spot_img
Sunday, November 23, 2025
More
    spot_img
    Homeသတင်းငွေကြေးတောင်းခံရန် အထိန်းသိမ်းခံထားရသူများ ပြန်လွတ်လာ

    ငွေကြေးတောင်းခံရန် အထိန်းသိမ်းခံထားရသူများ ပြန်လွတ်လာ

    -

    မိကျလွန်းထော

    မွန်ခွဲထွက်ရေး နိုင်ချမ်းဒိန်းအဖွဲ့မှ ငွေတောင်းခံရန် ခေါ်ဆောင်သွားသည့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျောက်ကဒင်းရွာနှင့် ရာဖူးရွာမှ ဒေသခံများ ယမန်နေ့က ပြန်လွတ်လာပြီးဖြစ်သည်။

    ပြန်လွတ်လာသည့် ဒေသခံများကို ရေဖြူမြို့နယ် အခြေစိုက် ခမရ ၂၈၂ တပ်ရင်းမှ တာဝန်ရှိသူတို့ ခေါ်ယူ စစ်ဆေးမေးမြန်းခြင်းရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    “ကျမတို့ရွာက ၅ ယောက် မနေ့က ပြန်ရောက်လာတယ်၊ ကျန်တဲ့ ၂ ယောက်က အခု ရာဖူးရွာမှာရှိနေတယ်၊ ပြန်လွတ်လာတဲ့လူတွေကို စစ်တပ်က ခေါ်ပြီးတော့ နိုင်ချမ်းဒိန်းအဖွဲ့တွေ ဘာလုပ်ခိုင်းတယ်၊ ဘယ်နေရာကို သူတို့ခေါ်သွားတာလဲ၊ ပြီးတော့ ပိုက်ဆံတောင်းသေးလား၊ စတာတွေ မေးမြန်း စစ်ဆေးတယ်” ဟု ကျောက်ကဒင်းရွာခံ တစ်ဦးက ပြောသည်။

    လွန်ခဲ့သည့် မေလ ၅ ရက်နေ့က မွန်ခွဲထွက်ရေး နိုင်ချမ်းဒိန်းအဖွဲ့မှ ကျောက်ကဒင်းရွာခံနှင့် ရာဖူးရွာခံ စုစုပေါင်း ၂၂ ဦးကို ငွေကြေးတောင်းခံရန် ခေါ်သွားသည်။ တစ်ဦးလျှင် သိန်း ၂၀ တောင်းခံထားသည်။

    ထိုကဲ့သို့ နိုင်ချမ်းဒိန်းအဖွဲ့မှ တောင်းထားသည့်ငွေပမာဏကို လျော့ပေးရန် ဒေသခံတို့မှ တောင်းဆိုထားသည်။ သို့သော် ယခုလွတ်မြောက်လာသူတို့မှ ငွေကြေးမပေးဆောင်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    နိုင်ချမ်းဒိန်းအဖွဲ့သည် ရေဖြူမြို့နယ်ရှိ ကျောက်ကဒင်းရွာနှင့် ရာဖူးရွာတို့သာမက အနီးအနားရှိတဝိုက်ရှိ ကျေးရွာတွေမှာလည်း မကြာခဏ ငွေကြေးတောင်းခံမှုများရှိနေသည်။

    နိုင်ချမ်းဒိန်းဦးဆောင်အဖွဲ့သည် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အနီးရှိ ရေးမြို့နယ်မြောက်ပိုင်းဒေသအတွင်း အဖွဲ့ဝင် အယောက် ၂၀ နှင့် ၃၀ အကြားဖြင့် လှုပ်ရှားနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,000SubscribersSubscribe
    spot_img

    Latest posts