spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းရာဘာစျေးကောင်းလာသော်လည်း ခြံရှင်များ တွက်ခြေမကိုက်ဖြစ်နေဆဲ

    ရာဘာစျေးကောင်းလာသော်လည်း ခြံရှင်များ တွက်ခြေမကိုက်ဖြစ်နေဆဲ

    -

    မင်းတော်လဝီ

    ယခုတလော ရာဘာစျေး ပြန်ကောင်းလာနေသော်လည်း ခြံပိုင်ရှင်များနှင့် ရာဘာခြံလုပ်သားများအတွက် တွက်ခြေမကိုက်ဖြစ်နေဆဲဖြစ်သည်။

    “သင်္ကြန်မတိုင်ကဆို ရာဘာအပါး (နို့ချောင်လွတ်) တပေါင်ကို ၁၁ဝဝ ကျပ်၊ အထူက တပေါင် ၇ဝဝ ကျပ်စျေးနဲ့ ရောင်းခဲ့ရတယ်၊ ငွေမလည်နိုင်လို့ ရရာစျေးနဲ့ပဲ ရောင်းထုတ် လိုက်ရတယ်၊ ကိုယ့်အတွက် ဘာမှမကျန်ဘူး အလုပ်သမားခပေးပြီးတော့’’ ဟု သံဖြူဇရပ်မြို့နယ် ဝါခရူရွာမှ ရာဘာခြံပိုင်ရှင်တစ်ဦး ပြောသည်

    မေလနောက်ဆုံးအပတ်မှစပြီး ရာဘာစျေး အနည်းငယ်ပြန်တက်လာပြီး အပါးတပေါင်လျှင် ၁၂၀၀ ကျပ်ထိတက်သွားပြီး၊ အထူ တပေါင်မှာ ၈၅၀ ကျပ် တက်သွားသည်။ ရာဘာပင်အရေအတွက်များသည့်ခြံရှင်များအတွက် တွက်ခြေကိုက်နိုင်ပေမယ့် အနည်းငယ်သာရှိသည့် ခြံသမားများ တွက်ခြေမကိုက်ပဲ ရှိနေသည်။

    ရာဘာပင်ရှင်သန်ကြီးထွားရန် အစေးထုတ်လုပ်မှုများနိုင်ရန်အတွက် ဓါတ်မြေသြဇာထည့်ပေးရကာ ပြုစုထိန်းသိမ်းစရိတ်ရှိသလို ရာဘာပြားဖြစ်သည်အထိ စံချိန်မီရောင်းကုန်အဖြစ် ရရှိဖို့ရန် ကုန်ကျထားသည့် ကုန်ကျစရိတ်ကြောင့် ရာဘာစျေးကောင်းရရှိမှသာ အဆင်ပြေမည်ဟု မုဒုံမြို့မှ ခြံရှင်တဦးက ပြောသည်

    စျေးကောင်းတဲ့အချိန်မှာ ရောင်းို့ရာဘာပြား များများမရှိတော့ဘူး အစေးလှီးဖို့ကလည်း မိုးတွင်းရောက်တော့မယ်၊ လက်ကျန်တွေကို အခုပေါက်စျေးနဲ့ ရောင်းရင်တောင် တွက်ခြေ မကိုက်သေးဘူး’’ ဟု ရာဘာခြံပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်

    ရာဘာစေးအထွက်ဆုံးရာသီမှာ ဆောင်းတွင်း နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နါရီလဖြစ်ပြီး၊ မြေအောက်အစိုဓါတ်ပြတ်ပြီး အပူလွန်ကဲပါက အစေးထွက်လျှော့တတ်ကာ အရွက်ကြွေချိန်၊ ရွက်နုထွက်ချိန်မှာလည် ရာဘာခြံပိုင်ရှင်တို့က အစေးထုတ်လုပ်မှု ရပ်နားထားကြသည်။

    မတ်လမှစပြီး ဧပြီ၊ မေလကုန်အထိ အပူချိန်လွန်ကဲနေလို့ ခါတိုင်းနှစ်လို စေးမထွက်ပဲ  လျှော့နည်းသွားယ်၊ စျေးကလည်းမကောင်းပြန်’’ ဟု ရေးမြို့နယ် လမိုင်းမြို့မှ  ဒေသခံ ခြံရှင်တဦးက ပြောသည်

    “ရာဘာစျေးက ဒေါ်လာအတက်အကျအပေါ်မှာ မူတည်နေတယ်၊ ဒေါ်လာစျေးတက်ရင် ရာဘာစျေးလည်းတက်လာတာပဲ၊ သင်္ကြန်မတိုင်ခင်ကဆို ဒေါ်လာစျေးက ၉၅ဝ ကျပ် လောက်ရှိတယ်၊ အခု ၉၉ဝ ဖြစ်သွားတယ်’’ ဟု မော်လမြိုင်မြို့ပေါ်ရှိ ရာဘာအဝယ်ဒိုင်ပိုင်ရှင်တဦး ပြောသည်။

    မွန်ပြည်နယ်တွင် ရာဘာစိုက်ဧက ၄ဝ၇ဝဝဝ ကျော် ရှိနေပြီး တနိုင်ငံလုံးတွင် ဧက ၁ဝ သိန်းကျော် စိုက်ပျိုးထားပြီးဖြစ်သည်။ ရာဘာကုန်ကြမ်းအထွက်နှုန်းမှာ တန်ချိန်

    (၉ဝဝဝဝ) ကျော်ရှိသည်။ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ် ဖေဖေါ်ဝရီလကုန်အထိ ရာဘာတန်ချိန် (၇ဝဝဝဝ) တင်ပို့နိုင်ခဲ့ပြီးဒေါ်လာ သန်းပေါင်း (၁ဝဝ) ကျော် ရရှိသည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့နှစ်ရှည်ပင်လုပ်န်း၏ စာရင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks