထက်အာဏာပိုင်မှတဆင့် ပြောကြားပြီး ယခုလို ပိတ်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks