spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းဒေါ်စုမွေးနေ့ကို နယ်စပ်ရောက် မွန်များလည်း ကျင်းပ

    ဒေါ်စုမွေးနေ့ကို နယ်စပ်ရောက် မွန်များလည်း ကျင်းပ

    -

    မိကျလွန်းထော

    ၆၅ နှစ်မြောက်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ထိုင်း-မြန်မာနယ်စပ်ရောက် မွန်အမျိုးသမီးအဖွဲ့တို့မှ ဦးဆောင်ပြီး ယနေ့နံနက်မှာ အခမ်းအနားကျင်းပခဲ့သည်။

    အခမ်းအနားသို့ မွန်အမျိုးသမီးအဖွဲ့များအပါအဝင် နယ်စပ်ရှိ မွန်အဖွဲ့အစည်းများ မွန်လူငယ်များ စုစုပေါင်း ၇၀ ကျော်က နယ်စပ်တနေရာမှာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပကသည်။

    တက်ရောက်လာကြသည့် မွန်လူငယ်များက ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံအတွင်း စည်းရုံးရေးခရီးစဉ် ဖြတ်သန်းလာခဲ့ရပုံနှင့် ဒီပဲယင်း အဖြစ်အပျက်ပုံစံများကို တရုပ်ပြအနေဖြင့် တင်ဆက်ပေးသွားသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးသာမက စစ်အာဏာရှင်စနစ် လက်အောက်ရှိ တိုင်းရင်းသားအားလုံး လွတ်မြောက်ရေးကိုလည်း ကြိုးပမ်းစွမ်းဆောင်ပေးနိုင်သူတစ်ယောက်ဖြင့် သူ့မကို ဂုဏ်ပြု ဆုတောင်းပေးသည့်အနေနှင့် မွေးနေ့ပွဲကို ယခင်လိုကျင်းပပေးသည်ဟု အခမ်းအနားဖြစ်မြောက်ရေးကော်မတီမှ မွန်အမျိုးသမီးတစ်ဦးက ပြောသည်။

    “ဒေါ်စုဟာ အမျိုးသမီးတစ်ဦး ဖြစ်ပေမယ့် ပြည်သူအများ စစ်အာဏာရှင်ရဲ့ လက်အောက်က လွတ်မြောက်အောင် ကြိုးပမ်းနေတယ်၊ သူ့ရဲ့ စွမ်းဆောင်မှုကို လေးစားတယ်၊ ပြီးတော့ ကျမတို့ တိုင်းရင်းသားလူမျိုးတွေ လွတ်လပ်ဖို့အတွက်ပါ စွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၄င်းက ဆက်ပြောသည်။

    တက်ရောက်လာကြသည့် မွန်အမျိုးသမီးများက ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသမီးအတွက်သာမက ဒီမိုကရေစီရရှိရေးကို နအဖအား ရဲရဲဝံ့ဝံ့ ပြောဆို တိုက်ပွဲဝင်နိုင်သည့် အမျိုးသမီးကောင်းတစ်ယောက်ဖြစ်ကြောင်းနှင့် ကမ္ဘာကလည်း အသိမှတ်ပြုသူတစ်ဦး ဖြစ်သည့်အတွက် ၄င်းတို့အနေနှင့် အတုယူလေးစားမိကြောင်းကို ပြောဆိုသွားကြသည်။

    ထိုကဲ့သို့ပင် မလေးရှားရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ဇိုမီးအမျိုးသားကွန်ကရက် (လွတ်မြောက်နယ်မြေ) နှင့် ခိုင်ဒီမိုကရေစီအဖွဲ့ချုပ် တို့ကလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ကြေငြာချက် ထုတ်ပြန်ထားသည်။

    ၄င်းကြေငြာချက်တွင် (၁) ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ရေ (၂) ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ပြင်ဆင်ရေ (၃) အားလုံးပါ၀င်နိုင်သည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတရပ်ကျင်းပရေး တို့ပါဝင်သည်။

    ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲအခမ်းအနားကို ပြည်ပရောက် တိုင်းရင်းသားပြည်သူများသာမက ကမ္ဘာအရပ်ရပ်ကလည်း မွေးနေ့ပွဲအသီးသီး ကျင်းပကြသည်။

    ဒေါ်ေအာင်ဆန်းစုကြည်သည် တက္ကသိုလ်ရိမ်သာလမ်းရှိ သူမ၏နေအိမ်မှာ လက်ရှိ နေအိမ်အကျယ်ချုပ်ဖြင့် အချခံနေရဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks