spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းလက်နက်ချမွန်အဖွဲ့က ဒေသခံလုပ်ငန်းရှင်ထံ အခွန်ကောက်နေ

    လက်နက်ချမွန်အဖွဲ့က ဒေသခံလုပ်ငန်းရှင်ထံ အခွန်ကောက်နေ

    -

    မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ စည်းတံဆိပ်

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ပြည်သူ့စစ် အသွင်ပြောင်းရန် အင်အားစုဆောင်းလျက် ရှိသည့် မွန်အမျိုးသား ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များထံ အခွန်ငွေ မတန်တဆ ကောက်ခံနေကြောင်း သိရှိရသည်။

    လွန်ခဲ့သည့် (၂၀၀၉) ခုနှစ်တွင် မွန်အမျိုးသား ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းလိုက်ပြီး လက်ရှိတွင် ၎င်းတပ်ဖွဲ့၏ ဒုဥက္ကဌ၊ ယခင် ရာမညတပ်ဖွဲ့ ခေါင်းဆောင် နိုင်ရှောင်း ဦးဆောင်သည့် အုပ်စုက မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံ ကောက်ခံနေခြင်း ဖြစ်သည်။

    ၎င်းအဖွဲ့မှ ထိုင်းကောလက်ဖုန်းပိုင်ရှင်များ၊ သစ်စက်၊ ဆန်စက်ပိုင်ရှင်များထံတွင် ကောက်ခံနေပြီး ဖုန်းပိုင်ရှင်တစ်ဦးလျှင် တစ်သိန်းကျပ်၊ သစ်စက် ဆန်စက်ပိုင်ရှင်တစ်ဦးလျှင် ငါးသောင်းကျပ်နှုန်း ကောက်ယူနေကြောင်း ကောလက်ဖုန်းပိုင်ရှင်တစ်ဦးက ပြောသည်။
    “သူတို့ရဲ့ စစ်ဝတ်စုံအပြည့်နဲ့ လာကောက်သွားတယ်၊ ကောက်တာချင်းက မတူဘူး၊ သူနဲ့ ရင်းနှီးတဲ့ လူတွေကို လျှော့ပြီး ကောက်တယ်” ဟု သောင်ပြင်ရွာမှ ကောလက်ဖုန်းပိုင်ရှင်တစ်ဦးက ပြောသည်။

    ၎င်းတပ်ဖွဲ့မှာ စစ်အစိုးရ ကမ်းလှမ်းထားသော ပြည်သူ့စစ် အသွင်ပြောင်းရေးအတွက် မွန်ပြည်သစ်ပါတီမှ အနားယူထားသည့် တပ်သားဟောင်းများနှင့် လူကုန်ကူးသူများအား ၎င်းတပ်ဖွဲ့သို့ ဝင်ရန် လိုက်လံစုဆောင်းနေကြောင်း နီးစပ်သူများထံမှ သိရသည်။
    သောင်ပြင်ရွာရှိ တိုးချဲ့ရပ်ကွက်ရှိ ပိုင်ဆိုင်ရှိ မြေကွက်တချို့ကိုလည်း အဆိုပါအဖွဲ့က သိမ်းယူခဲ့ကြောင်း သောင်ပြင်ရွာသားတစ်ဦးက ပြောသည်။

    ၎င်းက “လမိုင်းဘက်ကို ထွက်တဲ့လမ်းက မြေကွက်တွေကို သိမ်းတာ။ သူတို့က ဒီလိုသိမ်းဖို့ ရေး(မြို့)ကနေ စစ်တပ်ဆီက အမိန့် ရထားပြီးသားတဲ့၊ အဲလိုပြောပြီး သိမ်းတာ၊ အသိမ်းခံရတဲ့ မြေပိုင်ရှင်တွေက ဘယ်သူ့ဆီ အကြောင်းကြားရမလဲ မသိလို့ ဒုက္ခရောက်နေကြတယ်” ဟု ပြောကြားသည်။

    မွန်ပြည်နယ် မုဒုံမြို့နယ်၊ သံဖြုဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် တပ်သားများကို လိုက်လံစုဆောင်းနေပြီး ယခုနှစ် မေလဆန်းတွင် သံဖြုဇရပ်မြို့နယ်၌ အခြေခံပြည်သူ့စစ်သင်တန်း ပို့ချခဲ့သည်။ သို့သော်လည်း လိုအပ်သည့် အရေအတွက် မပြည့်မီသေးကြောင်း သိရသည်။

    ၎င်းတပ်ဖွဲ့အတွက် လိုင်စင်မဲ့မော်တော်ကား ရောင်းဝယ်ခြင်း၊ မော်တော်ယာဉ်လိုင်း ပြေးဆွဲခြင်း၊ အခြားလိုင်းပြေးဆွဲသော မော်တော်ယာဉ်များထံမှ ဂိတ်ကြေး ကောက်ခံခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ အခွန်ကောက်ခံခြင်းများကို စစ်အစိုးရ အာဏာပိုင်တို့မှ ခွင့်ပြုထားသည်။

    လတ်ရှိတွင် မွန်အမျိုးသား ငြိမ်းချမ်းကာကွယ်ရေးတပ်ကို ကရင်ပြည်နယ်၊ ဘာအံမြို့နယ် ကော့ယက္ခအထူးဒေသ (၁) တွင် အခြေချထားသည်။ ဥက္ကဌမှာ မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ်တာဝန်မှ အနားယူခဲ့သည့် နိုင်အောင်နိုင် ဖြစ်ပြီး ဒု ဥက္ကဌမှာ မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည့် ဗိုလ်မှူးကြီးဟောင်း နိုင်ရှောင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks