Homeသတင်းဆိုင်ကယ် ဖမ်းဆီးမှုသတင်းကြောင့် အရောင်းအဝယ် နှောင့်နှေးမှုရှိ

ဆိုင်ကယ် ဖမ်းဆီးမှုသတင်းကြောင့် အရောင်းအဝယ် နှောင့်နှေးမှုရှိ

-

၂၀၀၈ ခုနှစ် မြေနီကုန်းယာဉ်ရပ်နားစခန်းအတွင်း လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်ပြုလုပ်ပေးနေစဉ်

မင်းအဲ ။ ။ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ အာဏာပိုင်တို့မှ လိုင်စင်မဲ့ဆိုင်ကယ်များ ဖမ်းဆီးမည်ဟု သတင်း ထုတ်ပြန်ထားခြင်းကြောင့် စျေးဆိုင်အတွင်း အရောင်းအဝယ် ကျဆင်းမှုရှိနေသည်ဟု စျေးသည်အသိုင်းအဝိုင်းတို့၏ ပြောပြချက်အရ သိရသည်။

ဒေသခံအာဏာပိုင်တို့မှ လိုင်စင်မဲ့ ဆိုင်ကယ်များ တရားဝင်အဖြစ် လိုင်စင်ပြုလုပ်ရန် ဇွန်လအတွင်း ကြောငြာထားပြီး သတ်မှတ်အချိန်အတွင်း ပြုလုပ်မှုမရှိပါက အဖမ်းအဆီးပြုလုပ်သွားမည့် သတင်းကြောင့် ဒေသခံများ အပြင်မထွက်ရဲခြင်းကြောင်း စျေးအရောင်းအဝယ်လည်း ပါးသွားသည်ဟု စျေးသည်တို့က ပြောသည်။

အဆိုပါ ဆိုင်ကယ်ဖမ်းဆီးမှုသတင်းကြောင့် မြို့ကြီးဖြစ်သော မော်လမြိုင်မြို့၊ သံဖြူဇရပ်၊ လမိုင်၊ ရေး အစရှိသည့်မြို့ပေါ် ဆိုင်ဖွင့်ထားသူတို့က ရောင်းလိုအား ယခင်ကထက် သုံးပုံတပုံလောက်ကျဆင်းမှုရှိသည်ဟု မော်လမြိုင်မြို့ပေါ်မှ စျေးသည်တစ်ဦးက ပြောသည်၊၊

အခုလို အာဏာပိုင်တွေ လိုင်စင်မဲ့ဆိုင်ကယ်ဖမ်းမယ်ဆိုတဲ့သတင်းကြောင့် သွားလာတဲ့လူတွေလည်း နည်းသွားတယ်၊ အရောင်းအဝယ်လည်းပါးသွားတယ်၊ အားလုံးကလည်း လိုင်စင်မဲ့ပဲ စီးနေကြတယ်ဆိုတော့လေ၊ မော်တော်ဘီကယ်တွေကလည်း လမ်းတိုင်း အကွေ့တိုင်းမှာ စောင့်နေကြတယ်ဆိုတော့ဟု အထက်ပါမော်လမြိုင်မြို့ခံ စျေးသည်က ပြောသည်၊၊

ယခုကဲ့သို့ ဒေသခံကြားများအကြား ဆိုင်ကယ်အဖမ်းအဆီးသတင်းတွေကြောင့် ဆိုင်ကယ်ကိုသာ အားထားပြီး သွားလာနေကြသူတွေအတွက် အသွားအလာအပြင် စျေးဝယ်ထွက်သူတွေလည်း နည်းပါးလာကြောင်း မော်မြိုင်စျေးကြီးမှ စျေးသည်တစ်ဦးက ညည်ညူးလိုက်သည်၊၊

ကျနော်တို့ မော်လမြိုင်ကနေ ရေးကို ပြန်လာတာ တလမ်းလုံးမှာ ဆိုင်ကယ်မရှိသလောက် ဖြစ်နေတယ်၊ ခါတိုင်းဆို တလမ်းလုံးမှာ ဆိုင်ကယ်တွေနဲ့ ရှုပ်နေတာပဲ မြို့ပေါ်မှာဆို ပိုဆိုးတယ်၊ ရှုပ်ယှက်ကို ခတ်နေတာပဲ၊ လိုင်စင်ရှိတဲ့ ဆိုင်ကယ်တွေပဲ အနည်းအကျဉ်းတွေ့ရတယ်ဟု ခရီးသွားတစ်ဦးက သူ၏ ကိုယ်တွေ့ကို ပြောပြသည်။

မွန်ပြည်နယ်အတွင်း ဒေသခံတို့က အများအားဖြင့် လိုင်စင်မဲ့ဆိုင်ကယ်များကိုသာအသုံးပြုကြသည်။ လိုင်စင်မဲ့ဆိုင်ကယ်သည် စျေးနှုန်းချိုသာစွာဖြင့် အလွယ်တကူဝယ်ယူနိုင်ပြီး နောက်ဆုံးထွက်သည့် Model ကိုလည်း ဝယ်စီးနိုင်ခြင်းကြောင့် အများအားဖြင့် ဝယ်စီးကြသည်။

ယခုလိုမျိုး ဒေသခံများ လိုင်စင်ပြုလုပ်ရန်နှောင့်နှေးနေရသည်မှာ လိုင်စင်ပြုလုပ်ခသည် သာမာန်လိုင်စင်မဲ့ဆိုင်ကယ်တစ်စီးစာကုန်ကျနေသည့်အတွက် အများအားဖြင့် မပြုလုပ်လိုကြကြောင်း လိုင်စင်မဲ့ဆိုင်ကယ်ပိုင်ရှင်အသိုင်းအဝိုင်းတို့မှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts