spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းထားဝယ်- ရေးကားလမ်းပိုင်း ကြားဖြတ်ဂိတ် ပိုကောက်လာ

    ထားဝယ်- ရေးကားလမ်းပိုင်း ကြားဖြတ်ဂိတ် ပိုကောက်လာ

    -

    ထားဝယ်-ရေးကားလမ်းတစ်လျှောက်ရှိ သံဖြူဇရပ်မြို့အဝင်

    မင်းတော်လဝီ ။  ။ထားဝယ်-ရန်ကုန် ကားလမ်းအကြားရှိ ထားဝယ်-ရေးလမ်းပိုင်းတွင် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများကို ကြားဖြတ်စစ်ဆေးရေးဂိတ် တိုးလာသဖြင့် ဂိတ်ကြေးပိုပေးနေရသည်။

    “ရေဖြူဂိတ်၊ ကလိန်အောင်ဂိတ်၊ မလွှဲတောင်ဂိတ်နဲ့ ရေးမြို့အဝင်ဂိတ်ကြီးတွေကို ဂိတ်ကြေးပုံမှန်ပေးနေရပေမယ့် အခုကဂိတ်ကြီးတွေကြားက လုံခြုံရေး ကင်းစခန်းတွေရော လှည့်ကင်းနဲ့ဆုံတဲ့အခါ ကားကိုရပ်ပြီး ပိုက်ဆံပေးနေရတယ်” ဟု ရွှေလီအိပ်စပရက်စ် ကားသမား ဦးတင်လေးက ပြောသည်။

    မှန်လုံခရီးသည်တင်ကားတစ်စီးတစ်စီးလျှင် ကျပ် ၁၀၀၀ ပေးနေရပြီး တခြားခရီးသည်တင်ကားငယ်များက ကျပ် ငါးရာ ပေးရသည်။ ၁ဝ ဘီးကုန်တင်ကားများကို ကျပ်တစ်ထောင်အထက် ပေးရသည်ဟု ကောင်းသစ်စံ ခရီးသည်တင်ကားမှ  ဦးတင်ထွန်းက ပြောသည်။

    “ပုံမှန်က ဂိတ်ကြီးကိုရောက်ရင် အောက်ဆင်းလမ်းလျှောက် မှတ်ပုံတင်စစ်တယ်၊ အခုတော့ ဘာဂိတ်မှမရှိဘဲနဲ့ ရဲ၊ ပြည်သူ့စစ်နဲ့ စစ်တပ်ပေါင်းပြီး ဇူလိုင်လ ၁၉ ရက် နေ့က   အထူးစစ်ဆေးရေးဆိုပြီး ဂိတ်ကြီးမရောက်ခင် ကြားနေရာတွေမှာလည်း စစ်ဆေးမှုတွေလုပ်တယ်” ဟု ကားသမားတစ်ဦးက ပြောသည်။

    “အဖွဲ့တွေက ခရီးသည်တွေကို စစ်ဆေးနေတုံး ကားနောက်လိုက်ကိုခေါ်ပြီး ငွေတောင်းတယ် ငွေမြန်မြန်ပေးရင် ကားထွက်ခွင့်မြန်မြန်ရတယ်’’ ဟု ရွှေလီမှန်လုံကားမှ ခရီးသည်တဦးက ပြောသည်။

    ထားဝယ်- ရေးမြို့ထိ ကားလမ်းပိုင်းမှ မလွှဲတောင်မြောက်ဘက်ခြမ်း- ရေးမြို့ထိသို့ လုံခြုံရေး ကိုတာဝန်ယူနေသည့်ခမရ (၂ဂ၂) တပ်ရင်းနှင့် ခမရ (၂၉၉) စစ်တပ်တို့သည် ၄င်းတို့နယ်မြေတွင်း ဂိတ်အရေအတွက်အများဆုံးနှင့် ဂိတ်ကြေးတောင်းခံမှုအများဆုံး ဖြစ်သည်ဟု ကားသမားများက ပြောသည်။

    ထားဝယ်- ရေးကားလမ်းပိုင်းနှင့် ရေး- မော်လမြိုင်တို့သည် မော်လမြိုင်- ရန်ကုန် ကားလမ်းပိုင်းကဲသို့ လုံခြုံချောမွေ့မရှိသလို လုံခြုံစိတ်ချမှုလည်းမရှိသဖြင့် ထားဝယ်မှ မော်လမြိုင်အထိ ညကားများပြေးဆွဲခြင်းခွင့်မပြုပါ။

    “တချို့ခရီးသည်တွေ ထားဝယ်ကနေ မော်လမြိုင်အထိ မီးရထားနဲ့လာပြီး ညနေ၇ နာရီထွက်တဲ့ ရန်ုကုန်မော်တော်ယာဉ်တွေနဲ့ သွားကြတယ်။ ထားဝယ်-ရန်ကုန် ကားခထက်ဝက်လောက် စျေးသက်သာတယ်” ဟု ထားဝယ်ခရီးသွား ဦးမောင်ချိုက ပြောသည်။

    ထားဝယ်- မော်လမြိုင်ကားလမ်းတလျှောက် မော်လမြိုင်- ရေးမြို့နယ်မလွှဲတောင်ထိပ်အထိ အေကို (AK) ကုမ္ပဏီလီမိတက်မှ တာဝန်ယူလုပ်ကိုင်သည်ဟု ထားဝယ် -မော်လမြိုင်ခရီးသည်တဦးက ပြောသည်။

    မုတ္တမရန်ကုန်ကားလမ်းပိုင်းမှာ ရွှေသံလွင်ကုမ္ပဏီမှတာဝန်ယူပြုပြင်တည်ဆောက်ပြီး လမ်းအသုံးပြုခ အကောက်အခွန်များကိုရရှိသည်၊ ယနေ့အခြအနေမှာမုတ္တမရန်ကုန်ကား လမ်းပိုင်းသည် ထိန်းသိမ်းပြုပြင်မှုနည်းပါးလာသဖြင့် လမ်းပျက်စီစပြုလာသည်။

    သို့သော် လမ်းအသုံးပြုခ တိုးပြီးကောက်ခံလျှက်ရှိသည်ဟု မော်လမြိုင်-ရန်ကုန်မှ ရာဇာမင်းခရီးပို့ဆောင်ရေးယာဉ်မှ ယာဉ်မောင်းတဦး ပြောသည်။

    လမ်းအသုံးပြုခတိုးကောက်သည့်အတွက် နေတွက်မကာမိသောကြောင့် ဟိုင်းဝေးခရီးသည်တင်ကားငယ်များမှာ မော်လမြိုင်-မုဒုံခရီးအမည်ခံဖြင့်သာ ဂိတ်ကြေးပေးကြသည်။

    ယခင်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဂိတ်ကြေး၊ မြို့ဝင်ကြေးများ ကောက်ခံသည့်နေရာတွင် အေကိုကုမ္ပဏီလီမိတက်မှ ဝင်ရောက်ကောက်ခံနေသည်။ အေကိုကုမ္ပဏီသည် မော်လမြိုင်-မုဒုံမြို့နယ်အကြားရှိလမ်းဘေးဝဲယာများကို ချဲ့ထွင်ပြုပြင်နေသော်လည်း သံဖြူဇရပ်မှ မလွှဲတောင်အထိ လမ်းပြုပြင်ခြင်းမရှိသေးပါ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks