spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းစပါးစိုက်ပျိုးဖို့ မိုးရေမလုံလောက်သဖြင့်ရေသွင်းစိုက်ပျိုးနေရ

    စပါးစိုက်ပျိုးဖို့ မိုးရေမလုံလောက်သဖြင့်ရေသွင်းစိုက်ပျိုးနေရ

    -

    မင်းတော်လဝီ ။    ။မွန်ပြည်နယ် ပေါင်မြို့နယ် ကျေးရွာများရှိ လယ်မြေများတွင် မိုးရွာသွန်းမှုနည်းပါးပြီး၊ ရေမလုံလောက်သဖြင့် ထွန်ယက်နှင့် စိုက်ပျိုးရန်အတွက် ရေစုတ်စက်ဖြင့်ရေသွင်းပြီးမှ စိုက်ပျိုးနေရသည်ဟု ဒေသခံလယ်သမားတို့က ပြောသည်။

    “ပျိုးထောင်တုန်းကလည်းရေသွင်းရတယ်၊ အခုပျိုးနှုတ်ပြန်တော့လည်း ရေသွင်းနေရပြန်၊ ပျိုးနှုတ်တဲ့အခါ ရေမရှိရင်အမြစ်ပြတ်တော့ စိုက်ခင်းမှာစပါးပင်သေတယ်” ဟု ပေါင်မြို့နယ်၊ ကျွဲခြံရွာမှ လယ်သမားတစ်ဦးက ပြောသည်။

    “ကြဲထားတဲ့မျိုးတွေလည်းရေမရှိလို့ နေပူဒဏ်ကြောင့် အပင်တွေသေတယ်၊ ပြောင်းစိုက်ထားတဲ့ စပါးပင်တွေလည်း သေတယ်၊ လောလောဆယ်ကြဲထားတဲ့အပင်ပေါက်တွေတောင် အကွက်လိုက်သေကုန်တယ်၊ ရေသွင်းဖို့ ဒီဇယ်ဆီစျေးကြီးတော့မတတ်နိုင်ဘူး” ဟု ပေါင်မြို့နယ် ကမာဘီရွာက လယ်သမားတစ်ဦးက ပြောသည်။

    ပေါင်မြျိ့နယ်လယ်မြေဧက၏ သုံးပုံနှစ်ပုံကျော်မှာ စိုက်ခင်းများဖြစ်ပြီး၊ မိုးရွာသွန်းမှုနည်းခြင်းကြောင့် ရေမတင်၊ စိုက်ခင်းမြေ ပြုပြင်မရသည့်အတွက် စပါးမစိုက်နိုင်၊ ပြီးတော့ သမန်းပြင်ပြီးသော်လည်း ရေမတင်လို့ စပါးမစိုက်နိုင်ဘဲဖြစ်နေသည်။

    “တတ်နိုင်တဲ့လယ်သမားတွေက ရေစုတ်စက်နဲ့ရေတင်ပြီး ပျိုးနှုတ်တာ၊ ကောက်စိုက်တာလုပ်နေတယ်၊ ဒီဇယ်စျေးကလည်းကြီးတယ်၊ ဧပြီးလတုံးက ဒီဇယ်ဆီစျေးက တစ်ဂါလံကို (၂၅၀၀) ကျပ် စျေးရှိနေတယ်၊ စိုက်ထယ်ရေးပြင်တာ၊ ပျိုးနှုတ်တာရေလိုတော့ ပုဂ္ဂလိကဆိုင်တွေဆီက စျေးကြီးကြီးပေးဝယ်ရတယ်၊ အစိုးရဆီက စျေးနှုန်းသက်သက်သာသာလည်းမရဘူး” ဟု ပေါင်မြို့နယ် ရင်းငြိမ်းရွာက လယ်သမားတစ်ဦးက ပြောသည်။

    “မွန်ပြည်နယ်အတွင်းမြို့နယ်များသည် မိုးစပါးထွန်တုံးပိတ်ချိန်၊ ကွင်းပိတ်စိုက်ပျိုးပြီးစီးသည့်အချိန်မှာ ဇူလိုင်လကုန်ရက်မှာဖြစ်ရမည်ဟု ပြည်နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှသတ်မှတ်ထားသော်လည်း ပေါင်မြို့နယ်၏စိုက်ပျိုးပြီးမှုအခြေအနေမှာ ဇူလိုင်လ ၁၅ရက်နေ့အထိကို ၆၀ရာခိုင်နှုန်းလောက်သာပြီးစီးသာပြီးစီးသည့်အတွက် သြဂုတ်လအထိဆက်လက်စိုက်ပျိုးသွားရမည်” ဟုပေါင်မြို့နယ်မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်းရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

    ခါတိုင်းနှစ်ထက် စိုက်ပျိုးပြီးချိန်နောက်ကျရခြင်းမှာ မုတ်သုန်မိုးအဝင်နောက်ကျခြင်း မိုးဦးမကောင်းခြင်း ရေလုံလုံလောက်လောက်မရသည့်အတွက် စိုက်ချိန်နောက်ကျခြင်း ပြည်နယ်အတွင်းက မြို့နယ်တိုင်းဖြစ်နေကြတယ်ဟု အထက်ပါဝန်ထမ်းက ပြောသည်။

    မွန်ပြည်နယ်၏ တနှစ်ပျမ်းမျှမိုးရေသည် (၂၁၀) လက္မရှိပြီး၊ ပေါင်မြို့နယ်၏ ပျမ်းမျှမိုးရေချိမ်မှာ ပျမ်းမျှ (၂၂၀) လက္မရှိသည်။ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလများက မိုးရွာသွန်းမှုအများဆုံးလဖြစ်ပြီး၊ ၄င်းသုံးလ၏ မိုးရေချိန်သည် တနှစ်လုံး မိုးရေချိန်၏ (၇၀) ရာနှုန်းကျော်သည်ဟု ပြည်နယ် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ မိုးစပါးစိုက်ပျိုးပြီးစီးမှု အစီရင်ခံစားအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks