spot_img
Tuesday, January 20, 2026
More
    spot_img
    Homeသတင်းပြည်သူ့စစ်ငှားရန်အတွက် စစ်တပ်က ဒေသခံထံ ငွေတောင်း

    ပြည်သူ့စစ်ငှားရန်အတွက် စစ်တပ်က ဒေသခံထံ ငွေတောင်း

    -

    မင်းအဲ – မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းမှာ အခြေချထားသည့် ခလရ (၆၁) တပ်ရင်းက အံဒင်ကျေးရွာအုပ်စုဝင်ဖြစ်သည့် အံဒင်၊ နှီးနှူး၊ ဂူဟတော၊ နှင်းတရုတ်၊ သာဂရံကျေးရွာဥက္ကဌထံ ပြည်သူ့စစ်ငှားရမ်းခ တောင်းခံရန် ညွန်ကြားထားသည်။

    “ဒီကျေးရွာအုပ်စုတွေက ပြည်သူ့စစ်ငှားဖို့ သူတို့က တစ်ရွာကို ၇ သိန်းတောင်းတယ်၊ အဲဒီ ပြည်သူ့စစ်တွေက စစ်တပ်က ထွက်လာတဲ့လူတွေပဲ။ တစ်ယောက်ကို တစ်လ ၅ သောင်း ပေးရတယ်၊ နောက်ပြီး ထမင်းလဲ ကျွေးရတယ်” ဟု မွန်ပြည်သစ်ပါတီမှ တာဝန်ခံတစ်ဦးက ပြောသည်။

    လက်ရှိအခြေအနေအရ ရေးမြောက်ပိုင်းဒေသဟာ အနည်းငယ်အေးချမ်းနေသော်လည်း မကြာမီမှာ တနင်္သာရီတိုင်းရှိ ရေးဖြူမြို့နယ်နှင့် မွန်ပြည်နယ် ခေါဇာမြို့နယ်ခွဲရှိ ကျေးရွာများကဲ့သို့ အခြေအနေများရောက်သွားနိုင်သည်ဟု မွန်ပြည်သစ်ပါတီ ဗိုလ်မှူးဟောင်းတစ်ဦးက ပြောသည်။

    “နအဖစစ်တပ်တွေ ဒီလိုမျိုး ညွန်းကြားထားတော့ ဒေသခံတွေ ဒုက္ခရောက်တာပေါ့၊ မွန်ပြည်သစ် အပစ်ခတ်ရပ်စဲရေး မလုပ်တုန်းကဆိုရင် ရေးတောင်ပိုင်းနဲ့ ရေးဖြူမှာရှိတဲ့ လူတွေ အတင်းအဓမ္မ စေခိုင်းတာမျိုးမရှိခဲ့ပါဘူး၊ ၁၉၉၅ နောက်ပိုင်းကျမှ အဲဒီဒေသမှာ အတင်းအဓမ္မလုပ်အားပေးစေးခိုင်းတာတို့၊ လူ့အခွင့်အရေး ချို့ဖောက်တာတို့ စဖြစ်လာတယ်” ဟု အဆိုပါ ဗိုလ်မှူးဟောင်းက ပြောသည်။

    ယခုလက်ရှိ မြန်မာစစ်အစိုးရနှင့် မွန်ပြည်သစ်တို့ တင်းမာမှုများ တစ်နေ့တစ်ခြား ပိုမိုများလာနေသောကြောင့် အကယ်၍ ထိုးစစ်ဆင်တိုက်ပွဲများ ဖြစ်လာခဲ့ပါက ရေးမြောက်ပိုင်းဒေသသည် ရေးတောင်ပိုင်းဒေသဖြစ်သကဲ့သို့ လမ်းစပြနေကြောင်း အဆိုပါ ဗိုလ်မှူးက ဆက်ပြောသည်။

    သို့သော် “အခု ကျမတို့ရွာက တော်တော်လေးကို စိမ်းလန်းတယ်၊ ဟိုရေးတောင်ပိုင်းနဲ့ ခေါဇာမြို့နယ်လိုမျိုးတို့ မရှိသေးပါဘူး” ဟု အံဒင်ကျေးရွာမှ မွန်အမျိုးသမီးတစ်ဦးက ပြောသည်။

    ရွေးကောက်ပွဲကာလအတွင်း မြန်မာစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ နှစ်ဖက်စလုံး တင်းမာမှုရှိနေသည့်အပြင် တစ်ဖက်မှာလည်း ပြည်သူ့စစ်တပ်၊ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးစသည့် ဖိအားကို မြန်မာစစ်အစိုးရက သွတ်သွင်းနေသည်။

    ထိုမျှမက မွန်ပြည်သစ်ပါတီလက်အောက်ခံဖြစ်သော မွန်ကျေးရွာများတွင်လည်း အတင်းအဓမ္မ ပြည်သူ့စစ်  လုပ်ခိုင်းနေကြောင်း သိရသည်။

    ထိုနည်းလည်းကောင်း ဇူလိုင်လ ၁၄ ရက်မှာလည်း ခမရ (၂၈၂)၊ ခလရ (၂၇၃) ကလိန်အောင်မြို့နယ်ခွဲ ရာဖူးကျေးရွာအနီးတဝိုက်တွင် အခြေချထားသော စစ်ဗျုဟာ (၃) ဒု ဗိုလ်မှူးကြီး ဇော်လင်းက ရွာထဲဝင်သွားပြီး ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းရန် တစ်အိမ်လျှင်တစ်ယောက် လိုက်လံခေါ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts