Monday, March 30, 2026
More
    spot_img
    Homeသတင်းမီးသာမလာ မီတာခတော့ ပုံမှန်ပေးနေရ

    မီးသာမလာ မီတာခတော့ ပုံမှန်ပေးနေရ

    -

    ဂျူရီချိုင်း။   ။မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းရှိ ခေါ်ဇာမြို့နယ်ခွဲတွင် လျှပ်စစ်မီးမလာသော်လည်း မီတာခ ပုံမှန်ပေးနေရသည်ဟု မြို့ခံတို့က ပြောသည်။

    ညနေပိုင်းတချက်လာတယ်၊ လာပြန်တော့လည်း အားမပြည့်ဘူး နောက်ပြီး တရက်လာလိုက် ပျောက်သွားလိုက် ဒါပေမဲ့ လကုန်ခါနီးရင်တော့ မီတာခဆိုပြီး ပုံမှန်ပဲ ပေးနေရတယ်၊ သူတို့တောင်းသလောက်ပေးနေရတယ်” ဟု ခေါ်ဇာမြို့ခံတစ်ဦးက ပြောသည်။

    မီးလာသည်ရှိသော် မလာသည်ရှိသော် မီတာခကြေးကို တစ်လလျှင် ပုံမှန် ၁၇၀၀ ကျပ် ပေးနေရပြီး၊ လုပ်ငန်းပုံမှန်လည်နိုင်ရန် မီးစက်သုံးရကာ ဆီဖိုးလည်း ထပ်ကုန်နေရသည်ဟု ၄င်းက ပြောသည်။

    မီးကပြတ်တောက် ပြတ်တောက်လာနေတာလေ ကျမတို့အိမ်က မီးသုံးတာများတယ်လေ ကိုယ်လုပ်တဲ့အလုပ်ကလည်း လျှပ်စစ်မီး ရှိမှဖြစ်မှာဟု သူက ပြောသည်။

    ခေါ်ဇာမြို့တွင် ၂၀၀၉ ခုနှစ်မှ ပြီး အစိုးရလျှပ်စစ်မီးကိုရရှိခဲ့ကာ အစပိုင်းတွင် အခြေအနေကောင်းသော်လည်း ယခုနောက်ပိုင်း တနေ့ထက်တနေ့ ပိုဆိုးလာနေသည်။

    ယခုကဲ့သို့ လျှပ်စစ်မီးအခြေအနေဆိုးလာသည်နှင့် ပုဂ္ဂလိကပိုင် လျှပ်စစ်ဖြန့်ဝေပေးရေးကုမ္မဏီတို့မှ အစားထို မီးဖြန့်ဝေပေးရန်ရှိကြောင့် ၄င်းတို့မှ တမီတာလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ပေးဆောင်ရကြောင်း လျှပ်စစ်မီးဖြင့် အလုပ်လုပ်နေကြရသည့် ဒေသခံများအဖို့ ထိုပုဂ္ဂလိကပိုင် လျှပ်စစ်မီးသွယ်ပေးမည်ကိုသာ စောင့်မျှော်နေကြသည်။

    ထိုကဲ့သို့ပင် မွန်ပြည်နယ်အတွင်းရှိ သံဖြူဇရပ်မြို့၊ မုဒုံမြို့နှင့် မော်လမြိုင်တို့လို မြို့ကြီးပေါ်မှာလည်း မီးပုံမှန်လာလေ့မရှိသည့်အတွက် လျှပ်စစ်မီးဖြင့် လုပ်ငန်းလည်ပတ်နေကြရသည့် လုပ်ငန်းရှင်များ အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

    မီးအကြောင်းက ပြောမနေပါနဲ့တော့ မျှော်လည်း မမျှော်တော့ဘူး မီးကို လာချင်တဲ့အချိန်လာ လာပြန်တော့လည်း ဟိုး ညနေ ၁၀ နာရီလောက်မှ လူတွေအိမ်တဲ့အချိန်မှာလေ ဒါတောင် ပုံမှန်မဟုတ်ဘူး မီးအားလည်းမကောင်းဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။

    မီးပုံမှန်မလာသော်လည်း မီတာခကို တစ်လလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ပုံမှန်ပေးရလေ့ရှိသည်။ မိမိအိမ်မှာ တလအတွင်း မီတာဘယ်လောက်ပဲတက်တက် မီတာခကို တောင်းသလောက် ပေးဆောင်နေရသည်ဟု ၎င်းက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks