Wednesday, March 11, 2026
More
    spot_img
    Homeသတင်းအပူလွန်ကဲမှုကြောင့် နှစ်ရှည်ပင်များ ခြောက်သွေ့သေဆုံးမှုရှိ

    အပူလွန်ကဲမှုကြောင့် နှစ်ရှည်ပင်များ ခြောက်သွေ့သေဆုံးမှုရှိ

    -

    မင်းတော်လဝီ

    ယခုနှစ် နွေရာသီကာလ ရှည်ကြာခြင်းနှင့် အပူရှိန်လွန်ကဲမှုကြောင့် နှစ်ရှည်ပင်များ ခြောက်သွေ့ သေဆုံးမှုများရှိနေကြောင်း ရေးမြို့နယ်အတွင်းရှိ ခြံပိုင်ရှင်တို့က ပြောသည်။

    မွန်ပြည်နယ် ရေးချောင်းဖျားဒေသရှိ ဖလန်ရွာ၊ ကနီရွာ၊ ပသာရွာ၊ ပနန်းဘုံရွာနှင့် ကျောင်းရွာ ဒေသတဝိုက်ရှိ နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီးပင်၊ ကြက်မောက်ပင်၊ ဒူးရင်းပင်အပါအဝင်် အခြားသီးပင်များ ရာသီဥတုပူပြင်းမှုကြောင့် သေဆုံးမှုရှိနေသည်ဟု ကျောင်းရွာကျေးရွာမှ ကွမ်းသီးခြံပိုင်ရှင်တဦးက ပြောသည်။

    “ကျနော့်ခြံမှာ ကွမ်းသီးပင် ၃ဝဝဝ ကျော် ရှိတာကို ဒီနှင်မှာ အပင် ၈ဝဝ လောက် သေနေတာ၊ ဒီနှစ်မှာ အရမ်းပူပြင်းတယ်၊ ခါတိုင်းနှစ်တွေမှာ သေတာတော့ရှိတယ် ဒါပေမယ့် ဒီနှစ်လောက်တော့ မဆိုးဘူးပေါ့” ဟု ရေးမြို့နယ်၊ ဖလန်ရွာမှ ကွမ်းသီးခြံပိုင်ရှင်တဦးက ပြောသည်။

    “တခြံလုံးလိုလို အရွက်တွေ ဝါပြီးတော့ အပင်ခြောက်သွားတယ်၊ ပန်းခိုင်က အသီးကင်း တွေဆို ခြောက်ပြီး ကြွေကုန်တယ်၊ ကွမ်းသီးပင်တွေ အသေများတယ်၊ ဒီနှစ်လို အပူရှိန်မြင့်တာမျိုး၊ နွေရာသီမှာ ရေပြတ်တာမျိုးက မကြုံဖူးပါဘူး၊ သီးနေတဲ့အချိန်ဆို ပိုဆုံးရှုံးမှုများတာပေါ့၊ ဒီနှစ်ကွမ်းသီးအထွက်တော့ လျော့မှာသေချာတယ်၊ ကွမ်းသီးပင်တွေ လေးပုံ တစ်ပုံလောက် သေဆုံးနိုင်တယ်” ဟု ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲရှိ ခြံရှင်တဦးက ပြောသည်။

    ရေခန်းခြောက်မှုကြောင့် မုဒုံမြို့နယ်အတွင်းရှိ သစ်သီးစိုက်ပျိုးပင်များလည်း သေဆုံးမှုရှိနေသည်ဟု မုဒုံမြို့နယ်၊ ကော့ခပုံရွာ လေးဧကခြံမှ ခြံရှင်တဦးက ပြောသည်။

    ယခုနှစ် နွေရာသီရှည်လွန်းခြင်း ရေပြတ်လပ်မှုကြောင့် စိုက်ပျိုးပင်များ ခြောက်သွေ့သေဆုံးနေရတယ်လို့ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းဥယျာဉ်ခြံဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

    ယမန်နှစ်က ကွမ်းသီးအထွက်ကောင်းပြီး၊ ကွမ်းသီးအခြောက်ပိသာချိန် ၁၅ဝဝ ကို ကျပ်သိန်း၂ဝ ကျော်ကျော် ရရှိလို့ အဆင်ပြေမှုရှိသော်လည်း ယခုနှစ်မှာ ကွမ်းပင်များသေဆုံးမှုရှိနေခြင်းကြောင့် အထွက်တန်ချိန် လျော့ကာ ဝင်ငွေလည်း လျော့မည်မလွဲပင်ဖြစ်သည်ဟု ရေးမြို့နယ်၊ ဖလန်ရွာခံတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks