Homeသတင်း(Alternative asean network on burma) မှ ရွေးကောက်ပွဲဆန့်ကျင်ဖို့ သီချင်းဖြင့်လှုံ့ဆော်

(Alternative asean network on burma) မှ ရွေးကောက်ပွဲဆန့်ကျင်ဖို့ သီချင်းဖြင့်လှုံ့ဆော်

-

သင်တန်းမှာ (Altsean-Burma) တိုင်းရင်းသားအမျိုးသမီးများ

မင်းအာသံ – အောက်တိုဘာ ၁၂ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့ထိ ပြည်သူများအကြားမှာ ရွေးကောက်ပွဲ ဆန့်ကျင်မည့်သီချင်းဖြင့် (Altsean-Burma-intern) အမျိုးသမီးများက တိုက်တွန်းလှု့ံဆော်သွားမည် ဖြစ်သည်။

ပါဝင်သီဆိုခဲ့သူ လားဟူအမျိုးသမီးတစ်ဦးက “ကျမတို့က စစ်အစိုးရရဲ့လုပ်ရပ်ဟာ ဒီလာမည့် ရွေးကောက်ပွဲကို တရားမျှတမှုလဲမရှိ လိမ်လည်မှုကလဲများတယ်၊၊ အဲကြောင့်မို့ ကျမတို့ ဒီသီချင်းနဲ့ တိုက်တွန်းဆန့်ကျင်သွားရန် လုပ်လိုက်တယ်၊ အခု ကျမတို့ ခလေးသီချင်းနဲ့ခပ်ဆင်ဆင် ကျမတို့ ရေးဖွဲ့ တီဆိုထားတယ်” ဟု (Altsean-Burma) interm မှ လားဟူအမျိုးသမီးက ပြောသည်။

ဒီရွေးကောက်ပွဲဆန့်ကျင်သီချင်းများကို ပြည်တွင်းပြည်ပစသည့် သူငယ်ချင်းများထံ အီးမေးလ်မှတဆင့် တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်းသွားရန် စီစဉ်ဖြန့်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

၄င်းတို့၏ ဆန့်ကျင်သောသီချင်းစာသားများမှာ “ရွေးကောက်ပွဲကြီး ထွက်လို့လာ ပြည်သူတွေကို လိမ်ဖို့ ညာဖို့၊ ဆိုးရွာလှတဲ့ စစ်စနစ်ကို တိုက်ဖျက်ကြမယ် ပြည်သူအပေါင်းတို့၊ ဒီမိုကရေစီဆိုတာဟာ ပြည်သူ့သဘောထားစစ်မှန်ပဲ၊ စည်းလုံးမှုတ်နဲ့အရင်းတည်ပါ ရွေးကောက်ပွဲမှာ မပါဝင်ဖို့” စသည်တို့ ဖြစ်သည်။

ယခုကဲ့သို့ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်သည့်သီချင်း တီကုံးရာမှာ “ကျမတို့အတွက် နည်းနည်းတော့ခက်တယ်၊ ဒါပေမယ့် တိုင်းရင်းသားအမျိုးသမီးများကိုယ်စား လုပ်နိုင်သွားတာ အလွန်းပျော်ပါတယ်၊ သို့သော် ကျမတို့က အတွေ့အကြုံဘက်မှာ နည်းနည်းအားနည်းနေတယ်လို့ ခံစားမိတယ်” ဟု  မွန်အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုနည်းတူ မွန်အမျိုးသားရေးရာအဖွဲ့ချူပ်၊ မြန်မာနိုင်ငံကျောင်းသားနှင့် လူငယ်များကွန်ယက်နှင့် တိုးတက်သောမွန်လူငယ်များအစည်းရုံးတို့လည်း ရွေးကောက်ပွဲကို ဘဘောမတူသည့်အပြင် နည်းမျိုးစုံနှင့် ဆန့်ကျင်သပိတ်မှောက်သွားမည်ဖြစ်ပါသည်။

အောဆီယံဘားမားအဖွဲ့သည် ၁၉၉၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကယော၊ ရခိုင်၊ လားဟူ၊ ကယန်း၊ ကချင်၊ မွန်စသည့်တိုင်းရင်းသားများ ပေါင်းစုပြီး ၂၀၀၈ ခုနှစ်မှ စတင်ကာ နိုင်ငံရေးနှင့်ပတ်သက်သည့် ဆန့်ကျင်လှုပ်ရှားမှုကဏ္ဍ ၄ ကြိမ်တိုင်တိုင် လုပ်ခဲ့ဖူးသည်ဟု (Altsean-Burma) အမျိုးသမီးများမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts