spot_img
Tuesday, March 18, 2025
More
    spot_img
    Homeသတင်းဘုရားသုံဆူမြို့တွင် သောက်သုံးရေရှားပါး ပြတ်လတ်မှုဖြစ်ပေါ်နေ

    ဘုရားသုံဆူမြို့တွင် သောက်သုံးရေရှားပါး ပြတ်လတ်မှုဖြစ်ပေါ်နေ

    -

    မင်းတော်လဝီ– ရာသီဥတုပူပြင်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်တွင် သောက်သုံးရေရှားပါး ပြတ်လတ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ရေးကိုလည်း စျေးကြီးစွာ ဝယ်ယူသုံးစွဲနေရကြောင်း ဒေသခံတို့က ပြောသည်။

    “ဘုရားသုံးဆူမှာ ရပ်ကွက်ပေါင်း (၄) ရပ်ကွက်ရှိတယ် ရပ်ကွက်အတော်များများက ရေတွင်းရေကန်တွေ ရေခမ်းခြောက်ကုန်တော့ အမှတ် (၃) ရပ်ကွက်မှာရှိတဲ့ ဓမ္မဟေဝန်ကျောင်းက ရေတွင်း (၁) တွင်းနဲ့ အမှတ် (၄) ရပ်ကွက်က ရေတွင်း (၁) တွင်းက ရေကိုပဲ သောက်ရေအဖြစ် အသုံးပြုနေကြတယ်” ဟု အမှတ် (၃) ရပ်ကွက်သားတစ်ဦးက ပြောသည်။

    ခါတိုင်းနှစ်ထက် ယခုနှစ်သင်္ကြန်လွန်ပြီးကာလမှာ သောက်ရေသာမက သုံးရေပါ ရှားပါးလာခြင်းကြောင့် သောက်ရေတစည်ကို ထိုင်းဘတ် (၇၀) ပေးနေရပြီး၊ သုံးရေတစ်စည်ကို ထိုင်းဘတ် (၄၀) ပေးနေရကြောင်း ထိုရပ်ကွက်သားက ပြောသည်။

    အမှတ် (၄) ရပ်ကွက်ရှိ ရေတွင်းရေခမ်းသွားပြီးနောက် ဓမ္မဟေဝန်ကျောင်းက ရေကန်ကိုလည်း သောက်ရေအတွက်သာ ခပ်ခွင့်ပြုသည်။ ဆရာတော်မှ အိုး၊ ပုံးတွေနှင့်တနိုင်လာခပ်သူကိုသာ ခပ်ခွင့်ပေးပြီး စည်ဖြင့် ခပ်ပြီးရောင်းစားသူများကို ခွင့်မပြုတော့ဘူးဟု ကျောင်းဒါယကာတစ်ဦးက ပြောသည်။

    ထိုမျှမက ရာဘာအစေးထုတ်လုပ်သည့်လုပ်ငန်းများ၊ မုန့်ထုတ်လုပ်သည့်လုပ်ငန်းနှင့် ရေခဲစက်လုပ်ငန်းရှင်များအတွက် ရေကိုဝယ်သုံးနေရသည့်အတွက်ကြောင့် လုပ်ငန်းထိခိုက်မှုများရှိနေကြောင်းကို မုန့်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    ဘုရားသုံးဆူမြို့ပေါ်တွင် စည်ပင်သာယာရေးအဖွဲ့မှ ရေပေးဝေစနစ်မရှိသဖြင့် အိမ်ထောင်စုပိုင်ရေတွင်း၊ အဝီစိတွင်းရေကို အဓိကထားသုံးစွဲနေကြပြီး၊ ငွေကြေးတက်နိုင်သူများကသာ စက်ရုံမှထုတ်သည့် ရေသန့်ဗူးကို ဝယ်ယူသုံးစွဲနိုင်သည်။ ယခုလို မသန့်ရှင်းသည့်ရေကိုသာ သုံးစွဲနေရသည့်အတွက် ရောဂါဖြစ်ပွားမည်ကို စိုးရိမ်နေကြတယ်လို့ ဘုရားသုံးဆူမြို့ခံ တစ်ဦးက ပြောသည်။

    ယခုလို နွေးရာသီအတွင်း ရေးခမ်းခြောက်မှုပြဿနာဖြစ်ပွားနေခြင်းသည် ဘုရားသုံးဆူမြို့ပေါ်မှာသာမက မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့တွေမှာလည်း နှစ်တိုင်း ရင်ဆိုင်ကြုံတွေ့နေရပြီး၊ ရေကို ဝယ်ယူသုံးစွဲနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,500SubscribersSubscribe
    spot_img

    Latest posts