Monday, March 16, 2026
More
    spot_img
    Homeသတင်းမဲရုံကို ရွေးကောက်ပွဲမတိုင်ခင် သုံးရက်အလိုမှာ အပြီးပြင်ဆင်ရ

    မဲရုံကို ရွေးကောက်ပွဲမတိုင်ခင် သုံးရက်အလိုမှာ အပြီးပြင်ဆင်ရ

    -

    ခတ္တာနန်း– ရွေးကောက်ပွဲအတွက် မဲရုံများနှင့် လျှို့ဝှက်ဆန္ဒပြုခန်းများကို နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ ရွေးကောပွဲရက်မတိုင်ခင် ၃ ရက်အလိုမှာ အပြီးသတ် ပြင်ဆင်ရမည် ဖြစ်သည်။

    ရွေးကောက်ပွဲအတွက် မဲရုံသီးသန့်ဆောက်လုပ်မည်မဟုတ်ကြောင်း မဲရုံအများစုကို စာသင်းကျောင်း၊ ရယကရုံနှင့် ဌာနဆိုင်ရာရုံများကို မဲရုံအဖြစ်ပြုလုပ်သွားမည်ဖြစ်သည်။

    မဲရုံအတွက်လိုအပ်သော ဆိုင်းဘုတ်များ မဲပုံများအပြင် ပြည်သူများသိရန်အတွက် ကိုယ်စားလှယ်လောင်းအမည်များ (ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် တိုင်းဒေသကြီးလွှတ်တော်နှင့် တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်) အတွက် ဆိုင်ဘုတ်များ ရေးထားပြီးဖြစ်ကြောင်း ဘုရားသုံးဆူမြို့မှ မဲရုံမှူးတစ်ဦးက ပြောသည်။

    “မဲရုံကိုတော့ ရွေးကောက်ပွဲမတိုင်ခင် ၃ ရက်အလိုမှာ အပြီးသတ်ဖြစ်နေရပါမယ်၊ မဲရုံမှာကပ်ဖို့အတွက် ဆိုင်းဘုတ်တွေကိုလည်း ရေးထားပြီးပြီ၊ ကပ်ဖို့လောက်ပဲကျန်ပါတော့တယ်၊ အခု ကျနော်တို့ မဲကော်မရှင်အဖွဲ့ဝင် (၁၆) ဦးကိုတော့ တာဝန်တွေ ခွဲဝေးထားပြီးပါပြီ” ဟု မဲရုံမှူး ပြောသည်။

    မဲရုံအတွက် လိုအပ်ချက်များကို မဲရုံပြင်ဆင်ရေးကော်မရှင်က တာဝန်ယူ ဆောင်ရွက်ပေးရသည်။

    “ကျနော်တို့မှာတော့ မဲရုံမှူးကော်မရှင် ၁၂ ယောက်ရှိတယ်၊ မဲရုံပြင်ဆင်ရေးကော်မရှင်ကတော့ အယောက် ၂၀ လောက်ရှိတယ်၊ ရပ်ကွက်မှာ မဲထည့်နိုင်တဲ့လူဦးရေ ၁၅၀၀ လောက်ရှိလိမ့်မယ် တစ်ရက်ထဲနဲတော့ ပြီးအောင်လုပ်နိုင်မယ်” ဟု သံဖြူဇရပ်မြို့နယ်မှ မဲရုံမှူးတစ်ဦးက ပြောသည်။

    လျှို့ဝှက်မဲပေးခန်းကို အခန်း ၄ ခန်းလုပ်မည်ဖြစ်ကြောင်း ယမန်နေ့က အစမ်းလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး မဲရုံနေရာကို ပြင်ဆင်လျှက်ရှိကာ မဲရုံမှူးအတွက် လုပ်ငန်းလမ်းညွန်စာအုပ် မရရှိသေကြောင်း ၄င်းက ဆက်ပြောသည်။

    သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများ ကျင်းပရာတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတစ်ခု၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အရေအတွက် ၃၀၀ ပြည့်တိုင် မဲရုံတစ်ရုံ ဆောက်လုပ်သွားကြရန် ဖြစ်သည်ဟု မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွန်းတွင် ထုတ်ပြန်ထားသော်လည်း အများစုမှာတော့ အစိုရပိုင်ရုံများ၊ ကျောင်းများအတွင်းသာ မဲရုံအဖြစ်အသုံးပြုပြီး မဲရုံဆောက်လုပ်မှုမရှိကြောင်း မဲရုံမှူးတစ်ဦးက ပြောသည်။

    ရွေးကောက်ပွဲအတွက် မဲရုံမှူးများ မဲရုံတာဝန်ခံများကို အစိုးရဝန်ထမ်းများအား ခန့်ထားပြီး အများစုမှာ ဆရာ ဆရာမများဖြစ်ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲများမှာ ဌာနဆိုင်ရာဦးစီးမှူးများဖြစ်ကြောင်း၊ ပြည်သူလူထုအနည်းစုသာပါကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks