spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမွန်ပါတီကို ကြိုဆိုရန် ရွာသားများ အသင်း ဖွဲ့စည်း

    မွန်ပါတီကို ကြိုဆိုရန် ရွာသားများ အသင်း ဖွဲ့စည်း

    -

    မိကျလွန်းထော။  ။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စည်းရုံးရေးခရီးစဉ်အား ကြိုဆိုရန်အတွက် မွန်ကျေးရွာ ပြည်သူများက ကျေးရွာအဖွဲ့အစည်းများ ဖွဲ့စည်းနေသည်ဟု သိရသည်။

    မွန်ပြည်နယ် ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲနှင့် သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာများတွင် ပါတီ၏ စည်းရုံးရေးခရီးစဉ်ကို ကြိုဆိုရန်အတွက် ရယက ဥက္ကဌ များက လွန်ခဲ့သည့် ရက်သတ္တပတ်တွင် အစည်းအဝေး ခေါ်ယူခဲ့သည်ဟု သိရသည်။

    “ပါတီ စည်းရုံးရေးခရီး ဆင်းရင် ဧည့်ခံဖို့ရော၊ သွားလာရေးအတွက်ပါ ကူညီပေးဖို့ ရွာဥက္ကဌက အစည်းအဝေးမှာ ခေါ်ပြောထားတယ်၊ အသင်းဖွဲ့ပြီး အသင်းထဲမှာ ပါဝင်ဖို့ စိတ်ဝင်စားတဲ့သူ များတယ်” ဟု လမိုင်းမြို့နယ်ရှိ ရွာသားတစ်ဦးက ပြောသည်။

    ကျေးရွာအဖွဲ့အစည်း ဖွဲ့စည်းခြင်းနှင့်  ကြိုဆိုဧည့်ခံခြင်းအတွက် ကုန်ကျစရိတ်ကို ရယက ဥက္ကဌမှ တာဝန်ယူသွားမည်ဟုလည်း ၄င်းရွာသားက ဆက်ပြောသည်။

    သို့သော်လည်း အချို့သောသူများမှာ အသင်းအဖွဲ့ဝင်ရန် ကြောက်ရွံ့နေကြသည်ဟု ၎င်းရွာမှ ကျောင်းဆရာမတစ်ဦးက ဆိုသည်။

    “ဥက္ကဌက တာဝန်ပေးတဲ့အချိန်မှာ အချို့ရွာသားတွေက ကြောက်နေကြတယ်၊ ဒီလိုကိစ္စမျိုးက ကြောက်စရာ မလိုပါဘူး၊ လုပ်သင့်ပါတယ်” ဟု ၄င်းက ဆက်ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ပထမဆုံးခရီးစဉ် ဇွန်လလယ်တွင် မြို့ပေါ်ရှိ အသင်းအဖွဲ့များနှင့် ရဟန်းသံဃာတော်များ အကြားတွင်သာ စည်းရုံးခဲ့ပြီး ပြည်သူများအကြား စည်းရုံးရေးမဆင်းရသေးကြောင်း သိရသည်။

    ၄င်းပါတီ၏ ပထမဆုံးခရီးစဉ်တွင် ပါတီ၏ ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်များကို တက်ရောက်လာသည့် အသင်းအဖွဲ့များနှင့် ဆရာတော် သံဃာတော်များအာ ရှင်းလင်းပေးခဲ့သည်။

    “ကျတော်တို့မြိ့ုမှာလည်း မွန်ပါတီလာရင် ဧည့်ခံဖို့ အဖွဲ့တွေ ဖွဲ့နေကြတယ်”ဟု သံဖြူဇရပ်မြို့သားတစ်ဦးကလည်း ပြောသည်။

    ရေးမြိ့ုနယ် နှင့် သံဖြူဇရပ်မြိ့ုနယ်များတွင် အထက်ပါပါတီအား ကြိုဆိုရန် ပြင်ဆင်နေကြသော်လည်း မုဒုံမြိ့ုနယ်နှင့် အခြားမြိ့ုနယ်များတွင် မည်သို့မျှ မပြုလုပ်ရသေးကြောင်း သိရသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ၂၀၁၀ ခုနှစ် ဧပြီလ (ရ) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပါတီခေါင်းဆောင်မှာ နိုင်ငွေသိန်း ဖြစ်သည်။

    မေလ (၂၄) ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား ပါတီမှတ်ပုံတင်အမှတ် (၁၃) ဖြင့် မှတ်ပုံတင်ခွင့် ပြုခဲ့သည်။

    ပါတီရုံးချုပ်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်တွင် ဖွင့်လှစ်ထားပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ယှဉ်ပြိုင်အရွေးခံရန် ရည်ရွယ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks