spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရန်ကုန်တွင် တစ်လကျော်နေသူများ အိမ်ထောင်စုအသစ်လုပ်ရ

    ရန်ကုန်တွင် တစ်လကျော်နေသူများ အိမ်ထောင်စုအသစ်လုပ်ရ

    -

    ရန်ကုန်မြို့၏ မြို့လယ်ခေါင်တစ်နေရာ

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ– ရန်ကုန်မြို့ရှိ အဆောင်နှင့် အိမ်များတွင် တစ်လကျော်လာရောက်တည်ခိုသည့် နယ်အသီးသီးမှ ဧည့်သည်များနှင့် ကျောင်းသူ/သားများသည် အိမ်ထောင်စုစာရင်းအသစ် ထပ်မံလုပ်ဆောင်နေရသည်။

    “အရင်ကဆို ဧည့်စာရင်းတိုင်ရတာလောက်ပဲ၊ ဇန်နဝါရီလကတည်းကစပြီးတော့ အိမ်ထောင်စုစာရင်းအသစ် ထပ်လုပ်ရတယ်၊ တယောက်ကို ၅၀၀၀ ပေးရတယ်” ဟု ဗဟန်းတိုက်ခန်းငှားနေသူတစ်ဦးက ပြောသည်။

    ရန်ကုန်မြို့တွင် တလကျော်ခန့်နေထိုင်သူများမှာ ဧည့်စာရင်းဖြင့် နေထိုင်ခွင့်မရဘဲ အိမ်ထောင်စုအသစ်ပြုလုပ်ရပြီး ၄င်းအိမ်ထောင်စုအသစ်ဖြင့်သာ နေထိုင်ခွင့်ရသည်ဟု ဗဟန်းတွင် တိုက်ခန်းငှားခဲ့သည့် မနှင်းပွင့်က ပြောပါသည်။

    “လဝကဌာနက ရပ်ကွက်မှာနေတဲ့ လူနေဦးရေ အရေအတွက်ကို ယူတာလို့ ပြောတယ်” ဟု မနှင်းပွင့်က ဆိုပါသည်။

    ထိုကဲ့သို့ တိုက်ခန်းငှားနေသူများ အဆောင်နေသူများ တစ်လကျော်နေထိုင်သူတို့အတွက် အိမ်ထောင်စုစာရင်းအသစ်သဘောဖြင့် မိမိ၏ မှတ်ပုံတင်နှင့် မိမိဇာတိလိပ်စာ၊ မိဘအမည်နှင့် ရန်ကုန်ရှိအလုပ်အကိုင်တို့ ပေးရသည်။

    အများအားဖြင့် တိုက်ခန်းငှားနေသူများသည် အိမ်ရှင်နှင့် ၆ လ စာချူပ်ချုပ်ထားရပြီး၊ သူငယ်ချင်းများနှင့် စုပေါင်းနေထိုင်ကြသည်။

    ၂၀၀၉ ခုနှစ်ကုန်သည့်အထိ ဧည့်စာရင်းသာတိုင် အပတ်တိုင်း တိုင်ကြားရပြီး တယောက်လျှင် ၅၀၀ ပေးရသည်။ လူအပြောင်းအရွေ့ရှိရင်လျှင် ရပ်ကွက်ရှိ လဝကရုံးသို့ အကြောင်းကြားထားရသည်။ ယခုနောက်ပိုင်း ထိုကဲ့သို့မဟုတ်ဘဲ ရက်ရှည်နေသူများအတွက် အိမ်ထောင်စုစာရင်း လုပ်ရမည်ဟု လဝကရုံးမှ ညွှန်ကြားထားသည်။

    ယခုလို လဝကမှ ဧည်စာရင်းလုပ်ခိုင်းနေတာဟာ ရပ်ကွက်အတွင်း နေထိုင်သူများ စာရင်းအတိအကျ သိရှိလိုခြင်းကြောင့်ဖြစ်သည်ဟု လဝကမှပြောသည်။

    “၆ လပြီးတော့ စာချုပ်ထပ်ချုပ်ရင် လဝကရုံးကို တစ်ခါသွားရအုံးမယ်၊ အဲဒီမှာ လူပြောင်းသွားတယ်ဆိုရင် သူတို့ကို အကြောင်းကြားရအုံးမယ်။ ကိုယ့်သူငယ်ချင်းလာတည်ရင်လည်း ဧည့်စာရင်းတိုင်းရတယ်၊ အဲဒီအတွက် ၅၀၀ ပေးရတယ်” ဟု မနှင်းပွင့်က ပြောသည်။

    ရန်ကုန်မြို့ပေါ်တွင် နယ်အသီးသီးမှ တက္ကသိုလ်ကျောင်းတက်နေသည့် ကျောင်းသူ/သားများနှင့် အလုပ်လုပ်ရန်အတွက် သင်တန်းတက်နေသည့် လူငယ်အများစု တိုက်ခန်းငှားပြီး စုပေါင်း နေထိုင်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks