မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး (page 10)

ဆောင်းပါး

အဆိပ်ခွက်အတွင်းမှ ပြည်သူများ

သူရိန် – ၂၀၁၀ – ၂၀၁၁ ခုနှစ်အတွင်း ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသ၏ စီးပွားရေး ဆုတ်ယုတ်မှုများမှာ ယခင် နှစ်များကနှင့် နှိုင်းယှဉ်ကြည့်လျှင် အဆမတန် လျှေ့ာနည်းသွားကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြော သည်။ စီးပွားရေးနှင့် လုပ်ငန်းကိုင်ငန်း အခြေအနေများ မည်မျှပင် ဆုတ်ယုတ်သွားသော်လည်း မြို့တွင်းရှိ ပျော်ပွဲရှင်ပွဲများနှင့် လောင်းကစားဝိုင်းများမှာ အဆက်အပြတ် စည်ကားလျက်ပင် ရှိသည်။

Read More »

ဓမ္မစေတီမင်းအကြောင်း တစေ့တစောင်း (၁)

ရာမညရာဝိက – (၆၄) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ကလျာဏီသိမ်ကို သတ်မှတ်လိုက်သည် ဆိုစဉ်က ဓမ္မစေတီမင်းနှင့် ပတ်သက်၍ သုတေသန လုပ်နေသူ စာရေးသူက အထူးတလည် စိတ်ဝင်စားမိသည်။

Read More »

စောင့်မျှော်ကာ နေပါ့မယ်

မင်းတော်လ၀ီ – ဥပုသ်နေ့မို့ ကျိုက္မရောမြို့နယ် နိတုံရွာသားများ ဥပုသ်သီလဆောက်တည်ရန်နှင့် ရွေး ကောက်ပွဲအနိုင်ရရှိထားသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအမတ်များ မိမိတို့ ၀င်ရောက်အရွေးခံသည့်မဲဆန္ဒနယ်များမှ ပြည်သူများကို လာရောက်တွေ့မည့်ရက်လည်း ဖြစ်၍ ရွာလယ်ရှိ ဘုန်တော်ကြီးကျောင်းမှာ ပရိသတ်များနှင့် ပြည့်နေသည်။

Read More »

ရာသီဥတုဟူသည် သဘာ၀လူသာလျှင် အဓိက

မင်းတော်လ၀ီ – မွန်ပြည်နယ်နှင့် အခြားဒေသများတွင် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ သုံးရက် ဆက်တိုက်အခါမဲ့မိုး ရွာသွန်းမှုကြောင့် ရိတ်ပြီး၊ ရိတ်ဆဲ၊ မရိတ်ရသေးသည့်စပါးနှင့် ကောက်ပဲသီးနှံများ ပျက်စီးခဲ့ရသည်။ ဆုံးရှုံးမှုတန်ဖိုးများသည့်အတွက် လယ်သမားများ စိတ်ဆင်းရဲကာ ဒုက္ခပင်လယ် ေ၀းနေကြရသည်။

Read More »

ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ဒေသခံတွေရဲ့ အကျိုးခံစားရမှု

ရိုင်မရော့ – နှစ်နိုင်ငံအစိုးရတွေ ဖြစ်ကြတဲ့ မြန်မာစစ်အစိုးရနဲ့ ထိုင်းအစိုးရတို့ဟာ မြန်မာနိုင်ငံမှာ အကြီးစား ရေနက်ဆိပ်ကမ်း စီမံကိန်းတစ်ခု တည်ဆောက် အကောင်အထည်ဖေါ်သွားကြဖို့ သဘောတူညီမှုတွေ ပေးထားကြပါတယ်။

Read More »

မက်မပြေနိုင်တဲ့ မွန်ရိုးရာအကနဲ့ တေးဂီတအကြောင်း တစေ့တစောင်း

မင်းတော်လဝီ – ဒီလိုဒီဇင်ဘာလဆန်းပိုင်းမျိုးမှာ တကယ်တော့ စံခလပူရီရဲ့ ရာသီဥတုဟာ အေးလေ့ရှိတယ်၊ ဒါပေမယ့် ယနေ့ညနေမှာ နွေးနေပါတယ်၊ နွေးထွေးနေတဲ့ ရာသီဥတုနှင့်အတူ  ချိုအေးသံသာမွန်တေးသံတွေ၊ မွန်ဂီတသံတွေလည်း ဝန်းကျင်တခွင်လုံးကို ပျံ့လွှင့်နေတော့ မြို့သူ မြို့သားတွေ အံ့သြလို့ နေကြတယ်၊ ဘာလုပ်ကြပါလိမ့်၊ ဘာပွဲပါလိမ့်။

Read More »

အလှည့်ကျလျှင် မနွဲ့ကျစတမ်း

သူရိန် – လပေါင်း (၉၀) အကြာ နေအိမ်အကျယ်ချုပ်နှင့် အကျဉ်းကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွှတ်မြောက်လာသည့် နိုဝင်ဘာ (၁၃) ရက်နေ့ နောက်ပိုင်းမှစပြီး မြန်မာ့နိုင်ငံရေးအခြေအနေများသည် တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ဘွယ် ရာရှိသည်ဟု မြန်မာ့နိုင်ငံရေး အခြေအနေများကို လေ့လာသုံးသပ်နေသူများက ဆိုပါသည်။

Read More »

စစ်ပွဲ၏ ဆိုးကျိုးများကို ရင်စည်း၍ ခံကြရမည့်သူများ

သူရိန် – နိုဝင်ဘာ ၈ ရက်နေ့ ဘုရားသုံးဆူမြို့တွင် DKBA ဗိုလ်အေဝမ်းအဖွဲ့နှင့် နအဖတပ်တို့ ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်းတွင် ဘုရားသုံးဆူဒေသ၏ စီးပွားရေး လူမှုရေးနှင့် လုံခြုံရေးများကို နှစ်ဖက်စစ်ပွဲ၏ အနိဋ္ဌာရုံများက ခြိမ်းခြောက်လာခဲ့သည်မှာ ယနေ့ထိတိုင်ပင် ဖြစ်သည်။

Read More »

ဒုတိယပင်လုံ (သို့) တန်းတူရေး

ဗညားရံ – ဒုတိယပင်လုံညီလာခံ တစ်ခု ခေါ်ယူကျင်းပမှာ ဖြစ်ကြောင်း ကျေညာခဲ့တဲ့ အောက်တိုဘာလ (၂၄) ရက်ကနေ့က စပြီး ပြည်တွင်းပြည်ပမှာ နိုင်ငံရေးဂယက်တစ်ခု ဖြစ်ပေါ်ခဲ့တယ်။ ဒီဂယက်က စစ်အစိုးရတဖက်သတ် ရေးဆွဲသွားတဲ့ ၂၀၀၈-အခြေခံဥပဒေနဲ့ မတရားလုပ်သွားတဲ့ ၂၀၁၀-ရွေးကောက်ပွဲတို့မှ တွန်းကန်အားကြောင့် ဖြစ်ပေါ်ခဲ့ရတာပါ။

Read More »

‘ ဇရာ’ ဆိုသည့် ဝေါဟာရ မနှစ်သက်သူ (သို့) မွန်နိုင်ငံရေး ခေါင်းဆောင် နိုင်ထွန်းသိန်း

အာကာ –  လွန်ခဲ့သည့် ၁၀ နှစ်။ ၂၀၀၀ ပြည့်နှစ် ဇွန်လ မိုးဦးကျချိန် ဖြစ်သည်။ အသက် ၈၄ နှစ် ရှိပြီ ဖြစ်သည့် အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး အဘိုးအို တစ်ဦး။ စနေနေ့တိုင်း ရန်ကုန် သုဝဏ္ဏမြို့သစ်မှ အဖေါ်မပါပဲ ခရီးသည်များဖြင့် ပြည့်ကျပ်နေသည့် ရန်ကုန်လိုင်းကားကို စီးကာ ရွှေတိဂုံစေတီတော်၏ တောင်ဘက်မုခ် မွန်ဓမ္မာရုံသို့ လာရောက်အနားယူမြဲ။

Read More »