spot_img
Sunday, October 12, 2025
More
    spot_img
    Homeသတင်းရွာအနီး မြန်မာစစ်အစိုးရတို့ ရောက်လာ၍ ရွာသားများစိုးရိမ်နေကြ

    ရွာအနီး မြန်မာစစ်အစိုးရတို့ ရောက်လာ၍ ရွာသားများစိုးရိမ်နေကြ

    -

    ဂျူရီချိုင်း၊ မင်းဇနူ – ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဗမာစစ်တပ်တို့ တစ်ခါမှမလာဘဲ ယခုမှလာရောက်နေသည့်အတွက် ရွာသူရွာသားများကြောက်ရွံ့နေကြကြောင်း သိရသည်။

    ထီပေါ့ကလိုကျေးရွာနှင့် ဝါကလိုင်ရွာတွင် ညပိုင်းအချိန်၌် မီးစက်နှင့် TV များဖွင့်ခွင့်မပြုရန် ရွာဥက္ကဌက ပိတ်ပင်ထားပြီး ရွာသူရွာသားများမဖွင့်ရဲကြဘဲ၊ နေ့ပိုင်းအချိန်တွင်သာဖွင့်ဖြစ်နေကြသည် ဟု ထီပေါ့ကလိုရွာသူတစ်ဦးက ပြောသည်။

    ညညဆိုလည်း သွားလာတဲ့လူလည်းသိမ်မရှိကြဘူး နောက်တော့ မြန်မာစစ်အစိုးရတို့လည်း ရွာအပြင်မှာခိုအောင့်နေကြတာလေး အဲဒါကြောင့် ကျွန်မတို့ရွာတစ်ရွာလုံးကို စစ်ဖြစ်တာကိုကြောက်နေကြတာဟု ထီပေါ့ကလိုရွာသူတစ်ဦးက ပြောသည်။

    ဒီထီပေါ့ကလိုရွာသည် မွန်ပြည်သစ်ပါတီပိုင်ထားသည့်နယ်မြေဖြစ်ပြီး ထိုရွာ၏အနီးအနား တစ်ဝိုက်တွင် မြန်မာစစ်အစိုးရတို့ရောက်လာကြပြီး ရွာအတွင်းမဝင်ဘဲ၊ ရွာအပြင်တွင် ခိုအောင့်နေကြသည့်အတွက် ရွာသူရွာသားများ စစ်ဖြစ်မည်စိုးရိမ်ကြောက်ရွံ ့နေကြ သည်ဟုပြောသည်။

    ရွာအတွင်း ညပိုင်းအချိန်တွင် ၈/၉နာရီနောက်ပိုင်းတွင် သွားလာခွင့်မပြုရဲကြဘဲ တစ်ရွာလုံးကြောက်ရွံ ့နေကြသည်ဟု ထီပေါ့ကလိုရွာသူတစ်ဦးက ပြောသည်။

    မြန်မာစစ်အစိုးရက ဧပြီလ (၂၂) ရက်နေ့နောက်ဆုံးထား၍ မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းပေးရန် တောင်းဆိုထားသည်ကို မွန်ပြည်သစ်ကလက်မခံနိုင်ကြောင်း စစ်အစိုးရကိုအကြောင်းပြန်ထားပြီးနောက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဘက်မှာရှိသည့် ကျေးရွာများကို စစ်အစိုးရတို့က ထိုးစစ်ဆင်းလာမည်ကို ကျေးရွာသားများကြောက်ရွံ့နေကြသည်ဟု ဒေသခံများက ပြောသည်။

    အလားတူပဲ လွန်ခဲ့သော ဧပြီလ (၂၂) ရက်နေမှစ၍ မွန်ပြည်သစ်ပါတီ သထုံခရိုင်ဘက်ရှိ ရွာသူရွာသားများသည် မွန်စစ်တပ်နှင့် ဗမာစစ်တပ်တို့ ပစ်ခတ်မည်ဆို၍ ထိတ်လန့်ကြောက်နေကြသည်ဟုသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,400SubscribersSubscribe
    spot_img

    Latest posts