spot_img
Monday, February 24, 2025
More
    spot_img
    Homeသတင်းဆွိုင်း အနှိပ်ခန်းနှင့် စားသောက်ဆိုင်ပိုင်ရှင်အမှုဖွင့်

    ဆွိုင်း အနှိပ်ခန်းနှင့် စားသောက်ဆိုင်ပိုင်ရှင်အမှုဖွင့်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ။ ။ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှ ဆွိုင်း အနှိပ်ခန်းနှင့် စားသောက်ဆိုင်ပိုင်ရှင် စောသန်းအောင်၏ သေဆုံးသည့်အမှုကို အတူနေ၄င်း၏ချစ်သူက တရားရုံးတွင် အမှုဖွင့်လိုက်သည်။

    စောသန်းအောင်၏ချစ်သူက စောသန်းအောင်သေဆုံးပြီးနောက်တနေ့တွင် ၄င်း၏အသုဘအခမ်းအနားနှင့် ၄င်း၏အမှုကို တရားရုံးတွင် ဖွင့်လိုက်ကြောင်း စောသန်းအောင်၏အသုဘအခမ်းအနားကို တက်ရောက်သူတစ်ဦးက ပြောသည်။

    ၄င်းအခမ်းအနားတက်ရောက်သူတစ်ဦးက “သူရဲ့အမှုကို ဖွင့်ဖို့က တရားလိုမရှိ ဖြစ်နေတယ်၊ ဒါပေမဲ့ သူနဲ့အတူနေတဲ့ ဆွိုင်းမှာရှိနေတဲ့ သူ့ချစ်သူက အမှုဖွင့်လိုက်တာ” ဟု ဆိုသည်။ စောသန်းအောင်၏ အသုဘအခမ်းအနားကို ဆွိုင်းမှ ဝန်ထမ်းများက ဦးစီးကျင်းပသည်။

    စောသန်းအောင်ကို ဇူလိုင်လ ၁၂ ရက်နေ့နံနက် ၉ နာရီခန့်တွင် သုံးဆူမြို့ ရပ်ကွက် () ရှိ ဘိုးဘွားရိပ်သာအနီးတွင် ၄င်း၏လည်းပင်းနှင့်ပါးစပ်ကို ဝါယားကြိုးဖြင့် ချည်းနှောင်ထားပြီး၊ မျက်နှာနှင့် ဦးခေါင်းကို ဓားဖြင့် ခုတ်ထစ်ထားသည်ဟု ၄င်း၏အလောင်းကို မြင်တွေ့ခဲ့ရသူတို့က ပြောသည်။

    မြန်မာဒေသခံအာဏာပိုင်တို့က စောသန်းအောင်၏အမှုမှာ လူသတ်မှုဟု ယူဆသော်လည်း ၄င်း၏သေဆုံးရသည့်အကြောင်းအရင်းကို မသိသေးပေ။

    စောသန်းအောင်မှာ ဇူလိုင်လ ၁၁ ရက်နေ့ ညနေ့ ၉ နာရီခန့်တွင် ၄င်းငှားရမ်းနေထိုင်သည့်တန်းလျားမှ ထွက်သွားပြီးနောက် ဘိုးဘွားရိပ်သာအနီးတွင် သေဆုံးသွားခဲ့သည်ဟု စောသန်းအောင်နှင့် နီးစပ်သူတို့က ပြောသည်။ စောသန်းအောင်သည် ဆွိုင်းအနှိပ်ခန်းနှင့် စားသောက်ဆိုင် ဖွင့်လှစ်ခဲ့သည်မှာ ၃ နှစ်ခန့်သာရှိသေးသည်။

    စောသန်းအောင်မှာ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေပီစီ– KPC) မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကေပီစီသို့ ရောက်ရှိလာသည်မှာ မကြာသေးဟု ကရင်ငြိမ်းချမ်းရေးကောင်စီမှ ဒုခွဲမှူးတစ်ဦးက ပြောသည်။

    စာသန်းအောင် ကေပီစီသို့ ဝင်ရောက်လာခြင်းမှ ၄င်း၏စီးပွားရေးနှင့် လုံခြုံရေးအတွက်ဖြစ်ပြီး ကေပီစီမှလည်း စောသန်းအောင်ထံမှ အခွန်အကောက်ရရှိရန်အတွက် ၄င်းအဖွဲ့အတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,200SubscribersSubscribe
    spot_img

    Latest posts