spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကြံ့ဖွံ့ကသာ စည်းရုံးမဲဆွယ်ခွင့် အပြည့်ရရှိထား

    ကြံ့ဖွံ့ကသာ စည်းရုံးမဲဆွယ်ခွင့် အပြည့်ရရှိထား

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ စစ်အစိုးရ၏ ကျောထောက်နောက်ခံပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ရေးပါတီတို့က တိုင်းရင်းသား နိုင်ငံရေးပါတီများ မဲဆွယ်ခွင့် တားဆီးခံထားရတဲ့ အချိန်မှာ ကြံ့ဖွံ့ပါတီကသာ စည်းရုံးခွင့် အပြည့်အဝရရှိထားသည်။

    “ဒီမုဒုံမြို့နယ်အတွင်းမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက စည်းရုံးခွင့်ရရှိဖို့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံမှာ စာအရင်တင်ရတယ်၊ စည်းရုံးလို့မရသေးဘူးလို့ပဲ ပြောလာတယ်၊ အဲဒီတော့ တိတ်တဆိတ်နဲ့ စည်းရုံးနေရတယ်၊ ဒီလို တိုင်းရင်းသားပါတီတွေ စည်းရုံးရေး အကန့်သတ်ခံနေရတဲ့အချိန်မှာ ကြံ့ဖွံ့ပါတီက လက်ဆောင်တွေ ပေးပြီးတော့ စည်းရုံးနေတယ်၊ ပေါ်ပေါ်ထင်ထင်ပါပဲ သူတို့ကျတော့ စည်းရုံးခွင့် အပြည့်အဝပဲ ရရှိထားတယ်၊ ကျနော်တို့ပါတီလိုကျတော့ စည်းရုံးလို့မရသေးဘူး၊ စည်းရုံးဖို့ အချိန်မရောက်သေးဘူးဆိုပြီး ပြောတယ်” ဟု မုဒုံမြို့နယ်အတွင်းရှိ စည်းရုံးရေးမှူးတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း ကျေးရွာတွေအတွင်း မွန်ပါတီမှ စည်းရုံးရေးဆင်းနေတာကို သက်ဆိုင်ရာ ကျေးရွာဥက္ကဌမှ စည်းရုံးရေးဆင်းသူများကို ခေါ်တွေ့မေးမြန်းပြီး စည်းရုံးရေး မလုပ်ဆောင်ဖို့ တားဆီးပိတ်ပင်မှုတွေလည်း ရှိနေသည်။

    ယခုလက်ရှိတွင် ကြံ့ဖွံ့ပါတီသည် ကျေးရွာအတွင်းရှိ အမာခံအဖွဲ့ဝင်အဖြစ် ကျေးရွာတစ်ရွာမှာ အဖွဲ့ဝင် ၆ ယောက် ခန့်အပ်ထားသူများမှတဆင့် ရွာခံများကို စည်းရုံးသည်။

    “အခုဆို ကျနော်တို့ရွာမှာ မိုးကုန်သွားလို့ လမ်းတွေ တံထားတွေ ပြင်ကြတယ်လေ၊ အဲဒါကို ရွာခံ ကြံ့ဖွံ့အဖွဲ့ဝင်တွေက လမ်းပြင်တာ ငွေလိုလား တံတားပြင်တာ ဘာလိုလဲ လိုရင်ပြောဆိုပြီးတော့ လာလာစည်းရုံးနေတယ်၊ နောက်ပြီးတော့ ရွာမှာ စာသင်ကျောင်းအသစ်ဆောက်ထားတာရှိတယ်၊ အဲဒါ အစိုးရကနေ ငွေ သိန်း ၆၀ ချပေးထားတာရှိတယ် အဲဒါကို ကြံ့ဖွံ့ကနေပဲ ပေးထားတယ်ဆိုပြီး ပြောတယ်” ဟု မုဒုံမြို့နယ် ဆက်သွယ်ရွာခံတစ်ဦးက ပြောသည်။

    ကြံ့ဖွံ့ပါတီ မဲဆွယ်စည်းရုံးရာတွင် လာမည့်ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ကသာ နိုင်မည်ဖြစ်ကြောင်း၊ မွန်ပြည်သူတွေရဲ့ လိုအပ်ချက်ကို ကြံ့ဖွံ့ကသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ယခုဆိုလျှင်လည်း ရပ်ရွာဖွံ့ဖြိုးမှုတွေကို လုပ်ဆောင်ပေးနေပြီးဖြစ်ကြောင်း မွန်ပြည်သူတွေကို စည်းရုံးသိမ်းသွင်း နေကြောင်းကို ၄င်းမုဒုံဒေသခံက ပြောသည်။

    ကြံ့ဖွံ့ပါတီက ယခုလို စည်းရုံးမဲဆွယ်မှု ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေတဲ့အချိန်မှာ တခြား ရွေးကောက်ပွဲဝင်မည့် တိုင်းရင်းသား နိုင်ငံရေးပါတီတွေက အာဏာပိုင်တို့မှ စောင့်ကြည့်မှုခံနေရသည့် နှောင့်ယှက်မှု မဲကော်မရှင်မှ စည်းရုံးခွင့် ကန့်သတ်မှု အစရှိသည့် အခက်အခဲကြားမှာ စည်းရုံးရေး မဲဆွယ်နေကြရသည်။

    သတ္တုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့်၏ ကြံ့ခိုင်ရေးပါတီ မွန်ပြည်နယ် စည်းရုံးရေးခရီးဆင်းရာတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ရွေးကောက်ပွဲတွင် အနိုင်ရပါကလည်း အစိုးရသစ် မဖွဲ့စည်းနိုင်ကြောင်း၊ ကြံ့ခိုင်ရေးပါတီသာလျှင် အစိုးရသစ် ဖွဲ့စည်းနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မွန်ပြည်သူလူထုတွေရဲ့ လိုအပ်ချက်ကိုလည်း ကြံ့ခိုင်ရေးပါတီကသာ ဖြည့်ဆည်းပေးနိုင်သည်ဟု ဗိုလ်ချုပ်အုန်းမြင့်က ပြောကြားခဲ့ဖူးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks