Thursday, March 19, 2026
More
    spot_img
    Homeသတင်းနယ်စပ်ဗုံးပေါက် တပ်ရင်းမှူးအပါဝင် ဗိုလ်ကြီးနှင့် တပ်သား ဒဏ်ရာရ

    နယ်စပ်ဗုံးပေါက် တပ်ရင်းမှူးအပါဝင် ဗိုလ်ကြီးနှင့် တပ်သား ဒဏ်ရာရ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ယနေ့ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် RBG အမျိုးအစား ဗုံးပေါက်ကွဲ၍ ဘုရားသုံးဆူမြို့ ခလရ တပ်ရင်း အမှတ် ၃၂ မှ တပ်ရင်းမှူး၊ ဗိုလ်ကြီးတစ်ဦးနှင့် မိုင်းရှာဖွေသည့်အင်ဂျင်နီယာတပ်မှ တပ်သားတစ်ဦး ဒဏ်ရာ ရရှိသည်။

    တပ်ရင်းမှူး ကျော်ဝင်းခိုင်မှာ လက်နှင့် ဗိုလ်ကြီး နိုင်လင်းဦးမှာ နား၌ ဒဏ်ရာအနည်းငယ်ရရှိကာ တပ်သား စိုးဝင်း (အသက် ၃၀ နှစ်ခန့်) မှာ ဘယ်ဘက်ခြေထောက်တွင် ပြင်းထန်းစွာဒဏ်ရာရရှိပြီး ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်ရှိ ဆေးရုံးသို့ ပို့ဆောင်ထားကြောင်း ဒေသခံအာဏာပိုင်နှင့် နီးစပ်သူတို့က ပြောသည်။

    “တပ်သား စိုးဝင်းက ခြေထောက် ပြတ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဗုံးကို ကျင်းမှာ မြုပ်ပြီး ဖောက်ခွဲဖို့က မမြုပ်ခင်မှာ ပေါက်သွားတယ်” ဟု မျက်မြင်တို့က ပြောသည်။ ၄င်းဗုံးကို အမှတ် (၄) ရပ်ကွက် ဆေးရုံးဝင်အနားရှိ ဥဒေါင်းကန်သို့သွားသည့်လမ်းသွယ်တွင် မှိုရှာသူတို ့က တွေ့ရှိခဲ့ပြီး ရပ်ကွက်ဥက္ကဌ ဦးငွေတင်အား အကြောင်းကြားခဲ့သည်။

    ရပ်ကွက်ဥက္ကဌမှတဆင့် ဌာနဆိုင်ရာများ၊ စစ်တပ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပြီး မူလတွေ့ရှိခဲ့သည့်နေရာမှ မပေါက်ကွဲသေးသောဗုံးကို မယူခဲ့ပြီး ၄င်းဗုံးကို ပြန်လည်ဖောက်ခွဲရန်အတွက် ကျင်းသို့ ပြန်ထည့်စဉ် ပေါက်ခွဲသွားသည်။

    မှိုရှာသူတို့က ထိုအာဘီဂျီဗုံးကို ၄င်းမှိုရှာစဉ် မွန်လွှဲ ၂ နာရီခန့်လောက်တွင် မတွေ့ရှိသေးသည့်အတွက် ထိုဗုံးကို မပေါက်ကွဲမီ ၂ နာရီကျော်ခန့်တွင် လာရောက်ထားသွားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအာဏာပိုင်တို့က သုံးသပ်သည်။

    သြဂုတ်လ ၁၄ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့ပြင်ရှိ တိုးတက်သော ဗုဒ္ဒဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) စစ်ဆေးရေးဂိတ်တွင် အမည်မသိလက်လုပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်။

    မြေတိုင်းစာရင်းဦးစီးဌာနတွင် မပေါက်ကွဲသေးသည့် ဗုံးအပြင် သြဂုတ်လ ၃ ရက်နေ့တွင် ဒီကေဘီအေဂိတ်အနီးတွင် ဝိုင်းယားကြိုးပါသည့်ဗုံးနှင့် သြဂုတ်လ ၁၂ ရက်နေ့တွင် သုံးဆူလျှပ်စစ်ဓာတ်အားပေးဓာတ်တိုင် ထရန်စဖော်မာအောက်တွင်လည်း လက်လုပ်ဗုံးတွေ့ရှိခဲ့သည်။
    ယခုတလောတွင် ဘုရားသုံးဆူမြို့ပေါ်၌ ဗုံးပေါက်ကွဲမှု ဗုံးတွေ့ရှိမှုများ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေပြီး သက်ဆိုင်ရာ အာဏာပိုင်တို့က မည်သူ့လက်ချက်ဆိုတာကို မဖော်ထုတ်နိုင်ခဲ့ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks