spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းလယ်သမားများ ဓာတ်မြေသြဇာ မသုံးနိုင်

    လယ်သမားများ ဓာတ်မြေသြဇာ မသုံးနိုင်

    -

    မင်းတော်လဝီ။  ။ တောင်သူလယ်သမားများသည် ငွေကြေးကြပ်တည်းပြီး ဓာတ်မြေသြဇာ စျေးနှုန်းကြီးမြင့်မှုကြောင့် စပါးခင်းထဲသို့ ဓာတ်မြေသြဇာ မထည့်နိုင်ဘဲ ဖြစ်နေကြသည်ဟု သိရသည်။

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ရွာမှ လယ်သမားများသည် ပျိုးခင်းအဆင့်မှာပင် ဓာတ်မြေသြဇာဝယ်မသုံးနိုင်သည့်အပြင် စိုက်ခင်းတွင်လည်း ဓာတ်မြေသြဇာမသုံးနိုင်ဘဲ ဖြစ်နေသည်။

    လယ်သမားအများစုက ငွေမရှိတော့ ပျိုးခင်းမှာသုံးဖို့တောင် ဝယ်မသုံးနိုင်ကြဘူး၊တချို့ ပိဿာချိန်နဲ့ ဝယ်သုံးနေရတယ်၊ လယ်များတဲ့တချို့လယ်သမားတွေလောက်ပဲ အိတ်နဲ့ဝယ်သုံးနိုင်ကြတယ်” ဟု ဇင်းကျိုက်ရွာမှ လယ်သမားတဦးက ပြောသည်။

    ပေါင်မြို့နယ်ဘက်ရှိ လယ်သမားများသာမက မွန်ပြည်နယ်ရှိ မြို့နယ်အများစုမှာလည်း လယ်သမားများသည် ဓာတ်မြေသြဇာစျေးနှုန်းမြင့်မှု ကုန်သည်များမှ စျေးနှုန်းမြှင့်တင်မှုကြောင့် မဝယ်နိုင်တာဖြစ်သည်။ အကယ်၍ ဓာတ်မြေသြဇာကို သတ်မှတ်နှုန်းထားအတိုင်း ဝယ်ထည့်ပြန်ရင်လည်း ရရှိလာမည့်အကျိုးအမြတ်နှင့် မကာမိသည့် အတွက်ဖြစ်သည်။

    ဒီနှစ် လယ်လုပ်ရာသီမှာ ထိုင်းကထုတ်တဲ့ မြင်းပျံတံဆိပ် ဓါတ်မြေသြဇာ ယူရီးယား (ပုလဲ) တစ်အိတ်က ကျပ် ၂၈ဝဝဝ ရှိနေပြီး ပြီးခဲ့တဲ့နှစ်က ကျပ် ၂၅ဝဝဝ ရှိခဲ့တယ်ဆိုတော့ ကျပ် ၃ဝဝဝ စျေးတက်သွားတယ်’’ ဟု ဇင်းကျိုက်မှ လယ်သမားက ပြောသည်။

    တရုတ်မှသွင်းလာသော ပုလဲဓာတ်မြေသြဇာ (၅ဝ) ကီလိုတစ်အိတ်လျှင် ကျပ် ၁၅ဝဝဝ ရှိသော်လည်း နိုက်ထရိုဂျင်ဓာတ်ပါဝင်မှုနည်း၍ လယ်သမားများမသုံးလိုပါ။ ထိုင်းနိုင်ငံထုတ် ဓာတ်စုံမြေသြဇာမှာ စျေးကြီးပြီး (၅ဝ) ကီလိုတစ်အိတ်မှာ ကျပ် ၃၅ဝဝဝ ရှိ ပြီးလယ်သမားများသုံးလိုသော်လည်းမသုံးနိုင်ဘဲ ခြံသမားများသာ သုံးနိုင်သည်ဟု ပေါင်မြို့နယ် ကျုံကကျေးရွာမှ ရာဘာခြံပိုင်ရှင်အမျိုးသမီးတဦးက ပြောသည်။

    ပုလဲ၊ ဆူပါဖေါ့စဖိတ် (သာကူစေ့) နှင့် ပိုတက်ချ် (ဓာတ်ပြာ) မြေသြဇာ အားလုံးက စျေးကြီးနေတယ်၊ ပုလဲမြေသြဇာတမျိုးတည်း စပါးပျိုးပင် ကြီးထွားဖို့မသုံးနိုင်ဘူး။ စိုက်ခင်းကို ဘယ်နည်းနဲ့မသုံးနိုင်တော့လို့ စပါးအထွက်ကိုပါထိခိုက်နိုင်မယ်’’ ဟု ဇင်းကျိုက်တိုက်နယ် ပန်းကုန်းရွာက လယ်သမားတဦးက ပြောသည်။

    ဓာတ်မြေသြဇာကို ယခင်နှစ်က အစိုးရဌာနမြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ အနည်းအကျဉ်းနှင့် ကုန်သည်များမှ ရောင်းချပေးခဲ့သော်လည်း ယခုနှစ်တွင် ကုန်သည်များသာ ရောင်းချသည်ဟု ပေါင်မြို့မှ ဓာတ်မြေသြဇာ ရောင်းဝယ်နေသူတဦးက ပြောသည်။

    ဓာတ်မြေသြဇာ စျေးနှုန်းမြင့်ရခြင်းမှာ ထိုင်းမြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတင်သွင်းနေသော ဓာတ်မြေသြဇာများကို မြန်မာအာဏာပိုင်များက စစ်ဆေးမှုများ ပိတ်ပင်မှုများကြောင့် ယခုလို စျေးတက်နေရတယ်ဟု ကုန်သည်အသိုင်းအဝိုင်းက ပြောသည်။

    မြန်မာနိုင်ငံမှာစပါးစိုက်ပျိုးရေးအတွက် ပုလဲဓာတ်မြေသြဇာတစ်မျိုးတည်းကိုပင် တစ်နှစ်လျှင် တန်ချိန် () သိန်းခန့်လိုအပ်သော်လည်း ယခုလက်ရှိမြန်မာနိုင်ငံမှ စလေနှင့် ကျွန်းချောင်းဓာတ်မြေသြဇာ စက်ရုံနှစ်ရုံမှာ တန်ချိန်တစ်သိန်း ခန့်မထုတ်နိုင်၍ ပြည်ပနိုင်ငံများမှတင်သွင်းနေရသည်ဟု မြန်မာ့စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးတဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks