Tuesday, March 10, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲ ဆန့်ကျင်သည့် သံဃာတော်အား ကြိုပို့သူ အဖမ်းခံရာမှ လွတ်မြောက်

    ရွေးကောက်ပွဲ ဆန့်ကျင်သည့် သံဃာတော်အား ကြိုပို့သူ အဖမ်းခံရာမှ လွတ်မြောက်

    -

    အာကာ

    ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် နံရံကပ်စာများနှင့်အတူ အဖမ်းခံရသည့် အရှင်ဥက္ကံသအား ကြိုပို့ခဲ့သော ဒါယကာတစ်ဦး အဖမ်းခံရာမှာ ပြန်လည်လွတ်မြောက်လာခဲ့သည်။

    အသက် ၂၇ နှစ်ရှိ ပြန်လည်လွတ်မြောက်လာသူ ကိုမင်းအောင်မှာ ယခုနှစ် ဇန္နဝါရီလ ၁၁ ရက်နေ့တွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုဒွန်းရွာ နေအိမ်၌ အဖမ်းခံရပြီး မေလ တတိယပတ်တွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

    “မွန်ကျိုက်စွန်း (ကိုမင်းအောင်) ပြန်လွတ်လာတာ တစ်ပတ်ကျော်ပြီ၊ ပြန်လွတ်ပြီး သုံးရက်လောက်မှာ ပဥ္ဇင်းဝတ်လိုက်တယ်၊ အခု ရွာကျောင်းမှာပဲ ရှိနေတယ်” ဟု အိမ်နီးနားချင်းတစ်ဦးက ပြောသည်။

    အရှင်ဥက္ကံသ (ဦးဇင်းဇော်လတ်) နှင့် ကိုမင်းအောင်တို့မှာ တစ်ရွာတည်းနေ ငယ်သူငယ်ချင်းများ ဖြစ်ကြပြီး အရှင်ဥက္ကံသ ကြွရာသို့ လိုက်လံပို့ဆောင်ခြင်းကြောင့် အရှင်ဥက္ကံသအဖမ်းခံရပြီး ၄ ရက်အကြာတွင် အဖမ်းခံရခြင်း ဖြစ်သည်။

    အဖမ်းခံရပြီးနောက်တွင် အင်းစိန်စစ်ကြောရေးစခန်းသို့ အပို့ခံရပြီး ၄ လကျော် အထိန်းသိမ်းခံခဲ့ရသည်။

    ယခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် အရှင်ဥက္ကံသအား သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်တွင် ရဲများက ဖမ်းဆီးခဲ့ပြီး ယခုအချိန်ထိ အင်းစိန်အကျဉ်းထောင်တွင် ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားဆဲ ဖြစ်သည်။

    သူ့အား နိုင်ငံတော် အကြည်ညိုပျက်စေခြင်း ဥပဒေပုဒ်မ၊ တရားမဝင် ပုံနှိပ်ခြင်း ဥပဒေပုဒ်မ၊ အီလက်ထရွန်းနစ် ဥပဒေပုဒ်မတို့ဖြင့် စွဲချက်တင်ထားသည်။

    သက်တော် ၂၈ နှစ်ရှိ အရှင်ဥက္ကံသသည် မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လှုံကျေးရွာ အောင်ဇေယျပရိယတ္တိစာသင်တိုက်တွင် လက်ထောက်စာချဆရာတော်တစ်ပါး ဖြစ်ပြီး ထိုကျောင်းတွင် သီတင်သုံးလာခဲ့သည်မှာ ၅ နှစ်ကျော်ပြီ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks