spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းထားဝယ်ရေနက်ဆိပ်ကမ်းကို ၂၀၁၁ နှစ်စမှာ တည်ဆောက်

    ထားဝယ်ရေနက်ဆိပ်ကမ်းကို ၂၀၁၁ နှစ်စမှာ တည်ဆောက်

    -

    မင်းတော်လဝီ– မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၁ နှစ်စမှာ စတင်တည်ဆောက်မည်ဟု ထားဝယ်မြို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးက ပြောသည်။

    စီမံကိန်းတည်ရာဒေသမှာ ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘူးလယ်ရွာ၊ လဲရှောင်ရွာ၊ ထိန်ကြီးရွာ၊ မယင်းကြီးရွာနှင့် သရဘရွာများပါဝင်ဖြစ်ပြီး ယခုအချိန်မှာ ယာယီ အဆောက်အဦးများနှင့် စီမံကိန်းဆိုင်ရာ လုပ်ငန်များ စတင်နေပြီးဖြစ်သည်။

    “ဆိပ်ကမ်းတည်ဆာက်ရေးကို နဘူးလယ်ဒေသ ကမ်းစပ်မှာပဲ တည်ဆောက်သွားမှာ၊ ရေနက်ဆိပ်ကမ်းဖြစ်လို့ အဲဒီနေရာမှာ ရေနက်တယ် ရေစီးရေလာကောင်းပြီး ပင်လယ်ပြင် အောက်မှာ ကျောက်ဆောင်တွေကင်းတယ်၊ နောက်ပြီး ကမ်းခြေအနေအထားလည်းသာ တယ် ၂ဝ၁၁ ခုနှစ်ဦးပိုင်းလောက်မှာ စတင်နိုင်လိမ့်မယ်” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

    ထိုင်းနိုင်ငံ ကန်ချနပူရီအထိ ဆက်သွယ်မည့် ထားဝယ်ရေနက်ဆိပ်ကမ်းသည် ကီလိုမီတာ ၁၃ဝ အထိ ရှည်လျားသည်။ အကြမ်းဖျင်း တိုင်းတာရေးလုပ်ငန်းများ တိုင်းတာထားပြီး အိုင်းဝိုင်းကျေးရွာအပါအဝင် တခြားကျေးရွာများမှတဆင့် ထားဝယ်မြစ်ကိုလည်း ဖြစ်သန်းသွားမည်ဟု ထားဝယ်ခရိုင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

    ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းကို မြန်မာနိုင်ငံအစိုးရနှင့် ထိုင်း အီတလီပူးတွဲကုမ္ပဏီတို့ ပူးပေါင်းပြီး တည်ဆောက်သွားဖို့သဘောတူညီမှုရရှိပြီးဖြစ်သဖြင့် စစ်အစိုးရနှင့် နားလည်မှု စာချွန်လွှာရေးထိုးတော့မည်ဖြစ်သည်ဟု ထားဝယ်မြို့ မြန်မာဆိပ်ကမ်း အာဏာပိုင်ရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

    ၄င်းစီမံကိန်ကို လွန်ခဲ့သော ၂၀၀၅ ခုနှစ်က စီစဉ်ခဲ့ပြီး မကြာခင်မှာ သဘောတူညီချက် လက်မှတ်ရေးထိုးပြီးတည်ဆောက်ရေး စတင်တော့မည်ဖြစ်သည်။

    ထိုစီမံကိန်း တည်ဆောက်ရာမှာ ကျေးရွာအများအပြား ပြောင်းရွေ့ပေးခံကြရုံမက အသက်မွေးဝမ်းကြောင်းလုပ်ငန်းများလည်း ဆုံးရှုံးမှုဖြစ်လာမည်ကို ဒေသခံတွေက စိုးရိမ်နေကြသည်။

    စီမံကိန်းဧရိယာအတွင်း မလွတ်ကင်းသည့်အိမ်ရာမြေကွက်များမှာ ရွေ့ပြောင်းမှုတွေ ရှိနေသလို အချို့့နေရာတွေမှာ ပြောင်းရွေ့မှုမရှိသေးဟု ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းနှင့် နီးစပ်သည့်နေရာတွင် မြေဝယ်ယူထားသူတစ်ဦးက ပြောသည်။

    သို့သော် ထားဝယ်မြို့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆက်သွယ်မေးမြန်းရာတွင် လောလောဆယ် ရွေ့ပြောင်းတာမရှိသေးကြောင်း ပြောသည်။

    “ရေနက်ဆိပ်ကမ်းဆောက်မယ်ဆိုရင် ဆိပ်ကမ်းအနီးအနားက ကျေးရွာတွေရော ထိုင်း နယ်စပ်အထိ မြန်မာနိုင်ငံဘက်ခြမ်းက ကျေးရွာတွေမှာ မြေယာသိမ်းဆည်းမှုတွေ ရွာရွှေ့ပြောင်းမှုတွေ နောက်ပြီး ဒေသခံတွေရဲ့ ငါးဖမ်းလုပ်ငန်းနဲ့ ကျန်တဲ့အသက်မွေး ဝမ်းကျောင်း အတော်များများ ဆုံးရှုံးမှုတွေဖြစ်မှာပဲ” ဟု ရွှေဂတ်စ် စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ကိုဝင်းအောင်က ပြောသည်။

    မြန်မာစစ်အစိုးရသည် အာဆီယံနိုင်ငံများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှာ စီးပွားရေး တိုးချဲ့လုပ်ကိုင်လိုခြင်းနှင့် စစ်အစိုးရက နိုင်ငံခြားရင်းနှီးမှုမှ ရသည့်ငွေကို သိပ်လိုချင်နေခြင်းကြောင့် ပြည်သူလူထု ထိခိုက် နစ်နာမှုကို ဂရုမစိုက်ဘူးဟု ကိုဝင်းအောင်က ဆက်ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks