spot_img
Tuesday, July 15, 2025
More
    spot_img
    Homeသတင်းစံခလပူရီတွင် ထိုင်းနိုင်ငံသို့ ခိုးဝင်သည့် ကားတစ်စီး တိမ်မှောက်သွား

    စံခလပူရီတွင် ထိုင်းနိုင်ငံသို့ ခိုးဝင်သည့် ကားတစ်စီး တိမ်မှောက်သွား

    -

    ထိုင်းရဲက ဆေးရုံပို့နေစဉ်

    ဂျူရီချိုင်း။    ။ထိုင်းနိုင်ငံသို့ တရားမဝင်ခိုးဝင်လာသည့် အလုပ်သမား တင်ကားတစ်စီး တိမ်မှောက်သွားပြီး ဒဏ်ရာအများအပြားရရှိကြသည်။

    ယနေ့နံနက် ၁၂ နာရီခွဲဝန်းကျင်မှာ ဘုရားသုံးဆူမြို့မှအထွက် စံခလပူရီမရောက်ခင် စံခလယ်ချောင်းအနီးတွင် ထိုင်းနိုင်ငံသို့ အလုပ်သမားများ ခိုးဝင်တင်ဆောင်လာသည့် ကားတစ်စီး တိမ်းမှောက်သွားရာ ကား၌ပါလာသူ အများအပြားဒဏ်ရာရရှိသည်။

    အဆိုပါ တိမ်မှောက်သွားသည့် ကားမှာ စုစုပေါင်း လူ ၂၇ ဦး တင်ဆောင်လာပြီး၊ ဒဏ်ရာရသူ ဦးကို စံခလပူရီဆေးရုံ၌ ဆေးကုသခံယူနေကာ ဒဏ်ရာပြင်းထန်သူတစ်ဦးကို ကန်ချနပူရီခရိုင်ဆေးရုံသို့ အရေးပေါ်ပို့ထားလိုက်ရသည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

    ကားပေါ်မှာပါလာတဲ့လူတွေအားလုံးက ထိုင်းမှာ အလုပ်လုပ်ဖို့ ပွဲစားကနေတဆင့် ခိုးဝင်လာတာဖြစ်တယ်ဟု ၎င်းက ပြောသည်။

    ကားတိမ်မှောက်ရခြင်းအကြောင်းအရင်းကို ဘယ်သူမှ တိတိကျကျမသိသေးကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။

    အဆိုကားတိမ်မှောက်ရာတွင် ဒဏ်ရာရရှိသူများအနက် ကလေးငယ်လေးများလည်း ပါဝင်သည်ဟု ၄င်းမျက်မြင်က ပြောသည်။

    အခြားဒဏ်ရာမပြင်းထန်သည့် အလုပ်သမား (၁၈) ဦးကို စံခလပူရီရဲစခန်း၌ စစ်ဆေးမှုများ ပြုလုပ်ပြီး ဘုရားသုံးဆူ မြန်မာဘက်ကမ်းသို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း ထိုင်းအာဏာပိုင် အသိုင်းအဝိုင်းက ပြောသည်။

    ကားသမားကတော့ ထွက်ပြေးသွားလိုက်ပြီး၊ ထိုင်းနိုင်ငံသားပဲဖြစ်နိုင်တယ် အခုထိတော့ လိုက်စုံစမ်းနေတုန်းပဲဟု ၎င်းက ပြောသည်။

    အဆိုပါကားကို စံခလပူရီမှရဲများ သိမ်းဆည်းထားပြီး ဒရိုင်ဘာထွက်ပြေးလွတ်မြောက်သွားသဖြင့် မည်သူမည်ဝါဖြစ်သည်ကို ထိုင်းရဲများက လိုက်လံစုံစမ်းနေဆဲဖြစ်သည်။

    ထိုင်းမြန်မာနယ်စပ်ဝင်ပေါက်တပေါက်ဖြစ်သည့် ဘုရားသုံးဆူနယ်စပ်မှာ ရွေ့ပြောင်းအလုပ်သမားများ မကြာခဏဆိုသလို ဖမ်းဆီးမှုများဖြစ်ပေါ်နေပြီး ထိုသို့အဖမ်းခံရသူများ ထိုင်းအာဏာပိုင်တို့မှ နယ်စပ်ဘုရားသုံးမြို့သို့ ပြန်လည်ပို့ဆောင်လေ့ရှိသည်။

    သို့သော် အလုပ်သမားအများစုက ရရနည်းဖြင့် ထိုင်းနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက် ရန်ကြိုးပမ်းကြသည်။


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,800SubscribersSubscribe
    spot_img

    Latest posts