Homeသတင်းပထမဆုံးအကြိမ် မိုးလေဝသပညာပေး ဟောပြောပွဲ

ပထမဆုံးအကြိမ် မိုးလေဝသပညာပေး ဟောပြောပွဲ

-

ခတ္တာနန်း – World Vision နှင့် မြို့နယ်သဘာဝဘေအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ်အဖြစ် မိုးလေဝသဆိုင်ရာ ပညာပေး ဟောပြောပွဲကို မွန်ပြည်နယ်ရှိ ပင်လယ်နှင့် နီးသော နေရာများတွင် ပြုလုပ်ခဲ့သည်။

ပြောင်းလဲသွားသည့် ရာသီဥတုအခြေအနေ၊ သဘာဝမုန်တိုင်းအခြေအနေနှင့် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုဖေါက်ပြန်မှုတွေကို ကြိုတင်ပြင်ဆင် ဖြေရှင်းနိုင်ရန်နှင့် ထိုသို့ဖြစ်ပေါ်လာလျှင် အသက်အန္တရာယ်အတွက် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ကြောင်းသိရသည်။

“လူတိုင်းပဲ မုန်တိုင်းကိုကြောက်ကြတယ်လေ၊ ဒါကြောင့် ကျနော်တို့ (World Vision) နှင့် သဘာဝဘောအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး မိုးလေဝသဌာနက ဒေါက်တာဦးထွန်းလင်းရဲ့ အကူအညီနဲ့ ပညာပေးဟောပြောပွဲကို ပင်လယ်နဲ့ နီးတဲ့ သံဖြူဇရပ်မြို့ ပငရွာနဲ့ ကျိုက္ခမီ သုံးနေရာ လုပ်ခဲ့တယ်’’ ဟု World Vision မှ ဖွံ့ဖြိုးရေးတာဝန်းခံတစ်ဦးက ပြောသည်။

၄င်းဟောပြောပွဲကို စက်တင်ဘာ ၈ ရက်နေ့မှာ နံနက်ပိုင်း သံဖြူဇရပ်မြို့ အထက (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ပြီး လူ ၄၀၀ ခန့်တက်ရောက်ပြီး၊ ညနေပိုင်းတွင် ပငကျေးရွာရှိ ရွာလယ်ဘုန်းကြီးကျောင်း (အနောက်ပိုင်းကျောင်း) မှာ ကျင်းပကာ လူ ၂၀၀ ကျော် တက်ရောက်သည်။

ပင်လယ်ကမ်းရိုးတန်းနှင့် အနီးဆုံးဖြစ်သည့် ကျိုက္ခမီမြို့ကို စက်တင်ဘာလ ၉ ရက်နေ့မှာ (ဘုရားကဇာတ်ရုံ) တွင် ကျင်းပပြီး လူပေါင်း ၄၀၀ ကျော်ခန့် တက်ရောက်ကြောင်း သိရသည်။

၄င်းဖွံ့ဖြိုးရေးတာဝန်းခံက “လူတွေ အတော်များများတော့ စိတ်ဝင်စားကြပါတယ် ဘာလို့လည်းဆိုတော့ သူတို့တွေက မုန်တိုင်းကိုကြောက်ကြတယ်လေ ဒါကြောင့် မိုးလေဝသနဲ့ ပတ်သက်တဲ့ ပညာပေးဟောပြောပွဲဆိုရင် လာတက်ကြတယ် နောက်တခုက မြို့ကလူတွေပဲမဟုတ်ဘူး တစ်ခြား အနီးအနားကရွာခံတွေလည်း လာကြနားထောင်ကြတယ်၊ စက်စဲကလို ပင်လယ်နဲ့ နီးတဲ့ရွာတွေပေါ့” ဟု ၄င်းက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts