Homeသတင်းမွန်ပြည်နယ်တွင် ဒုတိယအကြိမ် ဗုံးပေါက်ကွဲ

မွန်ပြည်နယ်တွင် ဒုတိယအကြိမ် ဗုံးပေါက်ကွဲ

-

အာကာယမန်နေ့ည ၉ နာရီခန့်တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့ အောင်ဇေယျရပ်ကွက် မြို့မရဲစခန်းဝင်းအတွင်း ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ယခုနှစ်အတွင်း မွန်ပြည်နယ်၌ ဒုတိယအကြိမ် ပေါက်ကွဲမှု ဖြစ်သည်။

ယခုပေါက်ကွဲမှုတွင် တစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခြင်း မရှိသည့်ပြင် ပျက်စီးဆုံးရှုံးခြင်းလည်း မရှိကြောင်း ပေါက်ကွဲရာ အနီးရှိ မျက်မြင်တစ်ဦးက ပြောသည်။

တိတ်ဆိတ်တဲ့ အချိန်ဆိုတော့ ပေါက်တဲ့အသံက တအားကျယ်တာပဲ၊ ညက ဘယ်သူမှ ထွက်မကြည့်ရဲဘူး၊ မိုးလင်းမှ ထွက်ကြည့် ဖြစ်တယ်” ဟု အထက်ပါ မျက်မြင်က ပြောသည်။

ဧပြီလ ၂၇ ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်မရောမြို့ မြန်မာ့ဆက်သွယ်ရေးရုံးတွင် ပထမအကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရုံးဝန်ထမ်း ၃ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လွန်ခဲ့သည့် ၁၀ ရက်ခန့်မှစ၍ သံဖြူဇရပ်မြို့တွင် ညစဉ် တင်းကျပ်စွာ စစ်ဆေးနေသည့် ကြားကပင် အဓိက စစ်ဆေးရာအနီး ရဲစခန်းဝင်းအတွင်း ယခုကဲ့သို့ ပေါက်ကွဲခြင်း ဖြစ်ကြောင်း ရဲစခန်းအနီး နေထိုင်သူတို့က ပြောသည်။

ည ၆ နာရီခွဲလောက်ကနေ စပြီး ညတိုင်း စစ်ဆေးနေတယ်။ ဆိုင်ကယ်သမားကို အဓိကထား စစ်တယ်၊ ထိုင်ခုံဖုံးကို ဖွင့်ခိုင်းတယ်၊ ရဲစခန်းအနီး အဝိုင်းမှာ အစစ်များတယ်” ဟု အောင်ဇေယျရပ်ကွက်သားတစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယခုပေါက်ကွဲမှု အပါအ၀င် ၁၀ ကြိမ်ထက်မနည်း ပေါက်ကွဲခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားတိုင်း မည်သည့်အဖွဲ့အစည်း၏ လုပ်ရပ်ဖြစ်ကြောင်း စစ်အစိုးရက အတိအကျ ထုတ်ပြန်အရေးယူနိုင်ခြင်း မရှိဘဲ ပြည်ပရှိ နိုင်ငံရေး အဖွဲ့အစည်းများကိုသာ စွပ်စွဲပြောဆိုလေ့ ရှိပြီး ပြည်ပအဖွဲ့အစည်းများကလည်း ၎င်းတို့၏ လုပ်ရပ်မဟုတ်ကြောင်း ပြန်လည်ငြင်းချက်ထုတ်ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts