Homeသတင်းလွိုင်ကော်မြို့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ပထမဦးဆုံး ဆက်ဆံရေးရုံးဖွင့်

လွိုင်ကော်မြို့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ပထမဦးဆုံး ဆက်ဆံရေးရုံးဖွင့်

-

ဂျူရီချိုင်း – ကရင်နီအမျိုးသားတိုး တက်ရေး ပါတီ(KNPP)က ပထမဦးဆုံး ဆက်ဆံရေးရုံးကို ကယားပြည်နယ် လွိုင်ကော်မြို့တွင် ယနေ့နံနက်တွင် ဖွင့်လှစ်လိုက်သည်။

Photo: KNPP Peace Delegates

ယခု ဖွင့်လှစ်လိုက်သည့် ဆက်ဆံရေးရုံးကို ဗဟိုဆက်ဆံရေးရုံး အဖြစ် ထားရှိသွားမည်ဖြစ်ပြီး လွိုင်ကော်ရှိ နယ်မြို့များတွင်လည်း ရုံးခွဲများကို ထပ်မံဖွင့်လှစ်သွားမည်ဟု KNPP အတွင်း ရေးမှူး(၁) ခူးဦးရယ်က ပြောသည်။

၎င်းက “(ဒါက) ပင်မဆက်ဆံရေးရုံးပေါ့နော်၊ (ဒီလို) ရုံးကြီးကို ကျနော် တို့ သုံးနေရာဖွင့်ဖို့ ရည်ရွယ် ထားတယ်။ ဒီလကုန်ရင် ကျန်တဲ့နေရာတွေ ဆက်ဖွင့်ဦးမယ်” ဟု ပြောသည်။

ယနေ့မနက် ဆက်ဆံရေးရုံးဖွင့်ပွဲအခမ်းအနားသို့ မြန်မာအစိုးရဘက်မှ ပြည်နယ်အစိုးရ ဝန်ကြီး ဦးစိုးမြ ခေါင်းဆောင်သော ဝန်ကြီးအဖွဲ့ဝင်များ၊ KNPP မှ ဗဟိုကော်မတီအဖွဲ့ဝင် (၈)ဦးနှင့် လွိုင်ကော်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ တက် ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့တွင် အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ ဒုဥက္ကဌ ဦးအောင်မင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ် နှင့် KNPPမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူး၊ အတွင်း ရေးမှူး(၁) ခူးဦးရယ် အပါအဝင် ကိုယ်စား လှယ်၉ ဦးတို့က ကယားပြည်နယ် လွိုင်ကော်မြို့တွင် တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် အပစ်အခတ်ရပ်စဲရန်၊ ဆက်ဆံရေးရုံးများဖွင့်လှစ်ထားရှိရန်နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားရန် နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

KNPP က တောင်းဆိုသည့် ပြည်တွင်းစစ်ဆင်ရေးများ အားလုံးရပ်ဆိုင်းရန်၊ ကရင်နီပြည်နယ် အတွင်း အစိုးရတပ်စခန်းများ ထပ်မံမတိုးချဲ့ရန်၊ စစ်ရေးလေ့ကျင့်မှုများနှင့် စစ်ရေးလေ့ကျင့်ရေး ကျောင်းများ တည်ဆောက်မှုကို ရပ်တန့်ရန်နှင့် တခြားတိုင်းရင်းသား ဒေသများတွင် စစ်တိုက်ခိုက် မှုများကို ရပ်ဆိုင်းရန်အပါအဝင် အချက်(၂၀)ကိုမူ အစိုးရဘက်က မူအားဖြင့်သာ သဘောတူခဲ့ပြီး အချို့ချက်များကို နိုင်ငံတော် သမ္မတထံ ဆက်လက်တင်ပြသွားမည်ဟု ဦးအောင်မင်းက ပြောသည်။

ကရင်နီအမျိုးသားတိုး တက်ရေး ပါတီ(KNPP)နှင့် မြန်မာအစိုးရတို့သည်  (၁၉၉၅) ခုနှစ်၊ မတ် လတွင် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြသော်လည်း သုံးလအကြာ ၁၉၉၅ ခုနှစ် ဇွန်လ တွင် အပစ်အခတ်ရပ်စဲရေး ပြန်လည်ပျက်ပြားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts