spot_img
Monday, October 13, 2025
More
    spot_img
    Homeသတင်းမွန်ပါတီအားကူညီသည့်ကျေးရွာဥက္ကဌကို စစ်တပ်မှ ရိုက်နှက်

    မွန်ပါတီအားကူညီသည့်ကျေးရွာဥက္ကဌကို စစ်တပ်မှ ရိုက်နှက်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စည်းရုံးရေးဝင်ပါဝင်ကူညီခဲ့သည့် ကျေးရွာဥက္ကဋ္ဌအား မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ် အာရုတောင်ကျေးရွာအနီး အခြေချထားသည့် ခလရ ၃၄၃ တပ်ရင်းမှ ညှင်းပမ်းနှိပ်စက် ရိုက်နှက်ခဲ့သည်။

    တပ်ရင်းမှ တပ်သား ပျောက်ဆုံးမှုအကြောင်းပြချက်ဖြင့် အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်းအချိန်မှာ အရုတောင်ဥက္ကဌကို စစ်တပ်မှ ခေါ်ဆောင်သွားပြီး ရိုက်နှက်ထားပေးကာ အပြင်းအထန် ဒဏ်ရာရရှိထားသည်ဟု အာရုတောင်ရွာခံတစ်ဦးက ပြောသည်။

    “သူတို့အကြောင်းပြတာက တပ်ရင်းက တပ်သားပျောက်သွားလို့တဲ့ ဒါပေမဲ့ ဘာဆိုင်လို့လဲ သူတို့တပ်သား ပျောက်တာက။ တရွာလုံးကတော့ မွန်ပါတီ စည်းရုံးရေးလာဆင်းသွားတာ ဥက္ကဌကပါ  ပါဝင်နေလို့ အခုလို လုပ်တာ” ဟု ၄င်း ရွာခံက ပြောသည်။

    ရေးမြိုနယ်ဘက်တွင် စည်းရုံးရေးခရီးဆင်းနေသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက အောက်တိုဘာလ ၁၈ ရက်နှေ့က အာရုတောင်ကျေးရွာမှာ လာရောက်စည်းရုံးရေးဆင်းသွားပြီး ထိုနေ့ညမှာပင် စစ်တပ်မှ ရွာဥက္ကဌကို ခေါ်ပြီး ရိုက်နှက်ထားသည်။

    “မွန်ပါတီက စည်းရုံးရေးလာဆင်းတော့ တစ်ရွာလုံးကလည်း ကြိုဆိုကြတယ်၊ ရွာဥက္ကဌကအစ ပါဝင်တယ်၊ ကူညီ လုပ်ဆောင်ပေးတယ်၊ အဲဒီညနေမှာပဲ စစ်တပ်က ဥက္ကဌကို လာခေါ်ပြီးတော့ ရိုက်နှက်ပေးထားတယ်ဆိုတော့ အဲဒီစည်းရုံးရေးကြောင့်ပဲပေါ့၊ ရိုက်ထားပေးတာက မနည်းဘူး၊ ထမင်းတောင်စားလို့မရဘူး” ဟု အရုတောင်ရွာခံက ပြောသည်။

    ကျေးရွာဥက္ကဌအနေနှင့် စည်းရုံးရေးဆင်းနေသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ပါဝင်ကူညီ လုပ်ဆောင်ပေးနေမှုအပေါ် မကျေနပ်တာဖြစ်နိုင်ကြောင်း နောက်ပြီး ဒေသခံတွေ မွန်ပါတီကို ထောက်ခံအားပေးနေမှုအပေါ် စစ်တပ်တို့အနေနဲ့ လူထုတွေကို ခြောက်လှန့်တာလဲဖြစ်နိုင်ကြောင်း သုံးသပ်သူတွေက ပြောဆိုနေကြသည်။

    ရေးမြို့နယ်ဘက်တွင် စည်းရုံးရေးဆင်းနေသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ဒေသခံမွန်ပြည်သူတို့၏ ထောက်ခံအားပေးမှု အပြည့်အဝရရှိနေကြောင်းလည်း သိရသည်။
    ရွေးကောက်ပွဲဝင်မည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနှင့် စည်းရုံးရေးခရီးစဉ်တစ်လျှောက်တွင် သက်ဆိုင်ရာ အာဏာပိုင်တို့မှ စောင့်ကြည့် နှောင့်ယှက်မှုမျိုး၊ စည်းရုံးရေးတွင် ပါဝင်သူများကို ခေါ်တွေ့ စစ်ဆေးမေးမြန်း ခြိမ်းခြောက်ခြင်းတွေလည်း ရှိနေသည်။

    မွန်တမျိုးသားလုံးကို ကိုယ်စားပြုသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အမတ်လောင်း ၃၄ နေရာအဖြစ် ပါဝင်ယှဉ်ပြိုင်မှာဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,400SubscribersSubscribe
    spot_img

    Latest posts