spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းနယ်စပ်ဘုရားသုံးဆူမြို့မှာ စစ်ဆေးရေးတင်းကြပ်ထား

    နယ်စပ်ဘုရားသုံးဆူမြို့မှာ စစ်ဆေးရေးတင်းကြပ်ထား

    -

    ဂျူရီချိုင်း – ထိုင်း၊ မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် သြဂုတ်လကုန်မှစ၍ မြို့အဝင်အထွက်တွေမှာ  အဖွဲ့ပေါင်းစုံတို့မှ စစ်ဆေးရေးတင်းကြပ် ပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။

    သြဂုတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်မှာ စစ်ဆေးနေပြီး ည ၈ နာရီအထိ စစ်ဆေးနေကြောင်း ထိုအချိန်သည် ထိုင်းဘက်ကမ်းတွင် အလုပ်သမားများ အလုပ်ဆင်းချိန်ဖြစ်ပြီး ထိုနေ့မှာပင် မသင်ကာဖွယ်သည့် မြို့သား ၇ ဦးကိုလည်း ထိန်းထားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

    “စစ်ဆေးရေးမှာတော့ စစ်သားတွေ၊ ရဲတွေနဲ့ ရပ်ကွက်လူကြီးတွေ မော်တော်ဘီကယ်တွေပါတယ်၊ အဖွဲ့ပေါင်းစုံပေါ့” ဟု ၎င်းက ပြောသည်။

    ယခုလို စစ်ဆေးမှုတစုုံတရာပြုလုပ်ခြင်းမရှိခဲ့ဖူးသော်လည်း ဘုရားသုံးဆူမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှု ဗုံးတွေ့ရှိမှုများဖြစ်ပေါ်ပြီးနောက်ပိုင်း ယခုလို မြို့အဝင် အထွက်တွေမှာ စစ်ဆေးမှုတွေ ပြုလုပ်နေသည်။

    စစ်ဆေးစဉ် အထိန်းသိမ်းခံထားရသော မြို့ခံများမှာ အပြစ်တစုံတရာမရှိဘဲ အထိန်းခံရကြောင်းလည်း သိရသည်။

    အထူးသဖြင့် ကားများနှင့် ဆိုင်ကယ်များ ပိုမိုစစ်ဆေးနေပြီး မသင်ကာသူများ စစ်ဆေးမေးမြန်းပြီးမှ သွားခွင့်ပြုကြောင်း မြို့အနှံ့မှာလည်း လုံခြုံရေးချထားကြောင်း ၎င်းက ပြောသည်။

    ဘုရားသုံးဆူမြို့တွင် ဗုံးတွေ့ရှိမှု၊ ဗုံးပေါက်ကွဲမှုပြသာနာ မကြာခဏဖြစ်ပေါ်နေတဲ့အတွက် ကြောင့် နောက်ပြီး ၎င်းပေါက်ကွဲတဲ့သတင်းများလည်း အင်တာနက်မှာ မြင်တွေ့နေရအတွက် အာဏာပိုင် အထက်လူကြီးကနေတဆင့် ယခုလိုတာဝန်အရ စစ်ဆေးရေးပြုလုပ် သွားခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။

    “ယခုလို စစ်ဆေးမှုတွေ ပြုလုပ်နေတာက ဗုံးခဏ ခဏပေါက်တာရယ် နောက်တော့ ထပ်ပေါက်ဖို့ရှိတယ်ဆိုတာလည်း သတင်းထွက်နေလို့ အခုလို စစ်ဆေးမှုတွေ တင်းကြပ်ထားတာ မြို့ခံတွေကလည်း ထိန့်လန့်နေကြတယ်” နယ်စပ်မှ စစ်ရေးလေ့လာသူ တစ်ဦးက ပြောသည်။

    ဘုရာသုံးဆူမြို့တွင် ဗုံးတွေ့ရှိမှု၊ ဗုံးပေါက်ကွဲမှုပြဿနာ မိုင်ထောင်ခြင်း အစရှိသည့် မသင်ကာဖွယ်များ တွေ့ရှိပါက တာဝန်ရှိသူထံ သတင်းပေးပို့ရန် သြဂုတ်လ ၁၆ ရက်နေ့တွင် သက်ဆိုင်ရာအာဏာပိုင်တို့က သတိပေး နှိုးဆော်ထားကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

    ယခုရက်ပိုင်းအတွင်း ဘုရားသုံးဆူမြို့ပေါ်၌ မကြာခဏ ဗုံးတွေ့ရှိမှု၊ ဗုံးပေါက်ကွဲမှုဖြစ်ပွားမှုအပေါ် အာဏာပိုင်တို့မှ ဖန်တီးမှုဖြစ်နိုင်ကြောင်း နယ်စပ်စစ်ရေးလေ့လာသူတို့က သုံးသပ်ပြောဆိုနေကြသည်။

    “ဗုံးပေါက်ပြီးရင် အာဏာပိုင်တွေက တာဝန်အရလောက်ပဲ စစ်ဆေးတယ်၊ အရင်ကဆို အပြင်လူတောင် ပေးမဝင်ဘူး ပေါက်ကွဲမှုတဝိုက်မှာ ကာထားသေးတယ်၊ အခု ဓါတ်ပုံပါဝင်ရိုက်လို့ရတယ် ဘာမှ တားမြစ်တာတွေ မရှိဘူး” ဟု ၎င်းက ပြောသည်။

    ဘုရားသုံးဆူမြို့တွင် သြဂုတ်လ ၂၅ ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် ခလရ ၃၂ မှ တပ်ရင်းမှူတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိကာ ထိုင်းနိုင်ငံ စံခလပူရီဆေးရုံတွင် ဆေးကုသမှု ခံယူရပြီး ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်းရရှိထားသည့် တပ်သား စိုးဝင်းက ထိုင်းနိုင်ငံ ကန်ချပူရီဆေးရုံတွင် ဆေးကုသခံယူပြီး ခြေထောက်ဖြတ်ခံလိုက်ရကြောင်း သိရသည်။

    ထိုသူသုံးဦး ဒဏ်ရာရရှိပြီး နောက်ပိုင်းမှသာ လုံခြုံရေးအဖွဲ့များနှင့် စစ်ဆေးရေးအဖွဲ့တို့က စပြီး စစ်ဆေးမှုပြုလုပ်လာကြောင်း နယ်စပ်စစ်ရေးလေ့လာသူတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks