spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းသုံးဆူ တရားဝင်နယ်စပ်ဂိတ် ဖြတ်သန်းခွင့် ထပ်ပိတ်

    သုံးဆူ တရားဝင်နယ်စပ်ဂိတ် ဖြတ်သန်းခွင့် ထပ်ပိတ်

    -

    ဂျူရီချိုင်း -မြန်မာစစ်အစိုးရမှ တစ်ဖက်သတ်ပိတ်ထားခဲ့သော ဘုရားသုံးဆူ ထိုင်းနယ်စပ်ဂိတ်ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြတ်သန်းခွင့်ပေးခဲ့သော်လည်း ယမန်နေ့မှစပြီး ပြန်ပိတ်လိုက်သည်။

    ပြီးခဲ့သည့်ရက်ပိုင်းက လူများ ဖြတ်သန်းသွားလာနေသည်ကို ဂိတ်စောင့်တို့မှ မတားဆီးခဲ့သည်ကို မြို့တွင်းရှိအာဏာပိုင်တို့က သိရှိသွားပြီး အာဏာပိုင်နှင့် ဂိတ်စောင့်တို့ ပြဿနာဖြစ်ပွားကာ ဂိတ်တွေ ပြန်ပိတ်လိုက်ခြင်းဖြစ်သည်။

    ဂိတ်ဖွင့်ထားသည်ကို မြို့တွင်းရှိ အရာရှိများနှင့် တပ်ရင်းမှုးတို့ သတင်းရရှိပြီး ဂိတ်စောင့်တွေနှင့် ပြဿနာဖြစ်ကာ ၄င်းဂိတ်ကို ထပ်မံပိတ်လိုက်ကြောင်း မြို့နယ်မယကနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “ဟုတ်တယ် ပြန်ပိတ်လိုက်တယ် ဖွင့်ထားတဲ့ရက်ကလည်း တရားဝင်ဖွင့်ထားတာမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

    ထိုင်းဘက်ကမ်းသို့ အလုပ်လုပ်ကြသည့် အလုပ်သမားများ ထိုဂိတ်မှ ဖြတ်သန်းကြပြီး၊ ယခုလို ပြန်ပိတ်လိုက်သည့်အတွက် ယခင်ဖြတ်လမ်းနဲ့သာ ပြန်သွားနေရကြောင်း အာဏာပိုင်အဖွဲ့အစည်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “မြို့ကို လူကြီးတွေရောက်ရှိပြီးရင် ဒီဂိတ်ပြန်ဖွင့်မယ်လို့ ကြားနေရတယ်” ဟု ၎င်းနီးစပ်သူက
    ပြောသည်။ ပိတ်ထားသည့်ဂိတ်၌ ခဲကုန်တင်ကားတစ်မျိုးသာ အခွန်ပေးရန်မလိုဘဲ ဖြတ်သန်းခွင့်ရကြောင်း နီးစပ်သူက ဆက်ပြောသည်။

    ထိုင်းနိုင်ငံသို့ ပို့ဆောင်နေသော သစ်တင်ကုန်တင်ကားများသည်လည်း ကားအရေအတွက် အပေါ်မူတည်၍ ဂိတ်ခွန်များပေးဆောင်ကာ သတ်မှတ်ပေးထားသည့်အချိန်အတွင်း၌ ဂိတ်ဖြတ်ခွင့်ပေးကြောင်း သိရသည်။

    ၎င်းအခွန်များကို မယက၊ ရယက၊ သစ်တောကြိုးဝိုင်းအဖွဲ့အစည်းနှင့် အခြားအဖွဲ့ကိုလည်း ပေးဆောင်နေရကြောင်း သစ်ရောင်းဝယ်သူတစ်ဦးက ပြောသည်။

    “အခွန်ပေးပြီး ဖြတ်သန်းရပေမယ့် တရားမဝင်တဲ့နည်းနဲ့ပဲ ဖြတ်နေရတယ်”ဟု ၎င်းက ပြောသည်။ တစ်ကြိမ်ဖြတ်သန်းခွင့်အတွက် အနည်းဆုံးအခွန်ဆောင်မှုနှုန်းမှာ ဘတ်ငွေ ၁၃ သိန်းခန့်ရှိပြီး တစ်လလျှင် ဘတ် သိန်း ၄၀ ခန့်အထိ ပေးနေရသည်။

    သစ်ရောင်းဝယ်သူတို့က သစ်တန်အရေအတွက်အပေါ်မူတည်ပြီး တစ်လလျှင် အများဆုံး ၃ ကြိမ် ပို့ဆောင်ခဲ့ပြီး တစ်ကြိမ်လျှင် ကုန်တင်ကား အစီး (၄၀) ခန့်ရှိကြောင်း ၄င်းသစ်ရောင်းဝယ်သူက ဆက်ပြောသည်။

    ဂိတ်ဖြတ်ခွင့်ပြန်ပိတ်ထားသည့်အချိန်မှစပြီး ခဲတင်ကုန်တင်ကားမှအပ တစ်ခြားသော ကုန်တင်ယဉ်များနှင့် လူများ ဖြတ်သန်းခွင့်လုံးဝမပေးတော့ကြောင်း သိရသည်။

    အဆိုပါနှစ်နိုင်ငံ တရားဝင်ဖြတ်ကျော်ဂိတ်ကို ၂၀၀၆ ခုနှစ်မှစ၍ မြန်မာအာဏာပိုင်တို့မှာ တရားဝင်ပိတ်ထားလိုက်ပြီး ယနေ့အချိန်ထိ ပိတ်ထားဆဲဖြစ်သည်။

    ယခုလို ထိုင်း-မြန်မာနယ်စပ် ပြဿနာတွေရှိနေသည့်အချိန်မှာ ထိုင်းဝန်ကြီးချုပ် မစ္စတာ အဘီဆစ် ဝဲ့ချာချီဝ၏ မြန်မာနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံစီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး၊ ထိုင်းနိုင်ငံရောက် အလုပ်သမားများကိစ္စနှင့် နှစ်နိုင်ငံပြည်တွင်းရေးအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks