spot_img
Sunday, September 14, 2025
More
    spot_img
    Homeသတင်းမွန်ပြည်နယ် အချို့မြိ့ုနယ်များတွင် မိုးမရွာနိုင်သေး

    မွန်ပြည်နယ် အချို့မြိ့ုနယ်များတွင် မိုးမရွာနိုင်သေး

    -

    မိကျလွန်းထော။  ။မိုးရာသီရောက်ပြီ ဖြစ်သော်လည်း မွန်ပြည်နယ်အတွင်းရှိ အချို့မြိ့ုနယ်များတွင် မိုးလုံးဝ မရွာသွန်းသေးသဖြင့် လယ်သမားများ စပါးစိုက်ပျိုးရန် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

    ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲနှင့် သံဖြူဇရပ်မြို့နယ်တို့တွင် မိုးမရွာသွန်းသေးကြောင်း လယ်သမားများထံမှ သိရသည်။

    “မိုးရွာတာကို စောင့်နေရတာ မျိုးစေ့တောင် မစိမ်ရဲဘူး၊ အခုဆိုရင် ချောင်းက ရေသွယ်ယူနေရတယ်၊ နှစ်တိုင်းဆိုရင် ဒီအချိန် စပါးပျိုးပြီးလို့ စိုက်ခါနီးနေပြီ၊ မိုးမရွာတာ တော်တော်ဒုက္ခရောက်တာပဲ၊ ကျတော့်လယ်က ချောင်းနဲ့နီးတော့ ရေသွယ်ယူလို့ ရတယ်၊ တချို့လယ်တွေက ရေလုံးဝကို မရှိတာ” ဟု လမိုင်းမြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။

    ၄င်းမြို့နယ်ရှိ အခြားလယ်သမားတစ်ဦးကလည်း မိုးမရွာသောကြောင့် ကောက်ကြီးစပါး စိုက်ပျိုးရန်အတွက် အချိန်နှောင့်နှေးနေရကြောင်း ပြောသည်။

    ကောက်ကြီးစပါး သက်တမ်းမှာ အခြားသော သက်နုစပါးသက်တမ်းထက် ကြာမြင့်သည်။ သက်တမ်းအားဖြင့် ရက်ပေါင်း ၁၅၀ ကျော် ရှိပြီး ရေနက်ကွင်းတွင်သာ အဓိကစိုက်ပျိုးကာ မိုးကောင်းရန်လည်း လိုအပ်သည်။

    မိုးလေဝသဌာနကလည်း ယခုနှစ်တွင် မိုးစောစော ဆုတ်နိုင်တယ်ကြောင်း ခန့်မှန်းထားသည်ဟု သထုံခရိုင် စိုက်ပျိုးရေးဝန်ထမ်းတစ်ဦးက ပြောသည်။

    စိုက်ပျိုးချိန်၌ မစိုက်ပျိုးနိုင်သောကြောင့် စပါးအထွက်နှုန်း လျော့နည်းနိုင်ပြီး လာမည့်နှစ်တွင် စပါးစျေးနှုန်းများ မြင့်မားလိမ့်မည် ဖြစ်ကြောင်း လယ်ပိုင်ရှင်များက ခန့်မှန်းကြသည်။

    မွန်ပြည်နယ် အခြားမြိ့ုနယ်များ ဖြစ်သော မုဒုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ပေါင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်တွင်မူ မိုးကောင်းစွာ ရွာသွန်းနေပြီ ဖြစ်ကြောင်း၊ သို့သော်လည်း ယခင်နှစ်ထက် တစ်လခန့် နောက်ကျနေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

    “ကျတော်တို့ ကျွန်းမှာ မိုးတော်တော် ကောင်းတယ်၊ ဒီလလယ်လောက်ဆိုရင် ကျတော့်လယ် စပါးစစိုက်တော့မယ်၊ ဒါပေမယ့် မနှစ်ကနဲ့စာရင် ဒီနှစ်က နောက်ကျတယ်” ဟု ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်) မှ လယ်သမားတစ်ဦးက ပြောသည်။

    မွန်ပြည်နယ်အတွင်း စုစုပေါင်း စပါးစိုက်ဧကပေါင်း ၁၀ သိန်းကျော် ရှိပြီး စပါးအထွက် ဖူလုံ ပိုလျှံသည့် သတ္တမမြောက် ပြည်နယ်တစ်ခု ဖြစ်ကြောင်း ပြည်နယ်မြေစာရင်းဦးစီးဌာန၏ ၂၀၀၅ ခုနှစ်စာရင်းအရ စာရင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,800SubscribersSubscribe
    spot_img

    Latest posts