spot_img
Wednesday, January 14, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် မြို့နယ်အချို့တွင် လုံခြုံရေး တင်းကျပ်

    မွန်ပြည်နယ် မြို့နယ်အချို့တွင် လုံခြုံရေး တင်းကျပ်

    -

    ဂျူရီချိုင်း

    ယခုရက်ပိုင်းအတွင်း မွန်ပြည်နယ်ရှိ မြို့နယ်အချို့တွင် လုံခြုံရေး ပိုမိုချထားကြောင်း ဒေသခံတို့က ပြောသည်။

    အထူးသဖြင့် မော်လမြိုင်မြို့၊ သံဖြူဇရပ်မြို့နှင့် မုဒုံမြို့ပေါ်တွင် လုံခြုံရေး တင်းကျပ်ထားသည့်အပြင် ကားလမ်းတလျှောက်တွင်လည်း စစ်တပ်မှ လုံခြုံရေး ချထားကြောင်း သိရသည်။

    “ဒီအပတ်အတွင်းမှာ လုံခြုံရေး တော်တော်တင်းကျပ် ချထားတယ်၊ မြို့ပေါ်မှာဆိုရင် လမ်းတိုင်း အကွေ့တိုင်းမှာ စောင့်နေကြတယ်၊ ခါတိုင်းဆို လမ်းဆုံတွေမှာပဲ စောင့်တတ်တယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

    မြို့အနှံ့မှာ လုံခြုံရေး တိုးမြှင့်ထားပြီး၊ စစ်တပ်၊ မီးသတ်နှင့် ရဲများ စုပေါင်းပြီး တနေရာလျှင် လေးငါးယောက်ခန့် စောင့်နေကြပြီး အဝေးပြေးကားဂိတ်တွင်လည်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ၄င်းက ဆက်ပြောသည်။

    မြို့ပေါ်သာမက ကျေးရွာများတွင်လည်း သက်ဆိုင်ရာ ဒေသအခြေစိုက် စစ်တပ်တို့မှ လုံခြုံရေးချထားသည်။

    “ကျနော်တို့ရွာမှာတော့ ၄-၅ ယောက် ရှိနေတယ်၊ ရွာအဝင်မှာ သူတို့ စောင့်နေကြတယ်၊ သုံးလေးရက်လောက် ရှိပြီ၊ ကျနော်မော်လမြိုင် တက်သွားတော့ ရွာတိုင်းလိုလို စစ်သားတွေ ရွာအဝင်ဝမှာ စစ်သားတွေစောင့်နေတာကို တွေ့ရတယ်၊ မြို့ပေါ်မှာဆိုလည်း နေရာတိုင်းမှာ စစ်သားတွေကို တွေ့နေရတယ်၊ ဘာကြောင့်လဲတော့ မသိပါဘူး” ဟု မုဒုံမြို့နယ်အတွင်းရှိ ရွာသားတစ်ဦးက ပြောသည်။

    မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအကြား ဆက်ဆံရေးအခြေအနေ တင်းမာမှု၊ စစ်အစိုးရ ခေါင်းဆောင်ပိုင်းမှ အရာရှိများ မော်လမြိုင်မြို့သို့ လာရောက်ရန် အစီအစဉ် ရှိမှုတို့ကြောင့် ယခုကဲ့သို့လုံခြုံရေး တိုးမြှင့်ချထားခြင်း ဖြစ်ကြောင်း ဒေသခံများက ထင်ကြေးပေးကြသည်။

    “အမျိုးမျိုး ပြောနေကြတာပဲ၊ တချို့က လမ်းပြင်နေတာကို စောင့်နေတာလို့လဲ ပြောကြတယ်၊ တစ်ခုမှလည်း သေချာတာ မရှိဘူး၊ အကြောင်းထူး ရှိတာတော့ သေချာတယ်” ဟု အထက်ပါ ရွာသားက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts