spot_img
Thursday, November 27, 2025
More
    spot_img
    Homeသတင်းမွန်ဒေသခံများကို ပြန်ပေးဆွဲငွေတာင်းခံ

    မွန်ဒေသခံများကို ပြန်ပေးဆွဲငွေတာင်းခံ

    -

    မင်းအာသံ မွန်ခွဲထွက်ရေးအဖွဲ့တစ်ဖွဲ့က ယမန်နေ့ညမှာ ရေဖြူမြို့နယ်အတွင်း မွန်ကျေးရွာသားများကို ပြန်ပေးဆွဲငွေတောင်းခံခဲ့သည်။

    မွန်ခွဲထွက်နိုင်ချမ်းဒိန်းအဖွဲ့က ကျောက်တလင်းနှင့် ရာဖူးကျေးရွာမှ လူ ၂၂ ဦးကို ပြန်ပေးဆွဲပြီး၊ ကျပ်သိန်း (၄၀၀) ကျော် တောင်းခံခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    ကျောက်တလင်းကျေးရွာဒေသခံတစ်ဦး၏ ပြောပြချက်အရ ပြန်ပေးဆွဲခံထားရသော ကျေးရွာဒေသခံများမှာ ရာဖူးရွာမှ (၁၅) ဦး၊ ကျောက်တလင်းမှ ယောကျာ်း () ဦး၊ မိန်းကလေး () ဦး ဖြစ်သည်။

    ကျနော်တို့က ဒီလိုမျိုး နိုင်ချမ်းဒိန်းတို့အဖွဲ့ကနေ တစ်အိမ်လျှင် ဘယ်လောက်ပေးရမယ် ဆိုတာမျိုး သတ်မှတ်ပြီး လာတောင်းတာရှိတယ်၊ ဒါပေမယ့် အခုတော့ ဒေသခံတွေ ပြန်ပေးဆွဲပြီး၊ တစ်ဦးကို သိန်း ၂၀ တောင်းတယ်၊ မပေးနိုင်တဲ့ ရွာသားအတွက်တော့ စိတ်ညစ်နေတယ်” ဟု ၄င်းက ပြောသည်။

    မွန်ခွဲထွက်ရေးအဖွဲ့မှ လက်ရှိတောင်းခံထားသော ငွေပမာဏကို ရွာခံများ မပေးနိုင် သောကြောင့် ညှာတာသည့်အနေနှင့် လျှော့ပေါ့ပေးပါရန် ဒေသခံများက တောင်းဆိုထားသည်။

    အလာတူပင် နိုင်ချမ်းဒိန်းဦးဆောင်သည့် မွန်ခွဲထွက်ရေးအဖွဲ့က တခြားကျေးရွာတွေမှာလည်း ဆပ်ကြေးငွေတောင်းခံခဲ့ကြောင်း သိရသည်။

    ရေဖြူမြို့နယ်ရှိ ဆင်ကူးဒေသခံတစ်ဦးကလည်း “နိုင်ချမ်းဒိန်းတို့အဖွဲ့က ကျမတို့ရွာကို မကြာခဏ ဆပ်ကြေးလာတောင်းတာမျိုးရှိတယ်၊ ဒါပေမယ့် အရင်ကတော့ ဒီလောက်မတောင်းဘူး၊ အခု တောင့်တင်းတဲ့အိမ်ဆို တစ်သိန်း ပေးရမယ်၊ လယ်ယာလုပ်တဲ့အိမ်တို့ဆို နှစ်သောင်း ပေးရမယ်” ဟု ၄င်းက ပြောသည်။

    ဆင်ကူးကျေးရွာသည် အိမ်ခြေပေါင်း (၄၀၀) ဝန်းကျင်ရှိပြီး၊ ဒေသခံအများစုက လယ်ယာလုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ တချို့ကသာ နိုင်ငံခြားထွက်ပြီး ဝင်ငွေရှာကြသည်။

    ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှာလည်း ရေမြို့နယ်ဒေသခံ အယောက် ၄၀ ကျော်ကို နိုင်ချမ်းဒိန်းဦးဆောင်အဖွဲ့တို့မှ ခေါ်ယူထိန်သိန်းထားပြီး တယောက်လျှင် ကျပ် ၅ သိန်းတောင်းခံခဲ့သည်။

    ထိုကဲ့သို့ နိုင်ချမ်းဒိန်းမှ တောင်းခံသည့်ငွေများကို ဒေသခံမှ စစ်အစိုးရတပ်မသိစေရန် တိတ်တဆိတ်ပေးဆောင်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

    နိုင်ချမ်းဒိန်းဦးဆောင်အဖွဲ့သည် တနသာင်္ရီတိုင်း၊ ရေဖြူမြို့နယ်အနီးရှိ ရေမြို့နယ်မြောက်ပိုင်းဘက်မှာ လှုပ်ရှားနေပြီး၊ မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်အဖွဲ့၏ ထုတ်ပြန်ချက်အရ အဖွဲ့ဝင် အယောက် ၂၀ နှင့် ၃၀ အကြားမှာရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,100SubscribersSubscribe
    spot_img

    Latest posts