Homeသတင်းဘန်းဒုံယမ်း ဒုက္ခသည်စခန်းရှိ စာသင်ကျောင်းတွင် ငွေကြေးအကူအညီ လိုအပ်

ဘန်းဒုံယမ်း ဒုက္ခသည်စခန်းရှိ စာသင်ကျောင်းတွင် ငွေကြေးအကူအညီ လိုအပ်

-

နဒီမွန် – ထိုင်း-မြန်မာနယ်စပ် ဘန်းဒုံယမ်း ဒုက္ခသည်စခန်းတွင်းရှိ POC စာသင်ကျောင်းတွင် ငွေကြေးအကူ အညီလိုအပ်နေသည်ဟု ကျောင်းတာဝန်ရှိသူများကပြောသည်။

စာသင်ကျောင်းများအတွင်း အိမ်သာနှင့် ကျောင်းအဆောက်အဦးကို ပြင်ဆင်ဆောက်လုပ်ထားသော ကြောင့် ငွေကြေးအခက်အခဲများဖြစ်နေသည်ဟု ကျောင်းအုပ်ဆရာမ မနန္ဒာကပြောသည်။

၎င်းက “အိမ်သာမရှိဘူး၊ မရှိတော့ ကျမတို့ဘယ်လိုလုပ်ရမှန်းမသိတော့ (NGO) တခုကိုမှီပြီး ငွေကိုအတိုးနဲ့ဆွဲပြီ ဆောက်လိုက်တယ်။ NGO က ဖြတ်လိုက်တော့ အခုအကြွေး ၃၅,ဝ၀ဝ (မြန်မာကျပ်ငွေ ၁၀ သိန်းခန့်) ရှိတယ်”ဟု ပြောသည်။

မူလတန်းမှ အလယ်တန်းအထိ သင်ကြားသည့်ယင်းကျောင်းတွင် ကျောင်းသားကျောင်းသူ ဦးရေ (၉၀)ကျော်ကို ဆရာမ (၇)ဦးက သင်ကြားပေးနေသည်။ အဆိုပါ ဆရာမများသည် လစာမရကြပဲ သင်ကြားပေးသည်ခြင်းဖြစ်ကြောင်း ဟု ဒုက္ခသည်းစခန်း၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုထွန်းလွင် ကပြောသည်။

၎င်းက “အဓိကကတော့ ကျောင်းဆရာမ လစာပါပဲ။ လစာမဲ့ သင်ကြားလာတာ မနှစ်ကတည်းကပါ။ ဖြစ်နိုင်ရင် အကူညီရစေချင်ပါတယ်”ဟု ကိုထွန်းလွင်က ပြောသည်။

ယခုလက်ရှိတွင် ယင်းငွေကြေးအခက်ခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက် အင်္ကျီတွင်တံဆိပ်ရိုက်နှိပ် ရောင်းချပြီး ရန်ပုံငွေရှာရန် စီစဉ်နေသည်ဟု ဦးထွန်းလွင်က ပြောသည်။

ဘန်းဒုံယမ်း ဒုက္ခသည် စခန်းတွင် ၁၉၈၄ ခုနှစ် တွင် အစိုးရ၏ ဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် လာကြသော စစ်ပြေး ဒုက္ခသည် (၃,၅၀ဝ) ကျော်နေထိုင် လျှက်ရှိသည်။

ယင်းဒုက္ခသည်အရေအတွက် များထဲတွင် ကလေးဦးရေ (၁,၂၀ဝ)ကျော်ရှိပြီး စခန်းထဲတွင် စာသင် ကျောင်း (၂)ကျောင်းရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts