spot_img
Sunday, June 1, 2025
More
    spot_img
    Homeသတင်းကွန်နက်ရှင်ကြောင့် အင်တာနက်သုံးစွဲသူနည်းပါးလာ

    ကွန်နက်ရှင်ကြောင့် အင်တာနက်သုံးစွဲသူနည်းပါးလာ

    -

    ဂျပန်အင်တာနက်ဆိုင် (မော်လမြိုင်)

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ။   ။မီးပုံမှန်ပြန်ရနေသည့်အတွက် အင်တာနက်ဆိုင်ဖွင့်ထားသူများ အဆင်ပြေမှုရရှိမည်ဟု မျှော်မှန်းထားသော်လည်း ကွန်နက်ရှင်မကောင်းသည့်အတွက် ဆိုင်ဝင်ရောက်သူနည်းပါးလာက ဆိုင်ရှင်များအခက်ကြုံနေရသည်။

    “တလလောက်တော့ရှိနေပြီး မီးက ပုံမှန်ပြန်ရလာတယ် ၂၄ နာရီနီးပါးတော့လာနေတယ်၊ အဆင်ပြေမယ့်အနေအထားမှာပေါ့ ဒါပေမဲ့ အခုဖြစ်ပြန်တာက ကွန်နက်ရှင် လုံးဝမကောင်းတော့ဘူးဗျ၊ ဆိုင်ကိုလာတဲ့လူတွေတောင် မနည်း ပါးသွားပြီး ဒီအတိုင်းသာသွားရင် ဆိုင်ပါ ပိတ်ရမလိုဖြစ်နေပြီး” ဟု မော်လမြိုင်မြို့ပေါ်ရှိ အင်တာနက်ဆိုင်ဖွင့်သူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    မော်လမြိုင်မြို့ပေါ်တွင် အင်တာနက်ဆိုင် ၈ ဆိုင်လောက်ရှိပြီး လာရောက်သုံးစွဲသူများအတွက် တစ်နာရီလျှင် ကျပ် ၅၀၀ ရာနှုန်းဖြင့် သုံးစွဲခပေးဆောင်ရသည်။

    ယခင်က မီးမလာလို့ မီးစက်မောင်းရတော့ အခက်အခဲကတမျိုး အခုတော့လည်း မီးကပုံမှန်ပြန်လာနေပြီးဖြစ်သော်လည်း ကွန်နက်ရှင်က မကောင်းပြန်တော့ ကျနော်တို့တတွေက ဒီလိုနဲ့ပဲ လည်နေတာ လုပ်စားလို့တော့ လုံးဝမကောင်းဘူး၊ အရင်းတွေထုတ်ထားရလို့တာ ဆက်လုပ်နေကြရတာဟု ၄င်းက ဆက်ပြောသည်။

    လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်ဝန်းကျင်ခန့်မှစပြီး မော်လမြိုင်မြို့ပေါ်တွင် အင်တာနက်ဆိုင်များ စတင်ပေါ်ပေါက်လာပြီး အစပိုင်းတွင် သုံးစွဲသူအနည်းအကျဉ်းသာရှိပြီး ယခုနောက်ပိုင်း လူငယ်များအကြားတိုးတက်လာသည့် နည်းပညာများကြောင့် အင်တာနက်သုံးစွဲသူတွေလည်း များလာကြောင်း သိရသည်။

    အင်တာနက်သုံးစွဲသူတစ်ဦး၏ ပြောပြချက်အရ “အခုတလောတော့ ကွန်နက်ရှင်လုံးဝမကောင်းဘူး၊ တနာရီထဲနဲ့သုံးရင် ဘာမှလုပ်လို့ရမှာမဟုတ်ဘူး အကြာကြီးပဲစောင့်ရတယ်၊ ဟိုတုန်းက ဒီလောက်ထိမဆိုးဘူး၊ အမြဲတော့မသုံးတော့ပါဘူး အခု၊ တခါတလေမှပဲ သုံးတော့တယ်” ဟု သူက ပြောသည်။

    ဒီလိုဖြစ်နေတာ တလလောက်တော့ရှိနေပြီး၊ ယခင်ကဆို မီးမလာလို့ ဆိုင်က စက်မောင်းပြီး သုံးရတာ ကွန်နက်ရှင်ကတော့ အကောင်းကြီးမဟုတ်တာတောင် ဒီလောက်တော့မဆိုးဘူးပေါ့၊ အခုက မီးဆိုလည်း ပုံမှန်ပြန်ဖြစ်လာနေပြီး၊ မော်လမြိုင်မှာ မီးပုံမှန်ပြန်လာနေပြီး၊ တက္ကသိုလ်ဝန်းကျင်မှာဆို ၂၄ နာရီနီးပါးလာနေတယ် ပျက်တယ်ဆိုရင်လည်း ခဏတဖြုတ်ပါပဲဟု ၄င်းကျောင်းသားက ပြောသည်။

    “အရင်က မီးမလာလို့ မီးစက်မောင်းပြီး ဆိုင်ဖွင့်တာ ဘာပဲပြောပြော အမြတ်မကျန်တာတောင် ဆိုင်ကို သုံးတဲ့လူတွေ ပုံမှန်လာနေတယ် အမြတ်တော့နည်းတာပေါ့ ဒါပေမဲ့အခုက သုံးလို့မှမကောင်းတော့ ဘယ်သူက လာသုံးတော့မှာလည်း အရင်က ကွန်ပျူတာတွေတောင်မအားဘူး” ဟု အထက်ပါ ဆိုင်ရှင်က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,800SubscribersSubscribe
    spot_img

    Latest posts