spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းUNHCR မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အသိအမှတ်ပြုမှုများ ရပ်ဆိုင်းတော့မည်

    UNHCR မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အသိအမှတ်ပြုမှုများ ရပ်ဆိုင်းတော့မည်

    -

    မင်းအာသံ

    မလေးရှားနိုင်ငံအခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (လွတ်မြောက်နယ်မြေ) အပေါ် UNHCR မှ အကူအညီပေးမှုများ ရပ်ဆိုင်းတော့မည်ဟု အဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။

    NLD ပါတီ (မလေးရှား) သည် နိုင်ငံရေးပါတီ တရပ်အဖြစ် မလေးရှားနိုင်ငံမှာ ရပ်တည်နေသောကြောင့် UNHCR အနေဖြင့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်းမရှိခဲ့ပေ။ သို့သော် အတိုင်းအတာတခုအနေဖြင့် လိုအပ်သည့် အကူအညီပေးမှုများ ပေးခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ွတ်မြောက်နယ်မြေ) ဥက္ကဌ ဦးကျော်ကျော်က ပြောသည်။

    မလေးရှားနိုင်ငံရောက် NLD အဖွဲ့ဝင်အင်းအား ဦးရေ ၅၀၀ ခန့်ရှိပြီးှ၊ အကယ်၍ တစ်ဦး တစ်ယောက်က နေထိုင်မကောင်းဖြစ်ခြင်း၊ မလေးရှားရဲတို့၏ ဖမ်းဆီးခြင်းကိုခံရသည်ဖြစ်စေ UNHCR မှ ပြဿနာပြေလည်သွားသည်အထိ လိုက်လံဆောင်ရွက် ဖြေရှင်းပေးနေသည်။

    “NLD ပါတီအဖွဲ့၀င်တွေကု UNHCR အနေနဲ့ ဒီကနေ့ထိ ဒုက္ခသည် အသိမှတ်ပြုပေးတာ မရှိသေးဘူး၊ UNHCR က တချို့နေရာတွေမှာ အသိအမှတ်ပြုပြီး တချို ့နေရာတွေမှာ အသိအမှတ်မပြုတာ ကိုတွေ့ရတယ်မလေးရှားမှာရှိတဲ့ ဗမာအဖွဲ့အစည်းငယ်တွေနဲ့ NLD ပါတီကိုတော့ မပေးခဲ့ဖူးပါဘူး၊ အခုပါတီမှာ ယူအန်ကဒ်နဲ့ရှိနေတဲ့လူတွေက ပါတီ၀င်မဖြစ်ခင်ကတည်း အသိမှတ်ပြုခံထားရပြီးသား” ဟု ၄င်းက ပြောသည်။

    ယခုကဲ့သို့ NLD (လွတ်မြောက်နယ်မြေ) ပါတီအဖွဲ့ဝင်များ UNHCR မှ ဒုက္ခအဖြစ် အသိအမှတ်ပြုခြင်း မရခဲ့သော်လည်း UNHCR ရုံးရှေ့မှာ ဆန္ဒပြခြင်း မရှိခဲ့ပါ။ သို့သော် မြန်မာသံရုံးရှေ့တွင် ဆန္ဒပြမှုများရှိခဲ့သည်

    “ကြာခဲ့ပါပြီ ဆန္ဒပြခဲ့တာအခုနောက်ပိုင်း မလေးရှားလုံခြုံရေးအခြေအနေအရ ပြခွင့်မပေးတော့ဘူး၊ ဒါပေမယ့် ဒီမကြာခင်ကပဲ ရခိုင်တွေဆန္ဒပြတာကို ကျနော်တို့ NLD အကြောင်းပါ ထည့်ပြောသွားတယ်၊ အဲဒါကြောင့်မို့ အခုဆို ရခိုင်တွေနဲ့အတူ NLD ပါတီဝင်တွေကိုလည်း လုံး၀ကို ယူအန်ကဒ်လည်းမပေးဘူး အကူအညီလည်းမပေးတော့ဘူး ဟု ဦးကျော်ကျော်က ပြောသည်။

    မကြာခင်ရက်ပိုင်းက မလေးရှားနိုင်ငံရောက် ရခိုင်နှင့် ဗမာလူမျိုးများ တခြားတိုင်းရင်းများနည်းတူ UNHCR မှ ဒုက္ခသည် အသိအမှတ်ပြုခြင်းမရှိဟုဆိုပြီး UNHCR ရုံးရှေ့မှာ ရခိုင်လူမျိုးတွေက ဆန္ဒပြခဲ့သည်။

    ယခုပထမပတ်မှစပြီး မလေးရှားနိုင်ငံရောက် NLD ပါတီတို့သည် ပြည်တွင်းအင်အားစုများနှင့် တတ်နိုင်သလောက် အားပေးကူညီသွားပြီး မလေးရှားရောက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများကိုလည်း စည်းရုံးလှုံ့ဆောသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks