spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနား ဘန်တောင်ယန်စခန်းတွင် ကျင်းပ

    ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနား ဘန်တောင်ယန်စခန်းတွင် ကျင်းပ

    -

    ဂျူရီချိုင်း။  ။ ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စန်ခလဘူူရီမြို့နယ် ဘန်တောင်ယန်ဒုက္ခသည်စခန်းတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါအခမ်းအနားကို နံနက် ၉နာရီမှ နေ့လည် ၁၂ နာရီထိ ကျင်းပခဲ့ပြီး ပရိတ် ၅၀၀ ကျော်တက်ရောက်ခဲ့သည်။

    ကမ္ဘာ့ဒုက္ခသည်များနေ့ကို ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းများက တစ်ရက်စီ ကျင်းပကြပြီး ဘန်တောင်ယန် ဒုက္ခသည်စခန်းတွင် နောက်ဆုံး ကျင်းပသည်။

    ဒီစခန်းမှာတော့ ခါတိုင်းနှစ်ဆို ဇွန်လ ၂၀ ရက်နေ့မှာ ကျင်းပတယ် ဒီနှစ်တော့ ပြောင်းလိုက်တယ် ဒီနှစ်က ဒီထိုင်းမြန်မာနယ်စပ် မြောက်ဘက် ဒုက္ခသည်စခန်းကနေ စပြီး လုပ်တယ်ဟု ၎င်းက ပြောသည်။

    ထိုင်းမြန်မာနယ်စပ်တွင် ဒုက္ခသည်စခန်း ခု ရှိပြီး ဒုက္ခသည်ပေါင်း ၁၄၀ ၀၀၀ ကျော် ရှိသည်။

    ဘန်တောင်ယန်စခန်းသည် ဒုက္ခသည်ပေါင်း ၄၀၀၀ ကျော် ရှိပြီး စခန်း ခုအနက် လူဦးရေအနည်းဆုံးစခန်း ဖြစ်သည်။ စခန်းအတွင်းတွင် မွန်၊ ဗမာ၊ ကရင်နှင့် ထာယ်လူမျိုးအများစု နေထိုင်ကြသည်။

    ဒုက္ခသည်များအား နေရာချထားပေးခြင်းနှင့် ထောက်ပံ့ပေးခြင်းများကို သိစေလို၍ ယခုကဲ့သို့ အခမ်းအနားကျင်းပခြင်း ဖြစ်ကြောင်း အခမ်းအနားဦးစီး ကျင်းပသူတစ်ဦးက ပြောသည်။

    ဘန်တောင်ယန်စခန်းတွင် ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားကို ၂၀၀၈ ခုနှစ်မှ စ၍ နှစ်စဉ်ကျင်းပလာခဲ့ပြီး ယခုနှစ်သည် ကြိမ်မြောက် အခမ်းအနား ကျင်းပခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks