spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်မှ စစ်ရေးအသင့်ပြင်ထားသည့်အနေအထားမှာရှိနေ

    မွန်ပြည်သစ်မှ စစ်ရေးအသင့်ပြင်ထားသည့်အနေအထားမှာရှိနေ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မြန်မာစစ်အစိုးမှ မွန်ပြည်သစ်ပါတီကို ပြည်သူ့စစ်အသွင်းပြောင်းရန် ကမ်းလှမ်းထားချက်ကို ပါတီမှ လက်မခံကြောင်း အကြောင်းပြန်ထားပြီးနောက် လက်ရှိတင်းမာနေသည့်အနေအထားမှာ မွန်ပြည်သစ်ပါတီလက်အောက်ရှိ တပ်ရင်းများ စစ်ရေးအသင့်ပြင်ထားသည့်အနေအထားမှာရှိနေသည်။

    “ပါတီအနေနဲ့ကတော့ သူတို့ရဲ့ ပါတီဝင်တွေကို ခေါ်ယူစုဆောင်းနေပြီးတော့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ အရေးပေါ်လုပ်ဆောင်နေတယ်” ဟု မွန်ပြည်သစ်ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ယခုလို ပါတီဝင်များကို ဌာနေသို့ ပြန်လည်ခေါ်ဆောင်နေသည်ကို ယခင်က ကြားထားသော်လည်း ယခုလို မြန်မြန်ဆန်ဆန်နှင့် ဖြစ်လိမ့်မည်ဟု မထင်ထားကြောင်း ပြည်တွင်းရှိ ပါတီဝင်များက ပြောသည်။

    လွန်ခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ မွန်ပြည်သစ်ပါတီ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းရှိ မွန်ပြည်သစ်ပါတီရုံးများ၊ ပါတီနှင့်သက်ဆိုင်သည့်ရုံးများကို နီးစပ်ရာမွန်ပြည်သစ်ပါတီထိန်းချုပ်ရာနေရာသို့ ပြောင်းရွေ့ထားခိုင်းသည်ဟု ပြောရေးဆိုခွင့်ရှိသူ နိုင်ချေးမွန်က ပြောသည်။

    ပါတီခေါင်းဆောင်နှင့် နီးစပ်သူတစ်ဦးကလည်း “ပြည်တွင်းမှာရှိတဲ့ တာဝန်ရှိသူတွေကအစ သူ့ဌာနနဲ့သူ ပါတီဝင်တွေရော သူတို့ဌာနကို ၂၈ ရက်နေ့ နောက်ဆုံး အမြန်ပြန်ကြဖို့ အထက်ကတာဝန်ရှိသူတွေ ညွှန်ကြားထားတယ်” ဟု သူက ပြောသည်။

    မွန်ပြည်သစ်ပါတီဝင်ဟောင်းများ၊ ပါတီအကျိုးဆောင်များ ၄င်းတို့နှင့်သက်ဆိုင်ရာတပ်ရင်းများမှာ အမြင့်ဆုံးတပ်လှန့်ထားရန် တာဝန်ရှိသူများက အမိန့်ပေးထားသည်ဟု အဆိုပါခေါင်းဆောင်နှင့် နီးစပ်သူက ပြောသည်။

    ယခုလက်ရှိ မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရကြား အခြေအနေတင်းမာနေသော်လည်း တစုံတရာဖြစ်ပွားခြင်းမရှိသေးကြောင်း၊ ထိုသတင်းကြောင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း နေထိုင်နေကြသည့် ဒေသခံများ စစ်ထပ်မံဖြစ်ပွားမည်ကို ထိန့်လန့်ကြောက်ရွံ့ကာ ထိုင်း-မြန်မာနယ်စပ်ရှိ ခလောက်ခနီဒုက္ခသည်စခန်းသို့ ရာနှင့်ချီ ထွက်ပြေးရောက်ရှိလာကြသည်။

    ၂၀၁၀ ဧပြီလ ၇ ရက်နေ့တွင် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် မွန်ပြည်သစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်များနှင့် ဗဟိုကော်မတီဝင်များတို့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ တွေ့ဆုံခဲ့ကြပြီး၊ မွန်ပြည်သစ်ပါတီမှ ၄င်းတို့ကမ်းလှမ်းချက်ကို လက်မခံပါက ၁၉၉၅ ခုနှစ်နောက်ပိုင်း အခြေအနေသို့ ပြန်လည် ရောက်ရှိသွားမည်ဟု ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က မွန်ပြည်သစ်ပါတီအား ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks