spot_img
Wednesday, July 30, 2025
More
    spot_img
    Homeသတင်းထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို မြန်မာအာဏာပိုင်တို့မှ ပိတ်ပင်

    ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို မြန်မာအာဏာပိုင်တို့မှ ပိတ်ပင်

    -

    မြဝတီဘက်ခြမ်းမှ ရိုက်ထားစဉ်

    ဂျူရီချိုင်း၊ မင်းအာသံ

    ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံထားကို ယနေ့နံနက် ၉ နာရီမှစပြီး မြဝတီအာဏာပိုင်တို့မှ သွားလာခွင့့််ပိတ်ပင်လိုက်သည်ဟု ဒေသခံတို့က ပြောသည်။

    မြဝတီမြို့မှ အစိုးရဝန်ထမ်းတစ်ဦးက “အခုလို ပိတ်ထားရတဲ့ရဲ့ ကြောင်းကတော့ နှစ်နိုင်ငံ နယ်နမိတ်အဖြစ်ခြားထားတဲ့ မြစ်မှာ ရေတိုက်စားလို့ ထိုင်းဘက်ကမ်းမှာ သွားပုံနေတဲ့အတွက် တနှစ်နဲ့တနှစ် ဗမာဘက်ကမ်းက မြေတွေလျော့ပြီး ထိုင်းဘက်မှာ တိုးတိုးလာနေတယ်၊ အဲဒါကြောင့် အဲဒီပြဿနာကို ဖြေရှင်းဖို့ တံထားကို ခဏတဖြုတ်ပိတ်လိုက်တာ” ဟု ပြောသည်။

    ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော်မှု ပိတ်ထားရခြင်းသည် ထိုင်း-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေး တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြဿနာဖြစ်ပွားမှုတစ်ရပ်ဖြစ်လာသောကြောင့့််် ဖြစ်သည်ဟု မြို့ခံအာဏာပိုင်နှင့် နီစပ်သော သူတစ်ဦးက ပြောသည်။

    “ဒီနေ့့ မနက်ကပဲ တံတားပိတ်လိုက်တယ်၊ အာဏာတော်တော်များ ပြောတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပြေလည်မှုမရှိလို့ အခုလို ပိတ်ထားရတယ််၊ ဗမာဘက်ကမ်းမှာတော့ ကားအတက်အဆင်းတွေရှိနေဆဲပဲ ဒါပေမဲ့ ပစ္စည်းတွေ သွားလာမရတော့ ဗမာဘက်ကမ်းမှာ တောင်တင်နေရတာပေါ့” ဟု ၄င်းက ပြောသည်။

    ထို့အတူ အခြားတရားဝင်မဟုတ်သော ဂိတ်များမှာလည်း မြန်မာအာဏာပိုင်များက ပိတ်လိုက်သဖြင့် ကုန်သည်များ၏ ကုန်သွယ်မှုကို ရပ်တန့်စေခဲ့သည်ဟု ထိုင်းဘက်ကမ်းမှ ဗမာဘက်ကမ်းသို့ ကုန်သွယ်နေသော ကုန်သည်တစ်ဦးက ပြောသည်။

    “ထိုင်းဘက်က ဗမာဘက်ကို ပို့ဆောင်မယ့် ကုန်ပစ္စည်းတင်ထားတဲ့ကားတွေ တော်တော်များများက ထိုင်းဘက်ကမ်းက လှေဆိပ်တွေမှာ စုနေတယ်၊ ပြီးတော့ ချစ်ကြည်ရေးတံတားအနီးမှာလည်း မော်တော်ကားတွေ တန်းပြီး ရပ်ထားရတယ်” ဟု အဆိုပါကုန်သည်က ဆက်လက်ပြောပြသည်။

    မြန်မာအာဏာပိုင်တို့ဘက်မှ မည်သည့်အကြောင်းကြောင့် ပိတ်လိုက်ရသည်ကိုလည်း တစုံတရာထုတ်ဖေါ်ပြောကြားခြင်းမပြုသလို မည်သည့်ရက်နေ့တွင်် ပြန်လည်ဖွင့်လှစ်ပေးမည့်ရက်များကိုလည်း မည်သူမှ မသိရှိရသေးပေ။

    အတည်မပြုနိုင်သော သတင်းတစ်ရပ်အရ မြဝတီမြို့သို့ရောက်ရှိနေသော နေပြည်တော်မှ အထူးစစ်ဆေးရေးအဖွဲ့က ထိုင်းဘက်မှ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ရှာဖွေစစ်ဆေးနေသဖြင့် (၃) ရက်ခန့် ဂိတ်ပိတ်ထားမည်ဟု အမည်မဖော်လိုသူ မြန်မာကုန်သည်တစ်ဦးက ပြောသည်။

    မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတားသည် ထိုင်းနိုင်ငံမှ အကုန်ကျခံကာ ၁၉၉၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၇ တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အကယ်၍ ချစ်ကြည်ရေးတံတား တစ်ရက်ပိတ်လျှင် ထိုင်းဘက်မှ ဘတ်သန်း (၄၀) ခန့် နစ်နာမူရှိသည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း၏ မှတ်တမ်းတွင် ဖော်ပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts