Homeသတင်းယခုနှစ်တက္ကသိုလ်ဝင်တန်း မုဒုံမြို့နယ်အောင်ချက်အမြင့်ဆုံး

ယခုနှစ်တက္ကသိုလ်ဝင်တန်း မုဒုံမြို့နယ်အောင်ချက်အမြင့်ဆုံး

-

ခတ္တာနန်း – ၂၀၁၁-၁၂ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအရ မြန်မာတစ်နိုင်ငံလုံးတွင် မွန်ပြည်နယ်အောင်ချက်ရာခိုင်နှုန်း အများဆုံးဖြစ်ပြီး ၄င်းအနက်မုဒုံမြို့နယ်မှာ အောင်ချက်အမြင့်ဆုံးဖြစ်သည်ဟု သိရသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိအထက်တန်းကျောင်းတစ်ကျောင်း(Picture- Internet)
မုဒုံမြို့နယ်တစ်ခုလုံးတွင် စာဖြေသူ ၁၃၂၉ ဦးရှိသည့်အနက် ၉၆၄ ဦးအောင်မြင်သဖြင့် ၇၁ ဒဿမ ၁ ရာခိုင်နှုန်းဖြစ်ကြောင်း မုဒုံမြို့နယ်ပညာရေးမှူးရုံးမှ ဒေါ်တိုးတိုးလွင်က ပြောသည်။

“ဂုဏ်ထူးကျတော့ ၆ ဘာသာ ၁ယောက်၊ ၅ ဘာသာ ၄ ယောက်၊ ၄ ဘာသာ ၄၄ယောက် ၊ ၃ ဘာသာ ၄၁ယောက်၊ ၂ ဘာသာ ၅၁ယောက်နဲ့ ၁ ဘာသာဂုဏ်ထူးက ၂၀၇ ယောက်ဖြစ်တယ်” ဟု သူကပြောသည်။

မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစားမေးပွဲ အောင်ချက်အကောင်းဆုံးမြို့နယ်အဖြစ် မုဒုံမြို့နယ်မှ ၅ နှစ်ဆက်တိုက်ရရှိခဲ့ကြောင်း သိရသည်။

“ကျမတို့ သံဖြူဇရပ်က မုဒုံကို အခုထိမကျော်နိုင်သေဘူး၊ မုဒုံက ပထမ၊ သံဖြူဇရပ်က ဒုတိယနဲ့၊ မော်လမြိုင်က တတိယနေရာပေါ့” ဟု သံဖြူဇရပ်မြို့နယ်၊ ပညာရေးမှူးရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

၂၀၁၁ – ၂၀၁၂ ပညာသင်နှစ်အတွက် မွန်ပြည်နယ် ၁၀ မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသားဦးရေ ၁၃၇၉၆ ဦးရှိသည့်အနက် ၇၂၀၂ ဦးအောင်မြင်ခဲ့သည်။

မွန်ပြည်နယ်မှအောင်မြင်သူများအနက် ခြောက်ဘာသာ ဂုဏ်ထူး ရရှိသူ ၁၃ ဦး၊ ငါးဘာသာ ဂုဏ်ထူးရရှိသူ ၂၆ ဦး၊ လေးဘာသာ ဂုဏ်ထူးရရှိ သူ ၁၇၉ ဦး၊ သုံးဘာသာ ဂုဏ်ထူး ရရှိသူ ၂၆၈ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရရှိသူ ၁၃၈၁ ဦး ရှိကြောင်းနှင့် ခြောက်ဘာသာ ဂုဏ်ထူး ရရှိသူများ မှာ မော်လမြိုင်မြို့မှ ၁ဝ ဦး၊ မုဒုံမြို့မှ ၁ ဦး၊ သံဖြူဇရပ်မြို့မှ ၁ ဦးနှင့် ချောင်းဆုံမြို့မှ ၁ ဦး အသီးသီးတို့ ရရှိခဲ့သည်။

၂၀၁၁-၁၂ ခုနှစ်ပညာသင်နှစ်တွင် မြန်မာနိုင်ငံတဝှမ်း တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကျောင်းသားဦးရေစုစုပေါင်း လေးသိန်းခြောက်သောင်းခန့်ရှိသည့်အနက် ကျောင်းသားတစ်သိန်းခြောက်သောင်းကျော်အောင်မြင်သဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၃၅ ဒသမ ၁၂ ရာခိုင်နှုန်းရှိသည်။

တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းအမြင့်ဆုံး ၅ နှစ်ဆက်တိုက် ပထမရရှိခဲ့ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts