spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းစစ်တပ်မှ ဦးဆောင်ပြီး ခလေးများကို ကျောင်းထားပေးနေ

    စစ်တပ်မှ ဦးဆောင်ပြီး ခလေးများကို ကျောင်းထားပေးနေ

    -

    ယမန်နှစ်က ရေကြီးအချိန်တွင် နစ်မြုပ်နေသည့် အခြေခံပညာမူလတန်းလွန်ကျောင်း

    လွန်လပ်သောမွန်သတင်းအေဂျင်စီ

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အခြေစိုက် ခလရ ၂၈၄ တပ်ရင်းတို့သည် မိဘမှကျောင်းမထားပေးနိုင်သည့် ခလေးများကို အခမဲ့ကျောင်းထားပေးရန် စီစဉ်နေကြောင်း သိရသည်။

    “ခလရ ၂၈၄ ကနေ ဦးဆောင်ပြီးတော့ မိခင်နှင့်ခလေး၊ ကြံ့ဖွံ့၊ အမျိုးသမီးရေးရာအစရှိတဲ့ အဖွဲ့အစည်းတွေ ရပ်မိရပ်ဖဒေသခံတွေကို အစည်းအဝေးခေါ်တယ်၊ မိဘမှ ကျောင်းမထား ပေးနိုင်တဲ့ ခလေးတွေကို သူတို့ကနေပြီး အခမဲ့ ထားပေးမယ်လို့ပြောသွားတယ်” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

    ယင်းအစည်းအဝေးမှာ ဘုရားသုံးဆူမြို့ခံများအပါအဝင် အနီးတဝိုက်ရှိ ရွာသစ်၊ ချောင်းဆုံနှင့် ကျုံကဝီအစရှိသည့် ကျေးရွာဒေသခံတို့လည်း တက်ရောက်ခဲ့ကြသည်။

    အစည်းအဝေးကို စစ်အစိုးရတပ် ခလရ ၂၈၄ တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင် ဦးဆောင်ပြီး၊ စာရင်းမှတ်တမ်းချက်အရ မူလတန်းမှ အထက်တန်းအထိ မိဘမှ ကျောင်းမထားပေးနိုင်သည့် ကျောင်းသားစုစုပေါင်း ၃၃၈ ဦးရှိကာ ယင်းမှ ၉ တန်းနှင့် ၁၀ တန်းကျောင်းသား အယောက် ၅၀ ကျော်ရှိသည်။

    “ကျောင်းသားတွေကို ထောက်ပံ့ပေးဖို့ စစ်တပ်က ဦးဆောင်တာ၊ ဒါပေမယ့် ဘုရားသုံးဆူမြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်တွေ အလှုရှင်တွေကနေ အလှူငွေ ဘတ် တစ်သိန်းကျော်ကျော် ရရှိထားတယ်၊ ဒီရသမျှအားလုံးဟာ ခလေးတွေရဲ့ ပညာရေး ထောက်ပံ့ဖို့ပေါ့နော်” ဟု အထက်ပါ မြို့ခံက ပြောသည်။

    ဘုရားသုံးဆူမြို့ပေါ်တွင် အထက်တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်းကျောင်းတစ်ကျောင်းနှင့် မူလတန်းကျောင်း သုံးကျောင်းရှိသည်။ ထိုအပြင် အနီးအနားတဝိုက်ရှိ ကျေးရွာမှာလည်း မူလတန်းကျောင်း လေးကျောင်းနှင့် ပရဟိတကျောင်း တစ်ကျောင်းရှိကြောင်း သိရသည်။

    “အခုလိုလုပ်တာဟာ ဒါပထမဆုံးအချိန်ပဲ၊ ခါတိုင်းနှစ်တွေကတော့ ဒီလိုပဲ ကျောင်းမနေနိုင်တဲ့ခလေးတွေရှိတယ်၊ ဒါပေမဲ့ မိခင်နဲ့ခလေးတို့ အမျိုးသမီးရေးရာအဖွဲ့တို့ပဲ ကူညီတာရှိတယ် အနည်းအကျဉ်းပဲပေါ့၊ ဒီနှစ်ကျမှ စစ်တပ်ကနေဦးဆောင်တယ်ဆိုတော့ ထူးခြားနေတယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

    ယခုကဲ့သို့ စစ်တပ်မှ သားသမီးပညာရေးအတွက် ဒေသခံပြည်သူတွေအကြား အခက်အခဲဖြစ်နေသည်ကို ဝိုင်းဝန်း ကူညီဖြည့်စွက်ပေးနေရခြင်းမှာ ဒီလာမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်တပ်ဘက်မှ ပိုပြီး စိတ်ပါဝင်စားမှုရှိလာအောင် ဒေသခံတွေကို စည်းရုံးရေးဆင်းနေကြောင်း ဘုရားသုံးဆူမြို့ပေါ်မှ နိုင်ငံရေးစိတ်ဝင်စားသူတို့က အမျိုးမျိုးဝေဖန်သုံးသပ်နေကြသည်။

    ၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် မေလ ၂၅ ရက်နေ့မှစပြီး ကျောင်းသား/သူများ စတင်ကျောင်းအပ်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks