spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းဘားအံမြို့မှာ ကုန်တင်ကားများ ရပ်တန့်နေရ

    ဘားအံမြို့မှာ ကုန်တင်ကားများ ရပ်တန့်နေရ

    -

    မင်းအာသံ

    နယ်စပ်ဘက်မှ လက်နက်များတင်သွင်းနေသည်ဟု အာဏာပိုင်တွေ စစ်ဆေးတွေ့ရှိနေသဖြင့် လုံခြုံစစ်ဆေးမှုများ ပိုမိုတင်းကျပ်ထားခြင်းကြောင့် ကုန်သွယ်သူများလည်း ရပ်နားထားရသည်ဟု သိရသည်။

    ယခုလအစောပိုင်းမှစပြီး ဥပဒေနှင့် ကိုက်ညီမှု မရှိသည့် လက်နက်တင်သွင်းမှုများရှိနေသဖြင့် အာဏာပိုင်တို့က စစ်ဆေးမှု တင်ကျပ်ထားသည့်အတွက် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှ တင်သွင်းနေသည့် ကုန်တင်ကားများ ကရင်ပြည်နယ် ဘားအံမြို့တွင် ရပ်တန့်နေရသည်။

    ဘားအံမြို့မှာ ရပ်တန့်ထားရသည့် ကုန်တင်ကားများသည် အများအားဖြင့် အဖွဲ့အစည်း ဝင်ထားသည့် ကုန်သည်မှ ကုန်တင်ကားများဖြစ်ပြီး အနည်းကျဉ်းမှာသာ အဖွဲ့အစည်းမဝင်ထားသည့် ကုန်သည်မှ ကုန်တင်ကားများဖြစ်သည်။

    မြဝတီမှ ရန်ကုန်သို့ တင်သွင်းရာ ဂိတ်တွေမှာ အာဏာပိုင်တို့မှ စစ်ဆေးမှု တင်းကျပ်ထားခင်းရှိသည်ဟု ရဲထံမှ သတင်းထွက်ပေါ်နေသဖြင့် ပြေးဆွဲနေသည့် ကုန်တင်ကားများ ပစ္စည်းပါ ဖမ်းမိမှာစိုးရိမ်နေကြသောကြောင့် မတင်သွင်းရဲပဲ ယခုကဲ့သို့ ရပ်တန့်နရခြင်းဖြစ်သည်ဟု ဘားအံရှိ ကုန်တင်ကားပိုင်ရှင်တစ်ဦးက ပြောသည်။

    “သံလွင်တံထားမှာ စစ်ဆေးမှုတွေ တင်းကျပ်ထားတော့ ကျမတို့ မသွားရဲဘူး၊ အခမတင့်ရင် ပါသွားမယ်လေ၊ အခုဘားအံက ဘုန်းကြီးကျောင်း တစ်နေရာမှာ ကုန်တင်ကား အစီး (၃၀) ရပ်တန့်ထားရတာ (၁၀) ရက်လောက်ရှိနေပြီ၊ ကျမကားလဲ ၃ စီးပါတယ်၊ ကားသမားတွေလည်း အယောက် ၃၀ လောက် စုနေရတယ်၊ အခြေအနေမကောင်းတော့ မသွားရဲဘူး”ဟု ၄င်းက ပြောသည်။

    ထိုမျှမက ဒီကေဘီအေနှင့် အခြားအဖွဲ့အစည်းဝင် ကုန်တင်ကားများလည်း ၄င်းတို့ ဂိုဒေါင်ဖြစ်သော အမှတ် (၉)၊ ဘားအံမြို့မှာ ရပ်တန့်ထားသည်ဟု မြဝတီ-ရန်ကုန် ပစ္စည်းတင်သွင်းနေသော ကုန်သည်တစ်ဦးက ပြောသည်။

    “ဒီကေဘီအေ အဖွဲ့အစည်းဝင်ထားတဲ့ကားတွေက သိပ်မကြောက်ထိဘူး၊ သူတို့က တာဝန်ယူပေးတယ်လေ၊ အကယ်လို့ စစ်ဆေးတဲ့အချိန်မှာ တစ်ခုခုြဖစ်လာရင်လည်း ဖြေရှင်းပေးတယ်”ဟု ၄င်းက ပြောသည်။

    မြန်မာအာဏာပိုင်တို့မှ ယခုကဲ့သို့ စစ်ဆေးမှုများ ပိုမိုတင်းကျပ်ထားသည့်အပြင် လိုင်စင်မဲ့ကားများနှင့် ဆိုင်ကယ်များကိုလည်း ဖမ်းဆီးသွားရန် စီအစဉ်ရှိနေသည်။

    ဘားအံမြို့ခံတစ်ဦးကလည်း “၁၃ ရက်နေ့က ဒီကေဘီအေတွေနဲ့ ရဲတွေ စကားများကြတယ်လို့ ကြားတယ်၊ ကျနော်လဲ သေချာတော့ မသိဘူး၊ အခုတလောမှာလည်း လိုင်စင်မဲ့ကားတွေ ဖမ်းနေတယ်လို့ ကြားတယ်”ဟု ၄င်းက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks