Homeသတင်းမွန်ပြည်နယ်အတွင်း CDMA -450 MHz ဖုန်းများ သုံးသူများလာ

မွန်ပြည်နယ်အတွင်း CDMA -450 MHz ဖုန်းများ သုံးသူများလာ

-

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချပေးနေသည့် CDMA -450 MHz ဖုန်း

ဂျူရီချိုင်း ။ ။မွန်ပြည်နယ်အတွင်း မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ဘက်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချပေးနေသော CDMA -450 MHz ဖုန်းကို ဒေသခံများ အသုံးများလာကြသည်။

အဆိုပါဖုန်းကို လိုချင်သူများ မော်လမြိုင်မြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ လျှောက်ထားနိုင်ပြီး ၅ သိန်းတန်ဖုန်းဟု ဆိုသော်လည်း နယ်ဘက်မှာ ကျပ်ငွေ ၆ သိန်းနှင့် ၇ သိန်းကြားပေးနေရသည်။ ထိုဖုန်းအတွက် ဖုန်းကဒ်ကို ၃ သောင်းပေးဝယ်ရကာ တစ်မိနစ်လျှင် ၅၀ ကျပ် ကုန်ကျသည်ဟု မုဒုံမြို့နယ်ရှိ ဖုန်းလျှောက်ထားသူတစ်ဦးက ပြောသည်။

“အခု နောက်ဆုံးထွက်တဲ့ ဖုန်းပေါ့နော် လူတွေတော်တော်ဝယ်ယူနေကြတယ် ကျနော်တို့ရွာမှာဆို ၄ လုံးလောက်လျှောက်ထားကြတယ်၊ ကွမ်တာကျေးရွာမှာဆို ၁၀ လုံးအထက်တော့ ရှိကြတယ်” ဟု ၎င်းက ပြောသည်။

ဖုန်းလျှောက်ချင်သူများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျေးရွာထိ စာရင်းလာရောက်ကောက်ခံနေကြောင်း ဖုန်းတိုင်များလည်း စိုက်ထူနေပြီးဖြစ်သည့်အတွက် လျှောက်ထားသူ များပြားလာကြောင်း သံဖြူဇရပ်မြို့မှ ဖုန်းလျှောက်ထားသူတစ်ဦးက ပြောသည်။

“သံဖြူဇရပ်မြို့ပေါ်မှာဆို အများကြီးလျှောက်ကြတာပဲ အလုံးဘယ်လောက်လဲတော့ မသိနိုင်ဘူးလေ ကျမတို့အမတွေတောင် လျှောက်ထားသေးတယ်” ဟု ၎င်းက ပြောသည်။

ယခင်က ကျပ် ၁၇ သိန်းတန် CDMA ဖုန်းချပေးနေပြီး ၄င်းဖုန်းအတွက် ဖုန်းကဒ်မလိုကြောင်း သို့သော် စျေးကြီးပေးဝယ်ရသည့်အတွက် ဝယ်သူနည်းပါးပြီး ယခုနောက်ပိုင်း ချပေးနေသည့် CDMA -450 MHz ဖုန်းကိုသာ စျေးသက်သာစွာဖြင့် ပေးဝယ်ရသည့်အတွက် ဝယ်သူများသည်ဟု ၎င်းက ဆက်ပြောသည်။

ယခုမြို့ပေါ်မှာ CDMA -450 MHz ဖုန်းအမျိုးအစား လျှောက်ထားသူအများအပြားရှိနေကြောင်း အသုံးပြုနေပြီဖြစ်သည့်လူများလည်း ရှိနေကြောင်း လျှောက်ထားတာကျလာသည့်အချိန်မှသာ သတ်မှတ်ထားသောစျေးနှုန်းပေးရသည်ဟု အခြားသံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

ယခုလို နယ်ဘက်မှာပါ CDMA -450 MHz ဖုန်းလိုမျိုး ချပေးနေမှုအပေါ် တချို့က ဒေသခံတွေကို ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးမှုပင်ဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts